သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကမ္ဘာ့ခြင်္သေ့နဲ့ နဂါးအကပြိုင်ပွဲ အင်ဒိုနီးရှားမှာကျင်းပ


အင်ဒိုနီးရှားနိုင်ငံမှာ ဂျကာတာမြို့တော်မှာ နိုင်ငံစုံ ခြင်္သေ့အကနဲ့ နဂါးအကပြိုင်ပွဲ ကျင်းပနေတာမှာ မြန်မာနိုင်ငံကလည်းအဖွဲ့လည်း ပါဝင်ယှဉ်ပြိုင်နေကြပါတယ်။ ကမ္ဘာ့ခြင်္သေ့နဲ့ နဂါးအကပြိုင်ပွဲကို အင်ဒိုနီးရှားနိုင်ငံမှာ ပထမဆုံးအကြိမ် ကျင်းပတာ ဖြစ်ပါတယ်။

အင်ဒိုနီးရှား နဂါးနဲ့ ခြင်္သေ့အက အားကစားအဖွဲ့ချုပ် (FOBI) က ဦးဆောင်ပြီး အင်ဒိုနီးရှားမှာ ခေါင်းခါးခြေလက် လှုပ်ရှားရတဲ့ ခြင်္သေ့နဲ့ နဂါးအက အားကစားနည်းကို လူအများ စိတ်ဝင်စားလာကြစေဖို့နဲ့ လူငယ်တွေ ပိုပြီး ပါဝင်ကစားလာအောင် ကြိုးပမ်းမှုတခုလည်း ဖြစ်ပါတယ်။

ဂျကာတာမြို့တော်မှာ မေလ ၁၇ ရက်နေ့ကနေ ၁၉ ရက်အထိ ကျင်းပနေတဲ့ ကမ္ဘာ့ ခြင်္သေ့အကနဲ့ နဂါးအက ချန်ပီယံပြိုင်ပွဲမှာ မလေးရှား၊ စင်ကာပူ၊ တရုတ်၊ ထိုင်း၊ ဗီယက်နမ်၊ ဖိလစ်ပိုင်၊ ဂျပန်၊ မြန်မာ နဲ့ သြစတြေးလျ အပါအဝင် နိုင်ငံ ၁၁ နိုင်ငံက အားကစားသမား ၃၅၀ လောက် ပါဝင်ယှဥ်ပြိုင်ကြပါတယ်။ အမျိုးအစား ၃ မျိုးခွဲပြီး ချန်ပီယံဆု ၃ ဆု ရွေးချယ် ပေးအပ်သွားမှာ ဖြစ်တယ်လို့ ပွဲ စီစဥ်သူတွေ ပြောပါတယ်။

နိုင်ငံတကာ ပွဲတော်တခုအနေနဲ့ ကျင်းပတဲ့ ဒီပြိုင်ပွဲကနေ အင်ဒိုနီးရှားရဲ့ အားကစား ခရီးသွားလုပ်ငန်းကို မြှင့်တင်နိုင်ဖို့ မျှော်လင့်တဲ့အကြောင်း အင်ဒိုနီးရှား လူငယ်နဲ့ အားကစားရေးရာ ဝန်ကြီးဌာန တာဝန်ရှိသူတဦးက ပြောပါတယ်။ အင်ဒိုနီးရှားနိုင်ငံမှာ ဒီနှစ် ကျရောက်တဲ့ ၂၁ ကြိမ်မြောက် အမျိုးသား အားကစားပြိုင်ပွဲတွေမှာ အားကစားနည်း မျိုးစုံ ပါဝင် ယှဥ်ပြိုင် ကစားကြတာ ဖြစ်ပြီး ဒီအထဲမှာ ခြင်္သေ့နဲ့ နဂါးအကကို အမျိုးသား အားကစားနည်း တခုအနေနဲ့ ပထမဆုံးအကြိမ် ထည့်သွင်း ကျင်းပပါတယ်။

Forum

XS
SM
MD
LG