{{Zawgyi/Unicode}}
အင္ဒိုနီးရွားေရတပ္က လူ ၅၃ ဦးပါ ေရငုပ္သေဘၤာတစ္စင္း ဒီကေန႔မနက္မွာေပ်ာက္ဆုံးသြားတာေၾကာင့္ အိမ္နီးခ်င္း ၾသစေတးလ်ႏုိင္ငံနဲ႔ စကၤာပူကို အကူအညီေတာင္းၿပီး ရွာေဖြေနတယ္လို႔ အင္ဒိုနီးရွားစစ္ဖက္အႀကီးအကဲက ေျပာပါတယ္။
ဂ်ာမဏီႏုိင္ငံလုပ္ KRI Nanggala-420 ေရငုပ္သေဘၤာဟာ ဘာလီကၽြန္းေျမာက္ဖက္ေရျပင္နယ္နိမိတ္ထဲမွာ စစ္ေရးေလ့က်င့္ေနတာျဖစ္တယ္လို႔လည္း ေရတပ္ေျပာခြင့္ရသူက ေျပာပါတယ္။
ဒီကေန႔မနက္ ၄ နာရီခြဲေလာက္မွာ သေဘၤာနဲ ႔ေနာက္ဆုံးအဆက္အသြယ္ရခဲ့ၿပီး ေပ်ာက္ဆုံးေနတဲ့ေရငုပ္သေဘၤာကို ၾသစေတးလ်နဲ႔ စကၤာပူနုိင္ငံရဲ ႔အကူအညီနဲ႔၀ုိင္းရွာေနတယ္လို႔လည္း စစ္ဖက္အႀကီးအကဲ Hadi Tjahjanto ကအတည္ျပဳ ေျပာဆိုပါတယ္။
ဒီကိစၥနဲ႔ပတ္သက္ၿပိီး ၾသစေတးလ်နဲ႔ စကၤာပူႏုိင္ငံ ကာကြယ္ေရးဌာနကို ေမးျမန္းခဲ့ေပမယ့္ ခ်က္ခ်င္းအေၾကာင္းျပန္တာမရွိေသးပါဘူး။
အေလးခ်ိန္ ၁၃၉၅ တန္ရွိတဲ့ ဒီေရငုပ္သေဘာကို ၁၉၇၈ ခုနွစ္မွာ ဂ်ာမန္တို႔တည္ေဆာက္ခဲ့တာျဖစ္ၿပီး ၂၀၁၂ ခုႏွစ္က ေတာင္ကိုရီးယားႏိုင္ငံမွာ ၂ ႏွစ္ၾကာ ျပန္လည္ျပင္ဆင္မြြမ္းမံထားတာျဖစ္တယ္လို႔ အင္ဒိုနီးရွား ကက္ဘိနက္၀န္ႀကီးမ်ားရုံးအဖြဲ႔ရဲ ႔႔အင္တာနက္စာမ်က္ႏွာမ်ာ ေဖာ္ျပထားပါတယ္။
.................................................
{{Unicode}}
အင်ဒိုနီးရှားရေတပ်က လူ ၅၃ ဦးပါ ရေငုပ်သင်္ဘောတစင်း ဒီကနေ့မနက်မှာပျောက်ဆုံးသွားတာကြောင့် အိမ်နီးချင်း သြစတေးလျနိုင်ငံနဲ့ စင်္ကာပူကို အကူအညီတောင်းပြီး ရှာဖွေနေတယ်လို့ အင်ဒိုနီးရှားစစ်ဖက်အကြီးအကဲက ပြောပါတယ်။
ဂျာမဏီနိုင်ငံလုပ် KRI Nanggala-420 ရေငုပ်သင်္ဘောဟာ ဘာလီကျွန်းမြောက်ဖက်ရေပြင်နယ်နိမိတ်ထဲမှာ စစ်ရေးလေ့ကျင့်နေတာဖြစ်တယ်လို့လည်း ရေတပ်ပြောခွင့်ရသူက ပြောပါတယ်။
ဒီကနေ့မနက် ၄ နာရီခွဲလောက်မှာ သင်္ဘောနဲ့နောက်ဆုံးအဆက်အသွယ်ရခဲ့ပြီး ပျောက်ဆုံးနေတဲ့ရေငုပ်သင်္ဘောကို သြစတေးလျနဲ့ စင်္ကာပူနိုင်ငံရဲ့အကူအညီနဲ့ဝိုင်းရှာနေတယ်လို့လည်း စစ်ဖက်အကြီးအကဲ Hadi Tjahjanto ကအတည်ပြု ပြောဆိုပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး သြစတေးလျနဲ့ စင်္ကာပူနိုင်ငံ ကာကွယ်ရေးဌာနကို မေးမြန်းခဲ့ပေမယ့် ချက်ချင်းအကြောင်းပြန်တာမရှိသေးပါဘူး။
အလေးချိန် ၁၃၉၅ တန်ရှိတဲ့ ဒီရေငုပ်သဘောကို ၁၉၇၈ ခုနှစ်မှာ ဂျာမန်တို့တည်ဆောက်ခဲ့တာဖြစ်ပြီး ၂၀၁၂ ခုနှစ်က တောင်ကိုရီးယားနိုင်ငံမှာ ၂ နှစ်ကြာ ပြန်လည်ပြင်ဆင်မွမ်းမံထားတာဖြစ်တယ်လို့ အင်ဒိုနီးရှား ကက်ဘိနက်ဝန်ကြီးများရုံးအဖွဲ့ရဲ့အင်တာနက်စာမျက်နှာမျာ ဖော်ပြထားပါတယ်။