သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အကြမ်းဖက်ဖို့ ကြံစည်မှုနဲ့ လူ ၁၁ ယောက်ကို အင်ဒိုနီးရှားမှာ ဖမ်းဆီး


အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့လယ်က အဆောက်အဦး တခုအနီး လုံခြုံရေး အရာရှိများ စောင့်ကြပ်နေကြပုံ။ (အောက်တိုဘာလ ၂၇ ရက်၊ ၂၀၁၂)။
အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့လယ်က အဆောက်အဦး တခုအနီး လုံခြုံရေး အရာရှိများ စောင့်ကြပ်နေကြပုံ။ (အောက်တိုဘာလ ၂၇ ရက်၊ ၂၀၁၂)။
ဂျကာတာမြို့တော်က အမေရိကန် သံရုံးနဲ့ တခြား ပြည်တွင်းပြည်ပက ပစ်မှတ်တွေကို တိုက်ခိုက်ဖို့ ကြံစည်သူတွေအဖြစ် သံသယ ရှိသူ လူပေါင်း ၁၁ ယောက်ကို ဖမ်းဆီးလိုက်တဲ့အကြောင်း အင်ဒိုနီးရှား ရဲတပ်ဖွဲ့က ပြောပါတယ်။ အကြမ်းဖက်ဝါဒ တိုက်ဖျက်ရေး အထူးတပ်ဖွဲ့က ခရိုင် ၄ ခုမှာ ဖမ်းဆီးမှုတွေ လုပ်ခဲ့တာလို့ အင်ဒိုနီးရှားရဲတပ်ဖွဲ့ ပြောခွင့်ရသူ Suhardi Alius က စနေနေ့မှာ ပြောလိုက်တာပါ။

တိုက်ခိုက်မှုတွေကို ဆက်တိုက်ဆိုသလို လုပ်ဆောင်ဖို့ စီစဉ်နေတယ်လို့ မသင်္ကာတဲ့အတွက် မကြာခင်ကမှ အသစ်ဖွဲ့စည်းလိုက်တဲ့ အင်ဒိုနီးရှား Harakah ဆွန်နီလှုပ်ရှားမှု အဖွဲ့ဝင်တွေကို ဖမ်းဆီးခဲ့တာလို့လည်း ပြောပါတယ်။

တိုက်ခိုက်ဖို့ ပစ်မှတ်အဖြစ် ရွေးချယ်ထားတဲ့ အထဲမှာတော့ ဂျကာတာမြို့က သြစတြေးလျ သံရုံးအနီးမှာရှိတဲ့ ကုန်တိုက်တခု၊ အမေရိကန် သတ္ထုတွင်း လုပ်ငန်းကြီးတခုဖြစ်တဲ့ Freeport-McMoRan ရဲ့ ဒေသခံရုံးခန်း တခုနဲ့ Surabaya မှာရှိတဲ့ အမေရိကန် ကောင်စစ်ဝန်ရုံးတွေ သာမက အလယ်ဂျာဗားမှာရှိတဲ့ ရဲစခန်းတခုလည်း ပါဝင်တယ်လို့ ပြောပါတယ်။ ဖမ်းဆီးမှုတွေ အတွင်း ဗုံးတွေ၊ ကျည်ဆံတွေ၊ စနက်တံတွေ၊ ဗုံးလုပ်နည်း စာရွက်စာတမ်းတွေနဲ့ တခြားဖောက်ခွဲရေး ပစ္စည်းတွေကိုပါ သိမ်းဆည်း ရမိတယ်လို့လည်း အာဏာပိုင်တွေက ပြောပါတယ်။

ဖမ်းဆီးမှုအပေါ် အမေရိကန်နဲ့ သြစတြေးလျ သံရုံးတွေကတော့ တစုံတရာ မှတ်ချက်ပေး ပြောဆိုတာမျိုး မရှိသလို၊ အကြမ်းဖက် တိုက်ခိုက်ဖို့ ကြံစည်မှုဟာ ဘယ်လောက်အထိ ခရီးရောက်နေပြီ ဆိုတာကိုလည်း အာဏာပိုင်တွေက ထုတ်ဖော်မပြောကြပါဘူး။
XS
SM
MD
LG