သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အင်ဒိုနီးရှား မြေပြိုမှု ၉ ဦးသေ၊ ၁၇ ဦးပျောက်ဆုံး


အင်ဒိုနီးရှားနိုင်ငံအနောက်ပိုင်းမှာ မိုးအပြင်းအထန်ရွာပြီး မြေပြိုကျမှုနှစ်ခုဖြစ်တာကြောင့် လူ ၉ ယောက်ထက်မနည်း သေဆုံးပြီး ၁၇ ယောက်လောက် ပျောက်ဆုံးနေတယ်လို့ အင်ဒိုနီးရှား တာဝန်ရှိသူတွေက ပြောပါတယ်။

Jambi ပြည်နယ်၊ Kerinci ခရိုင်က မြေပြိုမှုမှာ PT Pertamina ဘူမိအပူစွမ်းအင် ကုမ္ပဏီရဲ့ တွင်းတူးလုပ်ငန်းခွင်က အလုပ်သမား ၄ ဦး သေဆုံးသွားတယ်လို့ သဘာဝဘေးအန္တရာယ်ဆိုင်ရာ တာဝန်ရှိသူတွေက ပြောပါတယ်။

အနောက်ဆူမာထရားပြည်နယ်၊ Agam ခရိုင်၊ Tanjung Sani ရွာမှာ တနင်္ဂနွေနေ့ အစောပိုင်းကဖြစ်ခဲ့တဲ့ မြေပြိုမှုမှာတော့ လူ ၅ ယောက်ထက်မနည်း သေဆုံးပြီး ၁၇ ယောက်လောက်က ရွှံ့တွေအောက်မှာ နစ်မြုပ်သွားကြတယ်လို့ ယူဆရကြောင်း တာဝန်ရှိသူတွေကပြောပါတယ်။

သစ်တောပြုန်းတီးမှုနဲ့အတူ အချိန်အခါအလိုက် မိုးရွာသွန်းတာကြောင့် အင်ဒိုနီးရှားနိုင်ငံမှာ နှစ်စဉ် မြေပြိုတာတွေ၊ ရေကြီးတာတွေ ဖြစ်လေ့ရှိပါတယ်။
XS
SM
MD
LG