သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အင်ဒိုနီးရှားလုပ်သား ပြည်ပလုပ်ကိုင်ခွင့် ၂၀၁၇ ရပ်ဆိုင်းမည်


ပြည်ပရောက် အင်ဒိုနီးရှား အလုပ်သမားတွေအပေါ် အကြမ်းဖက်မှုနဲ့ ခွဲခြားဆက်ဆံမှုတို့ လျော့နည်းစေဖို့ အားထုတ်မှုတရပ်အနေနဲ့ ၂၀၁၇ ကစပြီး အိမ်ဖော်တွေ၊ အလုပ်သမားတွေ ပြည်ပစေလွှတ်မှုတွေ ရပ်ဆိုင်းတော့မယ်လို့ အင်ဒိုနီးရှား အစိုးရက ပြောကြားလိုက်ပါတယ်။

ရေတိုအနေနဲ့ ပြည်ပရောက်နေတဲ့ အလုပ်သမားတွေ ကိုင်တွယ်ဖြေရှင်းရမယ့် လုပ်ဆောင်မှုတွေ ဖြေရှင်းရမယ့် ပြင်ဆင်မှုတွေ လုပ်ဆောင်ပြီး၊ ဒုတိယတဆင့်မှာတော့ သူတို့သွားရောက်မယ့် နိုင်ငံတွေကို စိစစ်မယ်ဆိုပြီး တရားမဝင် သွားရောက်လုပ်ကိုင်သူ ပပျောက်ရေး လုပ်ငန်းအဆင့်ဆင့်ကို အလုပ်သမားဝန်ကြီးက ဂျကာတာမြို့တော်မှာ ဗုဒ္ဓဟူးနေ့က ပြောကြားလိုက်ပါတယ်။

ဒါပေမဲ့ အလုပ်သမားအရေး လှုပ်ရှားသူတဦးကတော့ ဒီစီမံကိန်းဟာ ပြဿနာရဲ့အဖြေ မဟုတ်ဘူးလို့ ပြောကြားလိုက်ပါတယ်။

XS
SM
MD
LG