သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အင်ဒိုနီးရှားက ခရစ်ယာန်ဘုရားကျောင်း ချိန်ကိုက်ဗုံးများတွေ့


Gadis-gadis desa India membawa air dalam kendi di atas kepala mereka di desa Juval, sekitar 40 kilometer dari Ahmedabad, India.
Gadis-gadis desa India membawa air dalam kendi di atas kepala mereka di desa Juval, sekitar 40 kilometer dari Ahmedabad, India.

ခရစ်ယာန်ဘာသာဝင်တို့ရဲ့ Good Friday လို့ခေါ်တဲ့ အသေခံတော်မူရာနေ့ မနေ့က သောကြာနေ့မှာ အင်ဒိုနီးရှား နိုင်ငံက ခရစ်ယာန် ဘုရားရှိခိုးကျောင်းတခုကို ဖောက်ခွဲ တိုက်ခိုက်ဖို့ကြံစည်မှုတခု အထမမြောက်ခင်မှာ ရဲတွေက ကြိုပြီး သိခဲ့ရတယ်လို့ ရဲတွေကပြောပါတယ်။ အဲဒါကြောင့် အင်ဒိုနီးရှားနိုင်ငံမှာ လုံခြုံရေး အထူး သတိထားနေရတဲ့ အခြေအနေ ရှိနေပါတယ်။

Good Friday ဘုရားဝတ်ပြု ဆုတောင်းကြမယ့်သူတွေ ဘုရားကျောင်းမှာ စုဝေးကြမယ့်အချိန်ကို ဖောက်ခွဲဖို့ ကြံစည်တာလို့ ဆိုပါတယ်။ ဂျကာတာမြို့အပြင်ဘက်က ခရစ်ယာန် ဘုရားရှိခိုးကျောင်း ပတ်ဝန်းကျင်မှာ ကြာသပတေးနေ့က ထောင်ထားတဲ့ ဗုံး ၅ လုံးကို မပေါက်ကွဲခင် တွေ့ခဲ့ရပြီး အန္တရာယ်မရှိအောင် လုပ်နိုင်ခဲ့တယ်လို့ ရဲတွေကပြောပါတယ်။

ဗုံးတွေက သောကြာနေ့ မနက် ၉ နာရီအချိန်ကို ကိုက်ပြီးထောင်ထားတာပါ။ ဒီကိစ္စနဲ့ပတ်သက်လို့ သံသယရှိသူ ၁၉ ဦးကို ဖမ်းဆီးထားတယ်လို့လည်း ဆိုပါတယ်။ လာမယ့်တနင်္ဂနွေနေ့ ခရစ်တော် ရှင်ပြန်ထမြောက်တော်မူတဲ့ နေ့ အပါအဝင် အခုတလော ခရစ်ယာန်တွေရဲ့ ဘာသာရေး အထွဋ်အမြတ်ထားရာ နေ့တွေမှာ ခရစ်ယာန် ဘုရားကျောင်းတွေတဝိုက် ထောင်နဲ့ချီတဲ့ ရဲတွေ စောင့်ကြပ်နေကြဖို့လည်း အမိန့်ထုတ်ထားပါတယ်။ အင်ဒိုနီးရှားဟာ ကမ္ဘာ့ မူစလင်လူဦးရေ အများဆုံးနိုင်ငံပါ။ လူဦးရေ သန်း ၂ ရာ ကျော်ရှိပါတယ်။

XS
SM
MD
LG