သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖုန်းခိုးနားထောင်တဲ့ သြစတြေးလျ အင်ဒိုသမ္မတရှုတ်ချ


သြစတြေးလျ ဝန်ကြီးချုပ် Tony Abbott (L) နဲ့ အင်ဒိုနီးရှားသမ္မတ Susilo Bambang Yudhoyono တို့ ဂျကာတာမြို့တော် သမ္မတနန်းတော်မှာ တွေ့ဆုံစဉ်။ (၃၀ စက်တင်ဘာ ၂၀၁၃)
သြစတြေးလျ ဝန်ကြီးချုပ် Tony Abbott (L) နဲ့ အင်ဒိုနီးရှားသမ္မတ Susilo Bambang Yudhoyono တို့ ဂျကာတာမြို့တော် သမ္မတနန်းတော်မှာ တွေ့ဆုံစဉ်။ (၃၀ စက်တင်ဘာ ၂၀၁၃)
အင်ဒိုနီးရှားနိုင်ငံ သမ္မတ Susilo Bambang Yudhoyono က သြစတြေးလျနိုင်ငံ ဘက်က သူ့ဖုန်းဆက်သွယ်မှုတွေကို ခိုးနားထောင်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေ အပေါ် တောင်းပန်ဖို့ ငြင်းဆိုခဲ့တာကို ပြစ်တင်ရှုတ်ချလိုက်ပါတယ်။

Tweeter အင်တာနက် စာမျက်နှာပေါ်မှာ အင်ဒိုနီးရှား သမ္မတ Yudhoyono က သြစတြေးလျ ထောက်လှမ်းရေးတွေရဲ့လုပ်ရပ်ကို သူ့ဝန်ကြီးချုပ် Tony Abbott အနေနဲ့ ခပ်ပေါ့ပေါ့ သဘောထားခဲ့ပြီး၊ မှားယွင်းမှုတခုအဖြစ် နောင်တ အကြီးအကျယ်ရကြောင်း မပြသခဲ့တာကြောင့် စိတ်နာဖို့ ကောင်းတယ်လို့ ဝေဖန် ပုတ်ခတ်လိုက်ပါတယ်။

ဒီဖုန်းခိုးနားထောင်တဲ့ သတင်းတွေ ထွက်လာအပြီးမှာ အင်ဒိုနီးရှားနိုင်ငံဘက်က သြစတြေးလျမှာထားတဲ့ သံအမတ်ကို ပြန်ဆင့်ခေါ်ခဲ့ပြီး၊ နှစ်နိုင်ငံဆက်ဆံရေးကို
ပြန်လည် သုံးသပ်နေတယ်လို့ ဆိုပါတယ်။

သြစတြေးလျဝန်ကြီးချုပ် Abbott ကတော့ အခုလို အင်ဒိုနီးရှားဘက်က မကျေမနပ် ဖြစ်သွားခဲ့ရတာအတွက် သူစိတ်မကောင်းဘူး၊ ဒါပေမဲ့ သူ့နိုင်ငံ လုံခြုံရေးအတွက် လုပ်ခဲ့ရတဲ့ကိစ္စမျိုး ဖြစ်ရင်တော့ သူ့ဆီကနေ တောင်းပန်မှုကို အင်ဒိုနီးရှားနိုင်ငံအနေနဲ့ မမျှော်လင့်ထားသင့်ဘူးလို့ ဒီကနေ့ လွှတ်တော်မှာ ထုတ်ပြောခဲ့ပါတယ်။

ခုချိန်ထိတော့ သြစတြေးလျဝန်ကြီးချုပ် Abbott အနေနဲ့ ဒီဖုန်းနားထောင်ပြီး ထောက်လှမ်းမှုတွေ လုပ်ခဲ့၊ မလုပ်ခဲ့ကိုတော့ အတည်ပြုပေးခြင်း မရှိသေးပါဘူး။ ဒါပေမဲ့ ခုလို သတင်းစုဆောင်းတယ်ဆိုတာက သူ့မဟာမိတ်နိုင်ငံတွေအတွက် ကူညီပေးဖို့ဖြစ်တယ်၊ နစ်နာစေဖို့ မဟုတ်ဘူးလို့တော့ ထုတ်ပြောခဲ့ပါတယ်။
XS
SM
MD
LG