သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အင်ဒိုအကျဉ်းထောင်ဖောက်မှု ၁၀၀ ကျော်လွတ်မြောက်


Tanjung Gusta အကျဉ်းထောင်အတွင်း မီးလောင်သွားသော ရုံးခန်းကို ထောင်တွင်းမှ လှမ်းကြည့်နေကြတဲ့ အကျဉ်းသားများ။
Tanjung Gusta အကျဉ်းထောင်အတွင်း မီးလောင်သွားသော ရုံးခန်းကို ထောင်တွင်းမှ လှမ်းကြည့်နေကြတဲ့ အကျဉ်းသားများ။
အင်ဒိုနီးရှားနိုင်ငံအနောက်ပိုင်းမှာ လူ ၅ ဦးထက်မနည်း သေဆုံးခဲ့ရတဲ့ အဓိကရုဏ်းတခုအတွင်း ထွက်ပြေး လွတ်မြောက်သွားတဲ့ အကျဉ်းသား ၁၀၀ လောက်ကို အာဏာပိုင်တွေက လိုက်ရှာနေကြပါတယ်။

ပြဿနာဖြစ်ခဲ့တဲ့ အကျဉ်းထောင်ဟာ အကျဉ်းသားတွေနဲ့ ပြည့်သိပ်နေတဲ့ အကျဉ်းထောင်တစ်ခုလည်း ဖြစ်ပါတယ်။ အကြမ်းဖက်မှု ကျူးလွန်တဲ့ တရားခံတွေအပါအဝင် အကျဉ်းသား ၅၀ လောက်ကို ရဲနဲ့စစ်တပ်က ညတွင်းချင်း ပြန်ဖမ်းမိခဲ့ပါတယ်။ ဒီ အဓိကရုဏ်းဖြစ်ရတဲ့ အဓိကအကြောင်းတချက်က ရေပေးဝေမှုကို ထိခိုက်စေတဲ့ လျှပ်စစ်မီး ပြတ်တောက်မှုကြောင့်ဖြစ်တယ်လို့ Tanjung Gusta အကျဉ်းထောင် အာဏာပိုင်တွေက ပြောပါတယ်။

အကျဉ်းသားတွေက ထောင်ကို မီးရှို့ခဲ့ပြီး အကျဉ်းသား ၁၅၀ လောက် ထွက်ပြေးလွတ်မြောက်သွားခဲ့ပါတယ်။ ထွက်ပြေးသူတွေထဲက တဒါဇင်လောက်ရှိတဲ့ အကျဉ်းသားတွေက အကြမ်းဖက်မှုတွေကို ကျူးလွန်ခဲ့တာ ဖြစ်ပါတယ်။ အကြမ်းဖက်မှုတွေထဲမှာ ထောင်ဝန်ထမ်း ၃ ယောက်နဲ့ အကျဉ်းသား ၂ ယောက်တို့ သေဆုံးခဲ့ရပြီး အကျဉ်းထောင် အစောင့် ဝန်ထမ်းတချို့ကို ဓားစာခံအဖြစ် အဖမ်းခံခဲ့ရတယ်လို့ အကျဉ်းထောင် တာဝန်ရှိသူတွေက ပြောပါတယ်။

မီးသတ်သမားတွေက မီးငြိမ်းသတ်နေစဉ်မှာ ထောင်နဲ့ချီတဲ့ ရဲတွေက အကျဉ်းထောင်ထဲမှာ နေရာယူ စောင့်ကြပ်ခဲ့ကြတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။
XS
SM
MD
LG