သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အင်ဒိုနီးရှား သတ္တုတွင်းသပိတ် အမေရိကန်ကုမ္ပဏီ ညှိနှိုင်း


အင်ဒိုနီးရှား သတ္တုတွင်းသပိတ် အမေရိကန်ကုမ္ပဏီ ညှိနှိုင်း
အင်ဒိုနီးရှား သတ္တုတွင်းသပိတ် အမေရိကန်ကုမ္ပဏီ ညှိနှိုင်း

အင်ဒိုနီးရှားနိုင်ငံ ပါပူဝါ (Papua) ပြည်နယ်မှာ ရွှေနဲ့ ကြေးနီတူးဖော်ရေး လုပ်နေတဲ့ အမေရိကန် ကုမ္ပဏီကြီးရဲ့ တာဝန်ရှိသူတွေက သီတင်းတပတ် ကြာနေပြီဖြစ်တဲ့ အလုပ်သမား ဆန္ဒပြမှု အဆုံးသတ်စေဖို့ ညှိနှိုင်းမှုတွေ လုပ်နိုင်ခဲ့တယ်လို့ ပြောပါတယ်။

ဒီသီတင်းပတ်ထဲမှာ အလုပ်သမားတွေ အလုပ်ပြန်ဆင်းကြမယ့်ပုံ ရတယ်လို့ Freeport McMoRan ကုမ္ပဏီက ပြောပါတယ်။ အရင်က ဒီလလယ်ပိုင်းအထိ ဆန္ဒပြကြမယ်လို့ ခန့်မှန်းထားကြတာပါ။ အလုပ်သမားလစာနဲ့ ပတ်သက်လို့ သမဂ္ဂနဲ့ ညှိနှိုင်းမှုတွေ စလုပ်ဖို့ သဘောတူခဲ့တယ်လို့ ကုမ္ပဏီက ပြောပါတယ်။

တနာရီကို လုပ်အားခ ၁ ဒေါ်လာခွဲနဲ့ ညီမျှတဲ့လစာ ရနေကြတဲ့ အလုပ်သမား ၈,၀၀၀ လောက် ဇူလိုင်လ ၄ ရက်က စပြီး ဆန္ဒပြနေခဲ့ကြတာပါ။ သူတို့ရဲ့ လုပ်ဖော်ကိုင်ဘက် ၆ ယောက် အလုပ်ကနေ ဖြုတ်ခံရတာကို ဆန္ဒပြတဲ့ အနေနဲ့ရော တခြားနိုင်ငံတွေက Freeport McMoRan ကုမ္ပဏီ လုပ်သားတွေ ရနေကြတဲ့ လစာအတိုင်း ပေးဖို့ပါ တောင်းဆိုပြီး ဆန္ဒပြနေကြတာပါ။

အခုလို ဆန္ဒပြကြဖို့ စီစဉ်ခဲ့တဲ့ အလုပ်သမားသမဂ္ဂ ခေါင်းဆောင်တွေကို အရေးမယူပါဘူးလို့လည်း ကုမ္ပဏီက သဘောတူခဲ့တယ်လို့ ရိုက်တာစ်သတင်းက ဖော်ပြပါတယ်။

XS
SM
MD
LG