အင္ဒိုနီးရွားမီးေတာင္ ဆီမီး႐ူး (Semeru) ဟာ ေပါက္ကြဲၿပီး ျပာပူေတြကို မိုးအထက္ တစ္မိုင္အထိတက္သြားေအာင္ တနဂၤေႏြေန႔က မႈတ္ထုတ္လိုက္တဲ့အတြက္ အျမင့္ဆုံး သတိေပးခ်က္ကို အာဏာပိုင္ေတြက ထုတ္ျပန္လိုက္ပါတယ္။ မီးေတာင္ဝက ေခ်ာ္ရည္ပူေတြ စစီးဆင္းလာတယ္လို႔ တႏိုင္ငံလုံးဆိုင္ရာ ေဘးအႏၲရာယ္ ေလ်ာ့ပါးေရးဌာန ေျပာေရးဆိုခြင့္ ရွိသူ Abdul Muhari က ဆိုပါတယ္။
အာဏာပိုင္ေတြက အနီးေက်း႐ြာေတြက လူေတြကို ေ႐ႊ႕ေျပာင္းေပးေနပါတယ္။ ဒီမီးေတာင္ဟာ ဂ်ာဗားကြၽန္းမွာရွိၿပီး ၿမိဳ႕ေတာ္ဂ်ာကာတာနဲ႔ မိုင္ ၅၀၀ ေလာက္ ေဝးပါတယ္။ မီးေတာင္က ပိုဆိုးလာေနၿပီလို႔ မီးေတာင္နဲ႔ ဘူမိသဘာဝ ေဘးအႏၲရာယ္ ေလ်ာ့ပါးေရးဌာန ေျပာေရးဆိုခြင့္ရွိသူ Hendra Gunawan က ေဒသခံ Kompas TV ကို ေျပာပါတယ္။
ဂ်ပန္ႏိုင္ငံေတာင္ပိုင္း အိုကီနာဝါ အုပ္ခ်ဳပ္ေရးနယ္ေျမက Miyako နဲ႔ Yaeyama ကြၽန္းေတြအထိ ဆူနာမီလႈိင္းက ႐ိုက္ခတ္ႏိုင္တယ္လို႔ ဂ်ပန္မိုးေလဝသက သတိေပးထားေၾကာင္း က်ိဳတိုသတင္းဌာနက ဆိုပါတယ္။ ေဒသအခ်ိန္ ေန႔လည္ ၂ နာရီခြဲ က ဆူနာမီ လာႏိုင္တယ္လို႔ ခန႔္မွန္းခဲ့ေပမဲ့၊ ေနာက္ တစ္နာရီ အၾကာအထိေတာ့ အပ်က္အစီး မရွိေသးပါဘူး။
=== Unicode ====
အင်ဒိုနီးရှားမီးတောင် ဆီမီးရူး (Semeru) ဟာ ပေါက်ကွဲပြီး ပြာပူတွေကို မိုးအထက် တစ်မိုင်အထိတက်သွားအောင် တနင်္ဂနွေနေ့က မှုတ်ထုတ်လိုက်တဲ့အတွက် အမြင့်ဆုံး သတိပေးချက်ကို အာဏာပိုင်တွေက ထုတ်ပြန်လိုက်ပါတယ်။ မီးတောင်ဝက ချော်ရည်ပူတွေ စစီးဆင်းလာတယ်လို့ တနိုင်ငံလုံးဆိုင်ရာ ဘေးအန္တရာယ် လျော့ပါးရေးဌာန ပြောရေးဆိုခွင့် ရှိသူ Abdul Muhari က ဆိုပါတယ်။
အာဏာပိုင်တွေက အနီးကျေးရွာတွေက လူတွေကို ရွှေ့ပြောင်းပေးနေပါတယ်။ ဒီမီးတောင်ဟာ ဂျာဗားကျွန်းမှာရှိပြီး မြို့တော်ဂျာကာတာနဲ့ မိုင် ၅၀၀ လောက် ဝေးပါတယ်။ မီးတောင်က ပိုဆိုးလာနေပြီလို့ မီးတောင်နဲ့ ဘူမိသဘာဝ ဘေးအန္တရာယ် လျော့ပါးရေးဌာန ပြောရေးဆိုခွင့်ရှိသူ Hendra Gunawan က ဒေသခံ Kompas TV ကို ပြောပါတယ်။
ဂျပန်နိုင်ငံတောင်ပိုင်း အိုကီနာဝါ အုပ်ချုပ်ရေးနယ်မြေက Miyako နဲ့ Yaeyama ကျွန်းတွေအထိ ဆူနာမီလှိုင်းက ရိုက်ခတ်နိုင်တယ်လို့ ဂျပန်မိုးလေဝသက သတိပေးထားကြောင်း ကျိုတိုသတင်းဌာနက ဆိုပါတယ်။ ဒေသအချိန် နေ့လည် ၂ နာရီခွဲ က ဆူနာမီ လာနိုင်တယ်လို့ ခန့်မှန်းခဲ့ပေမဲ့၊ နောက် တစ်နာရီ အကြာအထိတော့ အပျက်အစီး မရှိသေးပါဘူး။