သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အင်ဒိုသမ္မတရွေးပွဲ တရားဝင် ရလာဒ်ကိုစောင့်ဖို့ သမ္မတ ယိုဒိုယိုနို တိုက်တွန်း


အင်ဒိုသမ္မတရွေးချယ်ပွဲ။
အင်ဒိုသမ္မတရွေးချယ်ပွဲ။

အင်ဒိုနီးရှားမှာ ဗုဒ္ဓဟူးနေ့ကကျင်းပခဲ့တဲ့ သမ္မတရွေးကောက်ပွဲမှာ ယှဉ်ပြိုင်ခဲ့ကြသူ နှစ်ဦးစလုံး က သူတို့အနိုင်ရတယ်လို့ အသီးသီး ကြေညာ ခဲ့ကြတဲ့နောက် ၂ဘက်စလုံး ထိန်းထိန်း သိမ်းသိမ်းလုပ်ဆောင်ကြဖို့ မကြာခင် သက်တမ်းကုန်ဆုံးတော့မယ့် လက်ရှိသမ္မတ ဆူဆီလို ဘမ်ဘန်း ယူဒိုယိုနို (Susilo Bambang Yudhoyono) က နှိုးဆော်လိုက်ပါတယ်။

၂ ဘက်စလုံးက အောင်ပွဲခံဖို့အတွက် သူတို့ရဲ့ထောက်ခံသူတွေကို စုဝေးတာမျိုးတွေ မလုပ်ဖဲ၊ ရွေးကောက်ပွဲ တရားဝင်ရလာဒ် ထုတ်ပြန်မယ့် အချိန် အထိ စောင့်ဆိုင်းကြဖို့ မစ္စတာယူဒို ယိုနိုက သမ္မတကိုယ်စားလှယ်လောင်း ၂ယောက်စလုံးကို တွေ့ဆုံတိုက်တွန်းခဲ့တယ်လို့ သူ့ရဲ့ Twitter စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

ဗုဒ္ဓဟူးနေ့ကထွက်လာတဲ့ အစောပိုင်း အကြမ်းဖျဉ်းမဲရလာဒ်တွေအရ ဂျကာတာအုပ်ချုပ်ရေးမှူးဟောင်း ဂျိုကို ဝီဒိုးဒိုး (Joko Widodo) က ဗိုလ်ချုပ် ကြီးဟောင်း ပရာဘိုဝို ဆူဘီယန်းတိုး (Prabowo Subianto) ကို မဲအရေအတွက် ၅% လောက်နဲ့ အသာရနေတာတွေ့ရပါတယ်။

အကြမ်းဖျဉ်းရေတွက်ထားတဲ့ မဲရလာဒ်များစုရဲ့ အနေအထားကိုကြည့်ပြီး သူသာလျှင် အနိုင်ဖို့များတယ်လို့ ဗိုလ်ချုပ်ကြီးဟောင်း ဆူဘီယန်းတိုးက ပြောပါတယ်။ ဒါပေမယ့် အင်ဒိုနီးရှားက ရွေးကောက်ပွဲဆိုင်ရာ လေ့လာသုံးသပ်သူတချို့ကတော့ ယုံကြည်ရတဲ့ ရလဒ်ရေတွက်မှုတွေအရ မစ္စတာ ဝီဒိုးဒိုးက အသာစီးရနေတယ်လို့ ပြောပါတယ်။

ရွေးကောက်ပွဲလုံခြုံရေးအတွက် ရဲတပ်ဖွဲ့ဝင်နှစ်သိန်းခွဲနဲ့ စစ်သားသုံးသောင်းလောက်ကို ချထားခဲ့သလို ရွေးကောက်ပွဲဟာလည်း ချောချောမောမောပဲ ပြီးသွားခဲ့ပါတယ်။ ဒါပေမယ့် မတည်မငြိမ်ဖြစ်လာမယ်ဆိုရင် ထိန်းသိမ်းနိုင်ဖို့ ဒီကနေ့ မှာလည်း တပ်တွေ ဆက်ပြီး ချထားတာ တွေ့ရပါတယ်။

XS
SM
MD
LG