သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာသံရုံး ဗုံးဖောက်ဖို့ကြံသူ အင်ဒိုနီးရှားအကြမ်းဖက်သမားကို ပြစ်ဒဏ်ချ


၂၀၁၃ ခုနှစ်အတွင်းက မြန်မာသံရုံးဗုံးခွဲရန်ကြံစည်သူကို ဖမ်းမိပြီးနောက် သံရုံးလုံခြုံရေးယူပေးနေကြသော အင်ဒိုနီးရှား ရဲတပ်ဖွဲ့ဝင်များ။
၂၀၁၃ ခုနှစ်အတွင်းက မြန်မာသံရုံးဗုံးခွဲရန်ကြံစည်သူကို ဖမ်းမိပြီးနောက် သံရုံးလုံခြုံရေးယူပေးနေကြသော အင်ဒိုနီးရှား ရဲတပ်ဖွဲ့ဝင်များ။
အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့မှာရှိတဲ့ မြန်မာသံရုံးကို တိုက်ခိုက်ဖို့ ကြံစည်မှုနဲ့ စစ်သွေးကြွတစ်ဦးကို ဂျကာတာမြို့တောင်ပိုင်းတရားရုံးက တနင်္လာနေ့က ထောင်ဒဏ် ၆ နှစ် ပြစ်ဒဏ် စီရင်လိုက်ပါတယ်။

Rokhadi ခေါ် Abu Jannanh ဆိုသူဟာ မနှစ် မေလအစောပိုင်းက အကြမ်းဖက် တိုက်ခိုက်ဖို့ စီစဉ်မှုမှာ ပါဝင်ခဲ့တယ်လို့ ပြစ်မှုထင်ရှားကြောင်း တွေ့ရှိခဲ့တယ်လို့ အမှုကြားနာမှုအတွင်း တရားသူကြီး Ahmad Dimyati က ပြောပါတယ်။

မြန်မာနိုင်ငံက ရိုဟင်ဂျာမူဆလင်တွေကို အကြမ်းဖက်တိုက်ခိုက်နေတာတွေ ရပ်တန့်ရေး အမြန်ဆောင်ရွက်ပေးဖို့ မြန်မာအစိုးရကို ဖိအားပေးတဲ့အနေနဲ့ သံရုံးကို အကြမ်းဖက် တိုက်ခိုက်ဖို့စီစဉ်ခဲ့တာလို့ တရားလိုရှေ့နေတွေက ပြောပါတယ်။

မြန်မာနိုင်ငံအတွင်း ၂၀၁၂ ခုနှစ်ကစလို့ ရိုဟင်ဂျာမူဆလင်တွေကို ပစ်မှတ်ထား တိုက်ခိုက်မှုတွေ ဆက်တိုက် ပြုလုပ်ခဲ့တယ်လို့ တနင်္လာနေ့ထုတ် ရှန်ဟိုင်းနေ့စဉ် သတင်းစာမှာ ဖော်ပြထားပါတယ်။

ရှေ့သီတင်းပတ်အတွင်း စီရင်ချက် ချခံရဖို့ရှိနေတဲ့ Sigit Indrajit ဆိုသူကတော့ ဒီတိုက်ခိုက်မှုပြုလုပ်ဖို့ သူက ဦးဆောင် စီစဉ်ခဲ့တာလို့ ဝန်ခံ ပြောဆိုထားပြီး ဖြစ်ပါတယ်။ သူတို့နဲ့အတူ တရားစွဲခံထားရတဲ့ နောက်တဦး Ahcmad Taufik ခေါ် Ovie ကတော့ ထောင်ဒဏ် ၇ နှစ်နဲ့ ၆ လ ပြစ်ဒဏ် စီရင်ခံရပြီး ဖြစ်ပါတယ်။
XS
SM
MD
LG