သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်ဒေသလူသားချင်းစာနာကူညီမှု ဒေါ်လာနှစ်သန်း အင်ဒိုသုံးစွဲမည်


၂၀၁၆ ခုနှစ် ဒီဇင်ဘာလတုန်းက အင်ဒိုနီးရှား နိုင်ငံခြားရေး ဝန်ကြီး Retno Marsudi က ရခိုင်ပြည်နယ်အတွင်းက ထွက်ပြေးလာတဲ့ ဒုက္ခသည်များကို ဘင်္ဂလားဒေ့ရှ်တွင်သွားရောက်တွေ့ဆုံစဉ်
၂၀၁၆ ခုနှစ် ဒီဇင်ဘာလတုန်းက အင်ဒိုနီးရှား နိုင်ငံခြားရေး ဝန်ကြီး Retno Marsudi က ရခိုင်ပြည်နယ်အတွင်းက ထွက်ပြေးလာတဲ့ ဒုက္ခသည်များကို ဘင်္ဂလားဒေ့ရှ်တွင်သွားရောက်တွေ့ဆုံစဉ်

ရခိုင်ပြည်နယ်တွင်းက လူထု အတွက် ဒေါ်လာ ၂ သန်း သုံးစွဲမယ့် လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာ အကူအညီပေးရေး အစီအစဉ် တရပ်ကို ဒီကနေ့မှာ အင်ဒိုနီးရှား နိုင်ငံခြားရေး ဝန်ကြီး Retno Marsudi က ဒီကနေ့ တရားဝင် စတင်လိုက်ပါတယ်။

မြန်မာနိုင်ငံ အတွက် အင်ဒိုနီးရှား လူသားချင်း စာနာမှု အကူအညီဆိုင်ရာ မဟာမိတ် အဖွဲ့ AKIM ရဲ့ ရပ်ရွာအကျိုးပြု လူသားချင်းစာနာမှုဆိုင်ရာ ထောက်ပံ့မှု အစီအစဉ် အရ မြန်မာ ပြည်သူတွေ အထူးသဖြင့် ရခိုင်ပြည်နယ်တွင်းက ပြည်သူတွေ အတွက် စွမ်းရည်မြှင့်တင်ရေး၊ သယ်ယူပို့ဆောင်ရေး၊ အသက်မွေးဝမ်းကျောင်းနဲ့ ပြန်လည်ထူထောင်ရေးတို့ကို ဆောင်ရွက်မှာပါ။

ဒီအကူအညီပေးမယ့် အရေးက ကိုဖီအာနန် ဦးဆောင်တဲ့ ရခိုင်အရေး အကြံပေး ကော်မရှင်ရဲ့ အကြံပြုချက်တွေနဲ့လည်း ကိုက်ညီမှု ရှိပါတယ်။ မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေး၊ ပြန်လည် ရင်ကြားစေ့ရေးနဲ့ အလုံးစုံ ဖွံ့ဖြိုးတိုးတက်ရေးတို့ အတွက် အင်ဒိုနီးရှား နိုင်ငံ အနေနဲ့ ထောက်ပံ့ပေးဖို့ အခိုင်အမာ ကတိပြုတဲ့ အကြောင်းလည်း အင်ဒိုနီးရှား နိုင်ငံခြားရေး ဝန်ကြီးက ထပ်လောင်း အတည်ပြု ပြောဆိုပါတယ်။

ရခိုင်ပြည်နယ်တွင်း လုံခြုံရေး အခြေအနေနဲ့ သေဆုံးနေကြရတာတွေ အပေါ်မှာတော့ အလွန်ဘဲ စိုးရိမ်မကင်း ဖြစ်ရကြောင်းလည်း နိုင်ငံခြားရေး ဝန်ကြီးက ပြောပါတယ်။ အင်ဒိုနီးရှား အစိုးရရဲ့ ရပ်တည်ချက် အပေါ်မှာတော့ ချီးကျူးပြောဆိုကြတဲ့ အထဲမှာ ကိုဖီအာနန် ကော်မရှင်လည်း ပါဝင်ပါတယ်။ ရခိုင် ပြည်နယ်တွင်း အခြေအနေတွေကို မြန်မာ အစိုးရဘက်က ကိုင်တွယ်တဲ့ နေရာမှာ အင်ဒိုနီးရှား အစိုးရဘက်က အထောက်အကူပေးရေး တက်တက်ကြွကြွ ဆောင်ရွက်မှု အပေါ် ကိုဖီအာနန်က ထောက်ခံတဲ့ အကြောင်း နိုင်ငံခြားရေး ဝန်ကြီး Retno က ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG