သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂျာကာတာမှာလုံခြုံရေးကင်မရာ၂၅၀၀ တပ်မည်


နိုင်ငံတကာ အစီရင်ခံစာတခုမှာ အင်ဒိုနီးရှားနိုင်ငံရဲ့ မြို့တော် ဂျာကာတာ ဟာ ကမ္ဘာပေါ်မှာရှိတဲ့ မြို့ကြီးတွေထဲ လုံခြုံစိတ်ချရမှု အနည်းဆုံးမြို့အဖြစ် သတ်မှတ်ခံခဲ့ရပြီးတဲ့နောက် ဂျာကာတာ မြို့တော်ဝန်က ဂျာကာတာ မြို့တော်တခွင်မှာ ရာပေါင်းများစွာရှိတဲ့ ကင်မရာတွေ တပ်ဆင်ဖို့ စီစဉ်နေကြောင်း ကြေညာလိုက်ပါတယ်။

Ahok လို့လည်း လူသိများတဲ့ မြို့တော်ဝန် Basuki Tjahaja Purnmama က မြို့တော်ရဲ့ နေရာအနှံ့မှာ လုံခြုံရေးကင်မရာပေါင်း ၂၅၀၀ တပ်ဆင်မှာဖြစ်ပြီး၊ လူတွေကို စောင့်ကြည့်မှာ ဖြစ်သလို ရဲတပ်ဖွဲ့ရဲ့ မှုခင်းဖော်ထုတ်မှုကို ကူညီပံ့ပိုးနိုင်မှာ ဖြစ်တယ်လို့ ပြောပါတယ်။

ဆင်းရဲမှုထူပြောတာဟာ ရာဇဝတ်မှုတွေ ဖြစ်ပွားရခြင်းရဲ့ အဓိကအကြောင်းဖြစ်ပြီး၊ အစိုးရအနေနဲ့ ဘယ်သူဘယ်ဝါတွေ ဖြစ်တယ်ဆိုတာကို ဖော်ထုတ်နိုင်မှာ ဖြစ်သလို၊ စီးပွားရေး ပြဿနာတွေကို ကူညီဖြေရှင်း ပေးနိုင်လိမ့်မယ်လို့လည်း သူကပြောပါတယ်။

ဂျာကာတာ မြို့တော်ရဲ့ ရဲချုပ်ကလည်း လမ်းထောင့်တိုင်း ထောင့်တိုင်းမှာ လက်နက်အပြည့်အစုံနဲ့ ရဲတပ်ဖွဲ့ဝင်တွေကို ချထားပေးမှာ ဖြစ်ပြီး ရာဇဝတ်မှုတွေကို တိုက်ဖျက်သွားမယ်လို့ ပြောဆိုလိုက်ပါတယ်။

XS
SM
MD
LG