သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အင်ဒိုနီးရှားမြေပြို၊ ၁၀ ဦးသေ


အင်ဒိုနီးရှားမြေပြို၊ ၁၀ ဦးသေ

အင်ဒိုနီးရှားအလယ်ပိုင်းမှာ မြေပြိုခဲ့တဲ့အတွက် စားအုန်းဆီလုပ်သား အနည်းဆုံး ၁၀ ယောက် သေဆုံးခဲ့ပြီး တဒါဇင်ကျော် ဒဏ်ရာရသွားခဲ့ပါတယ်။

ဗဟို ဆူလာဝက်စီ (Sulawesi) ပြည်နယ်က စားအုန်းဆီ စိုက်ခင်းမှာ အလုပ်သမားတွေက နေ့လယ်စာ စားနေတုန်း တောင်စောင်းကနေ ရွှံ့နဲ့ ကျောက်တုံးတွေ ပြိုကျလာခဲ့ပြီး အလုပ်သမားတွေကို မြှုပ်လိုက်သလို ဖြစ်သွားခဲ့တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

တောင်စောင်းက မြေပြိုသွားပြီး အရှင်မြှုပ်လိုက်သလို ဖြစ်သွားတာပါလို့ ဒေသခံ ရဲတပ်ဖွဲ့ အကြီးအကဲက ပြောပါတယ်။ မြေတူးစက်တွေနဲ့ ထရပ်ကားတွေ အပါအ၀င် မော်တော်ယာဉ်တွေလည်း မြုပ်သွားကြပါတယ်လို့ သူက ဆိုပါတယ်။

မြေပြိုတာက အင်ဒိုနီးရှားမှာ ပိုပြီး အဖြစ်များလာနေပါတယ်။

သဘာဝသစ်တောတွေ ပြုန်းတီးသွားခဲ့ပြီး သစ်ပင်ရဲ့ အမြစ်တွေနဲ့ မြေကို ထိန်းထားတာ မရှိတဲ့အခါမှာ မြေပြိုဖို့ အန္တရာယ် ပိုများလာတာ ဖြစ်ပါတယ်။

XS
SM
MD
LG