သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အင်ဒိုနီးရှား ငလျင်ကြောင့် သေဆုံးသူ ၂၆၈ ယောက်အထိတိုး


အင်ဒိုနီးရှားငလျင်လှုပ်ရာဒေသ ရှာဖွေကယ်ဆယ်ရေးလုပ်သားတဦး၊ နိုဝင်ဘာ ၂၂၊ ၂၀၂၂
အင်ဒိုနီးရှားငလျင်လှုပ်ရာဒေသ ရှာဖွေကယ်ဆယ်ရေးလုပ်သားတဦး၊ နိုဝင်ဘာ ၂၂၊ ၂၀၂၂

အင်ဒိုနီးရှားနိုင်ငံက လူနေထူထပ်တဲ့ အနောက်ဂျာဗား မှာ တနင်္လာနေ့ကလှုပ်ခဲ့တဲ့ ငလျင်ကြောင့် သေဆုံးရသူဟာ အင်္ဂါနေ့အထိဆို ၂၆၈ ယောက် ရှိနေပြီဖြစ်ပါတယ်။ သေဆုံးရသူတွေကို မိသားစုတွေက စပြီးမြျပ်နှံသဂြိုဟ်နေကြသလို ကယ်ဆယ်ရေးအဖွဲ့တွေကလည်း အပျက်အစီးပုံ တွေကြား အသက်ရှင်ကျန်ရစ်သူရှိမရှိ လိုက်လံရှာဖွေနေကြပါတယ်။ အင်ဒိုနီးရှားသမ္မတ ဂျိုးကိုဝီဒိုဒိုကတော့ ငလျင်ဒဏ်ခံရတဲ့နေရာကို အင်္ဂါနေ့မှာပဲ သွားရောက်ခဲ့သလို ကယ်ဆယ်ရေးအကူအညီတွေလည်း စေလွှတ်ခဲ့ပါတယ်။

"ငလျင်ဒဏ်ခံရတဲ့ စီရန်ဂျူ Cianjur မြို့က အထူးသဖြင့် မြေပြိုလို့ ပျက်စီးသွားတဲ့ လမ်းတွေကို ရှင်းဖို့ ကယ်ဆယ်ကူညီမယ့် သူတွေ စေလွှတ်ဖို့ ညွှန်ကြားလိုက်ပါပြီ။” လို့ပြောသွားတာပါ။

သေဆုံးရသူ အများဆုံးက ငလျင်ဗဟိုချက်နားမှာရှိတဲ့ Cianjur မြို့ကဖြစ်ပါတယ်။ ဒဏ်ရာရသူကလည်း ရာနဲ့ချီရှိနေပါတယ်။ မြေပြင်ကနေ သိပ်မနက်တဲ့ နေရာမှာ ဗဟိုပြုလှုပ်ခတ်တဲ့ ပြင်းအား ၅.၆ ငလျင်ကြောင့် အဆောက်အဦးတွေပြိုကျခဲ့သလို မြေပြိုမှုလည်း ဖြစ်စေခဲ့တာပါ။

အင်ဒိုနီးရှားနိုင်ငံ သဘာဝဘေးဒုက္ခအန္တရာယ် လျော့ပါးရေး ဌာန အကြီးအကဲ Suharyanto ကတော့ သေဆုံးရသူ အရေအတွက်ဟာ ၁၆၂ ယောက်ကနေ အင်္ဂါနေ့ညနေမှာဆို ၂၆၈ ယောက်အထိ ဖြစ်သွားခဲ့တယ်လို့ ပြောပါတယ်။ ပျောက်ဆုံးနေသူက အနည်းဆုံး ၁၅၀ ကျော်သလို ဒဏ်ရာရသူကလည်း ၁၀၀၀ ကျော်ရှိနေတာပါ။
သေဆုံးရသူအများစုဟာ ကလေးငယ်တွေ ဖြစ်ပါတယ်။ နေ့လည်း တနာရီမှာ ငလျင်လှုပ်ခဲ့တဲ့ အတွက် ကျောင်းတက်နေတဲ့ ကလေးအများစု သေဆံးခဲ့ရတာ ဖြစ်ပြီး တချို့ှုကတော့ အိမ်မှာပဲ အိမ်အမိုးတွေ နံတွေပြိုကျရာက သေဆုံးခဲ့ရတာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

Unicode





XS
SM
MD
LG