ခရီးသည် ၁၈ ယောက် တင်လာတဲ့ လေယာဉ်အသေးတခု အင်ဒိုနီးရှားနိုင်ငံ ဆူမားတြားကျွန်းက တောင်တွေ ထူထပ်တဲ့ နေရာမှာ ပျက်ကျသွားတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။
စပိန်နိုင်ငံလုပ် CASA 212 လေယာဉ် အမျိုးအစားဟာ ကြာသပတေးနေ့မှာ ဆူမားတြား မြောက်ပိုင်းကနေ အာချေး (Aceh) ဒေသကိုအသွား လေယာဉ် ထိန်းချုပ်ရေး စခန်းနဲ့ အဆက်အသွယ် ပြတ်သွားခဲ့တာလို့ ဆိုပါတယ်။ လေယာဉ် ပျက်မကျခင်လေးမှာ အရေးပေါ်ခလုပ်ကို နှိပ်ခဲ့တယ်လို့ သက်ဆိုင်ရာ အရာရှိတွေက ပြောပါတယ်။ လေယာဉ်ပျက်ကျတဲ့ နေရာကို ကယ်ဆယ်ရေး ၀န်ထမ်းတွေ ပို့ထားတယ်လို့ ဆိုပါတယ်။
ကျွန်းစုတွေ အများကြီးနဲ့ ဖွဲ့စည်းထားတဲ့ အင်ဒိုနီးရှားနိုင်ငံမှာ မကြာခဏ လေယာဉ်ပျက်ကျမှုတွေအပြင် ရေကြောင်း သွားလာရေးဆိုင်ရာ မတော်တဆမှုတွေ လွန်ခဲ့တဲ့ နှစ်အနည်းငယ်အတွင်း မကြာခဏ ဖြစ်ပွားလေ့ရှိပြီး အများစုဟာ အသက်အန္တရာယ် လုံခြုံမှုတွေ နိမ့်ကျနေတဲ့အတွက် ဖြစ်တယ်လို့ ဆိုပါတယ်။