သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အင်ဒို မြေပြိုမှု လူ ၇၀ ကျော် ပျောက်ဆုံး


အင်ဒိုနီးရှားမှာ မြေပြိုကျမှုအတွင်း ပိတ်မိနေသူတယောက်ကို ကယ်ဆယ်ရေးအဖွဲ့တွေက ဆွဲထုတ်ဖို့ ကြိုးစားနေစဉ်။ (ဒီဇင်ဘာ ၁၄၊ ၂၀၁၄)
အင်ဒိုနီးရှားမှာ မြေပြိုကျမှုအတွင်း ပိတ်မိနေသူတယောက်ကို ကယ်ဆယ်ရေးအဖွဲ့တွေက ဆွဲထုတ်ဖို့ ကြိုးစားနေစဉ်။ (ဒီဇင်ဘာ ၁၄၊ ၂၀၁၄)

အင်ဒိုနီးရှားနိုင်ငံမှာ မိုးသည်းထန်စွာရွာပြီး သောကြာနေ့က တရွာလုံး မြေအောက်ဖုံးခဲ့ပြီးနောက် လူပေါင်း ၇၀ ကျော်ကို စက်ကိရိယာကြီးတွေ
စတင် သုံးပြီး ရှာဖွေနေကြပါပြီ။

မြေပြိုကျတဲ့ Central Java ပြည်နယ်ထဲကို သမ္မတ Joko Widodo ဒီကနေ့ တနင်္ဂနွေနေ့မှာ လာကြည့်ပြီး ကယ်ဆယ်ရေးလုပ်ငန်းတွေကို အရှိန်မြှင့်လုပ်ကြဖို့ အလေးထား ပြောခဲ့ပါတယ်။

ရွံ့မြေတွေ၊ အပျက်အစီးတွေကြား ပိတ်မိနေနိုင်မဲ့သူတွေကို ကယ်ဆယ်ရေးတွေကလက်တွေ၊ အဖြစ်လုပ်ထားတဲ့ ပစ္စည်းတွေသုံးပြီး ရှာဖွေခဲ့ကြတာပါ၊ မြေပြိုကျမှု အဓိကဖြစ်တဲ့ Jemblung ရွာမှာ ဒီကနေ့ စာရင်းအရ သေဆုံးသူ ၃၂ ယောက်ထက် မနည်းရှိပြီး ၇၆ ယောက် ပျောက်ဆုံးနေဆဲဖြစ်တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေမှာ ရဲ၊ စစ်သားနဲ့ လုပ်အားပေး စုစုပေါင်း ၂ ထောင်ကျော် ပါဝင်ကူညီနေကြပါတယ်။ ၁၅ ယောက်ကို ကယ်ဆယ်နိုင်ခဲ့ပြီး အဲဒီထဲက ၁၁ ယောက်ကတော့ ပြင်းထန်တဲ့ဒဏ်ရာတွေနဲ့ ဆေးရုံတင်ထားရလို့ သဘာဝဘေးအန္တရာယ် ကူညီကယ်ဆယ်ရေးအဖွဲ့က ပြောပါတယ်။

အင်ဒိုနီးရှားနိုင်ငံမှာ မိုးရာသီစတင်နေပြီး ဒီလိုအချိန်မျိုးမှာ မိုးသည်းထန်စွာရွာတဲ့အတွက် မြေပြိုမှုတွေ ဖြစ်လေ့ရှိပါတယ်။ စနေနေ့တုန်းကလည်း မိုးတွေရွာနေတဲ့အတွက် ကယ်ဆယ်ရေးလုပ်ငန်းတွေ နှောင့်နှေးခဲ့ရပါတယ်ရှင်။

XS
SM
MD
LG