သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

အင်ဒိုစစ်တပ်လေယာဉ် ပျက်ကျမှု သေဆုံးသူ ၁၄၁ ဦးရှိပြီ


ဆူးမားတြားကျွန်း လူနေအိမ်တွေပေါ် ပျက်ကျခဲ့တဲ့ အင်ဒိုနီးရှားစစ်တပ်သုံး သယ်ယူပို့ဆောင်ရေးလေယာဉ်အပိုင်းအစများကို တွေ့ရစဉ်။ (ဇူလိုင် ၁၊ ၂၀၁၅။) ဆူးမားတြားကျွန်း လူနေအိမ်တွေပေါ် ပျက်ကျခဲ့တဲ့ အင်ဒိုနီးရှားစစ်တပ်သုံး သယ်ယူပို့ဆောင်ရေးလေယာဉ်အပိုင်းအစများကို တွေ့ရစဉ်။ (ဇူလိုင် ၁၊ ၂၀၁၅။)

အင်ဒိုနီးရှားစစ်တပ်က သယ်ယူပို့ဆောင်ရေးလေယာဉ် ပျက်ကျရာမှာ သေဆုံးသူအရေအတွက်ဟာ ၁၄၁ ယောက်အထိ ရှိသွားပြီလို့ အာဏာပိုင်တွေက ပြောပါတယ်။

အရေးပေါ် ကယ်ဆယ်ရေးဝန်ထမ်းတွေကတော့ ဆူမာတြားကျွန်းပေါ်က လူနေရပ်ကွက်ထဲ ပျက်ကျခဲ့တဲ့ လေယာဉ်အပျက်အစီးတွေကြားမှာ ဆက်လက် ရှာဖွေနေကြဆဲပါ။ အင်ဒိုနီးရှားနိုင်ငံက တတိယအကြီးဆုံးမြို့ Medan မှာရှိတဲ့ လေတပ်အခြေစိုက်စခန်းကနေ ထွက်ခွာလာပြီး မိနစ်ပိုင်းအတွင်းမှာပဲ Hercules C-130 အမျိုးအစား လေယာဉ်ဟာ အိမ်နှစ်လုံးနဲ့ ဟိုတယ်တခုပေါ်ကို ပျက်ကျခဲ့တာ ဖြစ်ပါတယ်။ မနေ့တုန်းက ဖြစ်ခဲ့တဲ့ မတော်တဆမှုမှာ အသက်မသေကျန်ရစ်သူတော့ တယောက်မှ မတွေ့ခဲ့ရပါဘူး။

ပျက်မကျခင် အချိန်ပိုင်းမှာပဲ လေယာဉ်အင်ဂျင်မှာ ပြဿနာပေါ်နေတဲ့အတွက် နောက်ကြောင်းပြန်လှည့်ဖို့လိုတဲ့အကြောင်း လေယာဉ်မှူးက လေကြောင်း ထိန်းသိမ်းရေးမျှော်စင်ကို အကြောင်းကြားခဲ့တယ်လို့လည်း လေတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး Agus Supriatna ကပြောပါတယ်။ အာဏာပိုင်တွေကတော့ သက်တမ်း ၅၁ နှစ် ရှိနေပြီဖြစ်တဲ့ တာဘိုအင်ဂျင် ၄ လုံးတပ် လေယာဉ်ရဲ့အခြေအနေဟာ ကောင်းကောင်းမွန်မွန်ပဲ ရှိနေတယ်လို့ ပြောဆိုထားကြတာပါ။ အခုနောက်ဆုံး မတော်တဆမှုကြောင့် အင်ဒိုနီးရှားစစ်တပ်ရဲ့ လေကြောင်းဆိုင်ရာ အဆင့်အတန်း သတ်မှတ်ချက်နဲ့ ပတ်သက်လို့ စိုးရိမ်မှုတွေလည်း ထွက်ပေါ်လာခဲ့ပါတယ်။

လေကြောင်းဆိုင်ရာ ဘေးကင်းလုံခြုံရေးကွန်ယက်ရဲ့ မှတ်တမ်းတွေအရ အခုတခါနဲ့ပါဆိုရင် လွန်ခဲ့တဲ့ ၁ဝ နှစ်အတွင်း လူအသေအပျောက် ဖြစ်ခဲ့တဲ့ အင်ဒိုနီးရှားစစ်တပ်က လေယာဉ် မတော်တဆမှုပေါင်းဟာ ၆ ကြိမ်အထိ ရှိပါတယ်။ အင်ဒိုနီးရှားသမ္မတ Joko Widodo ကတော့ မတော်တဆမှုအတွက် စုံစမ်းမှုတွေ အပြည့်အဝ လုပ်ဆောင်သွားဖို့နဲ့ ကာကွယ်ရေးဝန်ကြီးဌာနက အသုံးအဆောင်ပစ္စည်းတွေနဲ့ ပတ်သက်လို့ ပြန်လည်သုံးသပ်မှုတွေ လုပ်မယ့်အကြောင်း ဒီကနေ့ပဲ ပြောဆိုသွားခဲ့ပါတယ်။

ဆက်စပ်သတင်းများ ...

၂၀၂၀ ပြည့်နှစ် သမ္မတရွေးကောက်ပွဲ ပြည်နယ်အသီးသီးအလိုက်ရလဒ်များ

XS
SM
MD
LG