သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အင်ဒိုရေလုပ်ငန်းမှာ လူမှောင်ခိုသူအဖြစ် သံသယရှိသူတွေ စတင်ရုံးထုတ်


ငါးဖမ်းလုပ်ငန်းတွေမှာ ကျေးကျွန်သဖွယ် ခိုင်းစေခံရ
ငါးဖမ်းလုပ်ငန်းတွေမှာ ကျေးကျွန်သဖွယ် ခိုင်းစေခံရ

ပင်လယ်စာ ထုတ်လုပ်တဲ့ လုပ်ငန်းတွေမှာ မြန်မာအပါအဝင် အာရှက အလုပ်သမားတွေကို ကျေးကျွန်တွေ သဖွယ် ခိုင်းစေခဲ့တဲ့ ဖြစ်ရပ်နဲ့ ဆက်စပ်နေတဲ့ လူကုန်ကူးမှု စွပ်စွဲချက်နဲ့ ဖမ်းဆီးထိန်းသိမ်းထားရတဲ့ အင်ဒိုနီးရှား သုံးယောက်နဲ့ ထိုင်း ၅ ယောက်တို့ကို ဒီကနေ့ အင်ဒိုနီးရှားတရားရုံးတခုမှာ စတင် ရုံးထုတ်ပါတယ်။

ငါးဖမ်းလုပ်ငန်းတွေမှာ ခိုင်းစေခံရတဲ့ ကျေးကျွန်တွေအကြောင်း အေပီ သတင်းဌာနက ဖော်ထုတ်ခဲ့ပြီး နှစ်လအကြာ ပြီးခဲ့တဲ့ မေလတုန်းက သူတို့ကို Benjina ကျွန်းမှာပဲ ဖမ်းဆီးမိခဲ့တာဖြစ်ပါတယ်။ ဂျကာတာမြို့တော်ကနေ မိုင် ၁,၈၀၀ လောက်အကွာ အရှေ့တောင်ဘက် Maluku ခရိုင်က မြို့နယ်တခုဖြစ်တဲ့ Tual မှာ သူတို့ကို သီးခြားစီ ရုံးတင်စစ်ဆေးခဲ့တာပါ။

ပထမဆုံး ရုံးတင်စစ်ဆေးခံခဲ့ရသူကတော့ အသက် ၅၃ နှစ်အရွယ် ထိုင်း Captain Youngyut Nitiwongchaeron ကို ဖြစ်ပါတယ်။ ကျန်တဲ့ အင်ဒိုနီးယား သုံးဦးနဲ့ ထိုင်း လူမျိုး လေးဦး တို့ဟာ အင်ဒိုနီးရှားနိုင်ငံ အရှေ့ပိုင်းမှာရှိတဲ့ အကြီးဆုံး ငါးလုပ်ငန်းတွေထဲက တခုဖြစ်တဲ့ Pusaka Benjina Resources ကုမ္ပဏီက ဝန်ထမ်းတွေပါ။

စစ်ဆေးမှုတွေကနေ အပြစ်ရှိကြောင်း ထင်ရှားရင်တော့ သူတို့ဟာ ထောင်ဒဏ် ၁၅ နှစ်နဲ့ ဒဏ်ကြေးငွေ ဒေါ်လာ ၄၆,၀၀၀ အထိ ပြစ်ဒဏ် ချမှတ် ခံရနိုင်ဖွယ် ရှိနေပါတယ်။

XS
SM
MD
LG