သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

စစ္ေကာင္စီက အာဆီယံသေဘာတူညီခ်က္ အေကာင္အထည္ေဖာ္ၿပီး ႏိုင္/က်ဥ္းေတြ လြတ္ေပးဖို႔ သမၼတဘိုင္ဒန္ ေတာင္းဆို


President Joe Biden meets with Indonesian President Joko Widodo

ျမန္မာစစ္ေကာင္စီဟာ သေဘာတူညီခ်က္ ၅ ရပ္ကို အေကာင္အထည္ေဖာ္ၿပီး၊ ႏိုင္ငံေရးအက်ဥ္းသားေတြကို လႊတ္ရမယ္လို႔ သမၼတဂ်ိဳးဘိုင္ဒန္က ေျပာလိုက္ပါတယ္။

ကေမာၻဒီးယားဝန္ႀကီးခ်ဳပ္ ဟြန္ဆန္နဲ႔ မေန႔က ဖႏြမ္းပင္ၿမိဳ႕မွာ ေတြ႕ဆုံခဲ့ၾကတုန္းမွာ အေမရိကန္သမၼတ ဂ်ိဳးဘိုင္ဒန္က အခုလို ေျပာလိုက္တာ ျဖစ္ပါတယ္။ ျမန္မာႏိုင္ငံ ဒီမိုကေရစီလမ္းေၾကာင္းေပၚ ျပန္သြားေရးကို အေမရိကန္မူဝါဒက ဆုပ္ကိုင္ထားဆဲျဖစ္ေၾကာင္း၊ သေဘာတူညီခ်က္ ငါးရပ္ အေကာင္အထည္ေဖာ္ေရးအတြက္ အာဆီယံနဲ႔အတူ လက္တြဲလုပ္မည္ျဖစ္ေၾကာင္း သမၼတဂ်ိဳးဘိုင္ဒန္က ေျပာၾကားခဲ့ပါတယ္။

ႏိုဝင္ဘာလ ၁၁ ရက္ေန႔တုန္းကလည္း အာဆီယံအလွည့္က် ဥကၠ႒ ျဖစ္လာမယ့္ အင္ဒိုနီးရွားသမၼတ ဂ်ိဳကို ဝီဒိုဒို (Joko Widodo) က ျမန္မာစစ္ေကာင္စီကို စိတ္ပ်က္မိေၾကာင္း အခုလို ေျပာခဲ့ပါတယ္။

“အင္ဒိုနီးရွားက အေတာ္ႀကီးကို စိတ္ပ်က္မိပါတယ္။ ျမန္မာႏိုင္ငံအေျခအေနက ပိုလို႔ပိုလို႔ ဆိုးလာေနပါတယ္။ သေဘာတူညီခ်က္ ငါးရပ္ အေကာင္အထည္ေဖာ္ေရးကလည္း အေရးပါတဲ့ တိုးတက္မႈ မရွိပါဘူး။ ျမန္မာကိစၥအေၾကာင္းျပဳၿပီး အာဆီယံဆိုတာက ဘာပါလို႔ ေျပာစရာျဖစ္ေအာင္ ကြၽန္ေတာ္တို႔ ခြင့္ျပဳလို႔ မျဖစ္ပါဘူး။” လို႔ အာဆီယံအလွည့္က် ဥကၠ႒အသစ္က ေျပာသြားတာပါ။

ဘယ္လို အေကာင္အထည္ေဖာ္ၾကမယ္ ဆိုတာကိုေတာ့ အေမရိကန္သမၼတေရာ၊ အင္ဒိုနီးရွားသမၼတပါ ရွင္းရွင္းလင္လင္း ေျပာဆိုတာ မရွိေသးပါဘူး။ သမၼတဘိုင္ဒန္ဟာ ဒီေန႔ ကေမာၻဒီးယားက အင္ဒိုနီးရွားကို ထြက္ခြါသြားပါတယ္။

===== Unicode ====

စစ်ကောင်စီက အာဆီယံသဘောတူညီချက် အကောင်အထည်ဖော်ပြီး နိုင်/ကျဉ်းတွေ လွတ်ပေးဖို့ သမ္မတဘိုင်ဒန် တောင်းဆို

မြန်မာစစ်ကောင်စီဟာ သဘောတူညီချက် ၅ ရပ်ကို အကောင်အထည်ဖော်ပြီး၊ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ရမယ်လို့ သမ္မတဂျိုးဘိုင်ဒန်က ပြောလိုက်ပါတယ်။

ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်နဲ့ မနေ့က ဖနွမ်းပင်မြို့မှာ တွေ့ဆုံခဲ့ကြတုန်းမှာ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က အခုလို ပြောလိုက်တာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံ ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်သွားရေးကို အမေရိကန်မူဝါဒက ဆုပ်ကိုင်ထားဆဲဖြစ်ကြောင်း၊ သဘောတူညီချက် ငါးရပ် အကောင်အထည်ဖော်ရေးအတွက် အာဆီယံနဲ့အတူ လက်တွဲလုပ်မည်ဖြစ်ကြောင်း သမ္မတဂျိုးဘိုင်ဒန်က ပြောကြားခဲ့ပါတယ်။

နိုဝင်ဘာလ ၁၁ ရက်နေ့တုန်းကလည်း အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ ဖြစ်လာမယ့် အင်ဒိုနီးရှားသမ္မတ ဂျိုကို ဝီဒိုဒို (Joko Widodo) က မြန်မာစစ်ကောင်စီကို စိတ်ပျက်မိကြောင်း အခုလို ပြောခဲ့ပါတယ်။

“အင်ဒိုနီးရှားက အတော်ကြီးကို စိတ်ပျက်မိပါတယ်။ မြန်မာနိုင်ငံအခြေအနေက ပိုလို့ပိုလို့ ဆိုးလာနေပါတယ်။ သဘောတူညီချက် ငါးရပ် အကောင်အထည်ဖော်ရေးကလည်း အရေးပါတဲ့ တိုးတက်မှု မရှိပါဘူး။ မြန်မာကိစ္စအကြောင်းပြုပြီး အာဆီယံဆိုတာက ဘာပါလို့ ပြောစရာဖြစ်အောင် ကျွန်တော်တို့ ခွင့်ပြုလို့ မဖြစ်ပါဘူး။” လို့ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌအသစ်က ပြောသွားတာပါ။

ဘယ်လို အကောင်အထည်ဖော်ကြမယ် ဆိုတာကိုတော့ အမေရိကန်သမ္မတရော၊ အင်ဒိုနီးရှားသမ္မတပါ ရှင်းရှင်းလင်လင်း ပြောဆိုတာ မရှိသေးပါဘူး။ သမ္မတဘိုင်ဒန်ဟာ ဒီနေ့ ကမ္ဘောဒီးယားက အင်ဒိုနီးရှားကို ထွက်ခွါသွားပါတယ်။

XS
SM
MD
LG