သုံးရလွယ်ကူစေသည့် Link များ

အင်ဒိုနီးရှား ကူးတို့ သင်္ဘောမှောက်မှု နိုင်ငံခြားသားနှစ်ဦး ပျောက်ဆုံးဆဲ


အင်ဒိုနီးရှားသင်္ဘောတိမ်းမှောက်မှုက လွတ်မြောက်လာသူများ။ (သြဂုတ် ၁၇၊ ၂၀၁၄)
အင်ဒိုနီးရှားသင်္ဘောတိမ်းမှောက်မှုက လွတ်မြောက်လာသူများ။ (သြဂုတ် ၁၇၊ ၂၀၁၄)

အင်ဒိုနီးရှားနိုင်ငံမှာ စနေ့နေ့တုန်းက ခရီးသည်တင်သင်္ဘောတစင်း နစ်မြုပ်မှုဖြစ်ခဲ့ရာမှာ အဲဒီမှာပါတဲ့ ခရီးသည် ၁၃ ဦးကျော်ကို ဆယ်ယူနိုင်ခဲ့ပြီလို့ အင်ဒိုနီးရှား အာဏာပိုင်တွေက ပြောပါတယ်။

ခရီးသည် ၂၀ နဲ့ အင်ဒိုနီးရှားလူမျိုး သင်္ဘောသား ငါးဦးတင်ဆောင်လာတဲ့ အဲဒီ သင်္ဘောငယ်ဟာ အင်ဒိုနီးရှား အရှေ့ခြမ်းက နာမည်ကျော် Lombok နဲ့ Komodo ကွျွန်းစုတွေအကြား သွားလာနေစဉ် သန္တာကျောက်တန်းတခုနဲ့ တိုက်မိပြီး တိမ်းမှောက်ခဲ့တာဖြစ်ပါတယ်။ တနင်္လာနေ့ အစောပိုင်းမှာတော့ နိုင်ငံခြားခရီးသွားဧည်သည် ၈ ဦးနဲ့ သင်္ဘောသား ၅ ဦးတို့ကို ဆယ်ယူနိုင်ခဲ့ပါတယ်။

တနင်္ဂနွေနေ့တုန်းကတော့ ခရီးသွား ဆယ်ဦးကို ကယ်ဆယ်ခဲ့ပြီးပါပြီ။ ခရီးသွားဧည့်သည် နှစ်ဦးကတော့ ပျောက်ဆုံးနေဆဲ ရှိပါတယ်။ အခုလို သင်္ဘော မတော်တဆမှုတွေဟာ ကျွန်းစုတွေနဲ့ စုစည်းတည်ထားတဲ့ အင်ဒိုနီးရှားနိုင်ငံမှာ မကြာမကြာဖြစ်လေ့ရှိပါတယ်။

XS
SM
MD
LG