သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အင်ဒိုနီးရှားနိုင်ငံ နီကယ်စက်ရုံပေါက်ကွဲမှု ၁၃ ယောက် သေဆုံးပြီး


A Chinese worker who was injured in the explosion at a nickel smelter furnace is brought to the Morowali Regional General Hospital in Central Sulawesi on December 24, 2023.
A Chinese worker who was injured in the explosion at a nickel smelter furnace is brought to the Morowali Regional General Hospital in Central Sulawesi on December 24, 2023.

အင်ဒိုနီးရှားနိုင်ငံ ဆူလာဝေစီကျွန်းက နီကယ်သတ္တုထုတ်လုပ်တဲ့စက်ရုံမှာ ဒီနေ့ပေါက်ကွဲမှုဖြစ်ပွားခဲ့တာကြောင့် စက်ရုံအလုပ်သမား ၁၃ ယောက် သေဆုံးပြီး၊ ၃၈ ယောက် ဒဏ်ရာရသွားတယ်လို့ အဲဒီစက်ရုံပိုင်ရှင်က ပြောလိုက်ပါတယ်။

Indonesia Tsingshan Stainless Steel ကုမ္ပဏီက ပိုင်ဆိုင်တဲ့ အဲဒီစက်ရုံ ဒီနေ့မနက် ၅ နာရီခွဲက စက်ရုံအလုပ်သမားတွေက သတ္တုကြိုတဲ့ မီးပြင်းဖိုကို ပြင်နေတဲ့အချိန်မှာ ပေါက်ကွဲမှုဖြစ်ပွားခဲ့တာဖြစ်ပြီး၊ အင်ဒိုနီးရှားအလုပ်သမား ၈ ယောက် နဲ့ တရုတ်အလုပ်သမား ၅ ယောက် သေဆုံးသွားခဲ့တယ်လို့ Indonesia Morowali စက်မှုဇုန် IMIP ရဲ့ ကြေညာချက်မှာ ပြောထားပါတယ်။ ပေါက်ကွဲမှုကနေ ဖြစ်ပေါ်လာတဲ့ မီးလောင်ကျွမ်းမှုကိုတော့ မနက် ၉ နာရီ ၁၀ မိနစ်မှာ ငြိမ်းသတ်နိုင်ခဲ့တယ်လို့ ပြောပါတယ်။

ကနဦး စုံစမ်းစစ်ဆေးမှုတွေအရတော့ သတ္တုသန့်စင်တဲ့ မီးပြင်းဖိုရဲ့ အောက်ခြေမှာ ပေါက်ကွဲမှုဖြစ်စေတဲ့ အရည်တွေရှိနေသေးတာကြောင့် ဖြစ်နိုင်ပြီး၊ ပြင်လိုက်တဲ့အချိန်မှာ ပေါက်ကွဲမှု ဖြစ်ပွားခဲ့တာလို အဲဒီစက်မှုဇုန်ရဲ့ ပြောခွင့်ရက ပြောပါတယ်။

သတ္တုအရည်ကြိုတဲ့ မီးပြင်းဖိုကိုပြင်တဲ့နေရာမှာ အောက်ဆီဂျင်ဘူး အများအပြားကိုလည်း အသုံးပြုရတာကြောင့် ပေါက်ကွဲမှုတခုဖြစ်တာကနေ နောက်ထပ်ပေါက်ကွဲမှုတွေ ဆက်တိုက်ဖြစ်ပွားခဲ့တယ်လို့လည်း သူကပြောပါတယ်။

XS
SM
MD
LG