သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိမ်ဖော် ပြဿနာကြောင့် မလေးရှား၊ အင်ဒိုနီးရှား တင်းမာ


အရှေ့တောင်အာရှ အိမ်နီးချင်းနိုင်ငံ နှစ်ခုအကြား တင်းမာမှုတွေ ဖြစ်စေခဲ့တဲ့ မတော်မတရား စော်ကားခံရတဲ့ ဖြစ်ရပ်တခု ဖြစ်ခဲ့ပြီးတဲ့နောက် မလေးရှားနိုင်ငံက အိမ်ဖော်လုပ်ငန်းတွေမှာ မလုပ်ကြဖို့ အင်ဒိုနီးရှား အစိုးရက သူ့နိုင်ငံသားတွေကို ပြောဆိုလိုက်ပါတယ်။

အင်ဒိုနီးရှားနိုင်ငံ ဆူမားတြားက အသက် ၂၆ နှစ်အရွယ် အိမ်ဖော် အမျိုးသမီးတဦးကို မုဒိမ်းကျင့်၊ ရိုက်နှက်၊ ရေနွေးပူနဲ့ လောင်းပြီး နှိပ်စက်ခဲ့မှုနဲ့ စုံတွဲတတွဲကို ဖမ်းဆီးခဲ့တဲ့အကြောင်း အင်ဒိုနီးရှား အစိုးရ တာဝန်ရှိသူတွေက ကြေညာခဲ့ပြီး နောက်တရက်မှာပဲ အခုလို အမိန့်ကို အင်ဒိုနီးရှား အလုပ်သမားရေးရာ ဝန်ကြီး မူဟိန်မင်း အီစ်ကန်ဒါ (Muhaimin Iskandar) က ထုတ်ပြန်လိုက်တာပါ။

ပြီးခဲ့တဲ့ သီတင်းပတ်က မြောက်ပိုင်း ပီနန်းရပ်ကွက်မှာ စော်ကားခံရတဲ့ အမျိုးသမီး သတိမေ့မျောနေတာကို တွေ့ခဲ့ရတာပါ။

အင်ဒိုနီးရှား အလုပ်သမား အတော်များများဟာ ပိုပြီး ချမ်းသာကြွယ်ဝတဲ့ မလေးရှားနိုင်ငံမှာ အိမ်ဖော် အလုပ်သမားတွေ အဖြစ် အလုပ် လုပ်ကိုင်ကြပါတယ်။ သူတို့ အတော်များများဟာလည်း မတော်မတရား ဆက်ဆံတာကို ခံကြရပါတယ်။

အခုနောက်ဆုံး ဖြစ်ခဲ့တဲ့ ဖြစ်ရပ်ကြောင့် မခံမရပ်နိုင် ဖြစ်ခဲ့ကြတဲ့ အင်ဒိုနီးရှား အလုပ်သမား ၅၀၀ လောက် ဂျကာတာမြို့က မလေးရှားသံရုံးရှေ့မှာ စုဝေးပြီး ဗုဒ္ဓဟူးနေ့က ဆန္ဒပြခဲ့ကြပါတယ်။

နှစ်နိုင်ငံ သူပိုင် ငါပိုင် အငြင်းပွားနေတဲ့ ရေပိုင်နက် အတွင်းကို ဝင်ရောက်လာကြတဲ့ နှစ်ဘက်စလုံးက နိုင်ငံသားတွေကို အပြန်အလှန် ဖမ်းဆီးခဲ့တဲ့ ဖြစ်ရပ်တွေ ဖြစ်ခဲ့ပြီးတဲ့ နောက်ပိုင်း သြဂုတ်လအတွင်း မလေးရှား အကျိုးစီးပွားကို ဆန့်ကျင်တဲ့ ထိန်းမနိုင် သိမ်းမရတဲ့ ဆန္ဒပြပွဲတွေ အတော်များများ အင်ဒိုနီးရှားနိုင်ငံမှာ ဖြစ်ပွားခဲ့ပါတယ်။

XS
SM
MD
LG