သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တောမီးအတွက် အင်ဒိုနီးရှားအသင့်


အင်ဒိုနီးရှားတောမီး
အင်ဒိုနီးရှားတောမီး

အင်ဒိုနီးရှားနိုင်ငံမှာ မီးလောင်နိုင်လောက်အောင် ပူပြင်းတဲ့နေရာပေါင်း ၁ ရာကျော်လောက် ရှိတယ်လို့ ခန့်မှန်းထားတဲ့အတွက် နောက်ထပ် တောမီးလောင်ကျွမ်းမယ့် အခြေအနေ အတွက် ပြင်ဆင်နေကြပါတယ်။ ပူပြင်းတဲ့နေရာတွေဟာ ဒီနှစ်အတွင်း စံချိန်တင်အောင်များလာတာဖြစ်ပါတယ်။ Riau၊ Jambi၊ တောင် Sumatra, အနောက် Kalimantan နဲ့ တောင် Kalimantan ပြည်နယ်တွေမှာ အရေးပေါ် အခြေအနေကြေညာထားပါတယ်။

တောမီးလောင်မှုပေါင်း ၁၈၀ ကျော်ကြောင့် ထွက်လာတဲ့မီးခိုးငွေ့တွေကို အနောက် Kalimantan၊ Sumatra စတဲ့ မြို့ကြီး ၄ ခုမှာ ရှူရှိုက်နေကြရပါတယ်။ အင်ဒိုနီးရှားနိုင်ငံမှာ နှစ်စဉ်လို တောမီးလောင်တဲ့ပြဿနာရှိနေတာပါ။ တောမီးလောင်ကျွမ်းမှုအများဆုံးလို့ မှတ်ထားတင်ထားတဲ့ ၂၀၁၅ ခုနှစ်တုန်းကဆိုရင် အိမ်နီးချင်း စင်္ကာပူနဲ့ မလေးရှားနိုင်ငံတွေအထိ မီးခိုးငွေ့တွေ ဖုံးလွှမ်းနေတဲ့ပြဿနာကို ရင်ဆိုင်ခဲ့ရပါတယ်။

အခု ၂၀၁၇ ခုနှစ်မှာ ပူပြင်းတဲ့ El Niño ရာသီဥတုပုံစံမဟုတ်သလို မိုးခေါင်ရေရှားမှုလည်း မဖြစ်ဘဲ ပုံမှန်ရာသီဥတုအခြေအနေဖြစ်ပေမဲ့ တောမီးတွေလောင်ကျွမ်းနေပြီး အရင်တောမီးလောင်လေ့မရှိတဲ့ Aceh ပြည်နယ်အထိပါ ပျံ့နှံ့နေပါတယ်။ ဒီပြဿနာကို ဘယ်လိုဖြေရှင်းမလဲဆိုတာဆွေးနွေးဖို့ သမ္မတ Joko Widodo ကိုတောင်းဆိုထားတယ်လို့ သဘာဝပါတ်ဝန်းကျင်ဆိုင်ရာဝန်ကြီးက ပြောကြားထားပါတယ်။

ဒါပေမဲ့ စက်တင်ဘာလလောက်အထိ ခြောက်သွေ့နေဦးမယ့်ရာသီမှာ တောင်မီးလောင်ကျွမ်းမှုပြဿနာကို ပြည်ထောင်စုအစိုးရအဆင့်က ဝင်ရောက်ဖြေရှင်းနိုင်ဖို့ ဆောင်ရွက်ချက် အတော်နောက်ကျနေပြီလို့ တချို့ကပြောနေကြပါတယ်။

တောမီးအတွက် အင်ဒိုနီးရှားအသင့်
please wait

No media source currently available

0:00 0:00:42 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG