သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အရပ်သားတွေကို နှိပ်စက်တဲ့ အင်ဒိုနီးရှား စစ်သားတွေ ထောင်ချခံရ


ပါပူဝါအရပ်သားတွေအပေါ် ညှဉ်းပန်းနှိပ်စက်မှုတွေ ကျူးလွန်ခဲ့တာတွေကို မှတ်တမ်းတင်ထားတဲ့ ဗွီဒီယို တခုထဲမှာ ပါဝင်သူ စစ်သား ၃ ယောက်ကို အင်ဒိုနီးရှား စစ်ခုံရုံးက ထောင်ဒဏ် ၁၀ လအထိ ကျခံဖို့ ပြစ်ဒဏ်စီရင်လိုက်ပါတယ်။

အကျယ်တဝန့် ဖြန့်ချိခဲ့တဲ့ ဗွီဒီယို မှတ်တမ်းထဲမှာ ပါဝင်တဲ့ တပ်ကြပ်ကြီး တယောက်နဲ့ ရဲဘော် ၂ ယောက်တို့ဟာ ညှဉ်းပန်းနှိပ်စက်မှု၊ အမိန့်မနာခံမှုတွေအတွက် အပြစ်ရှိကြောင်း တရားရုံးက ဆုံးဖြတ်ပြီး တယောက်ကို ထောင်ဒဏ် ၁၀ လ၊ နောက်တယောက်ကို ၉ လနဲ့ နောက်တယောက်ကိုတော့ ၈ လစီ အသီးသီး စီရင်ခဲ့တာပါ။

လူ့အခွင့်အရေး လှုပ်ရှားနေကြတဲ့ အဖွဲ့အစည်းတွေကတော့ အစိုးရက ဒီအမှုအပေါ် ကိုင်တွယ်ရာမှာ နှေးကွေးတာ၊ ပြစ်ဒဏ်တွေဟာ သက်သက်ညှာညှာ ဖြစ်နေတာတွေအတွက် မကျေမနပ် ဖြစ်ခဲ့ကြပါတယ်။

လက်နက်တွေ သိမ်းဆည်းထားတယ်လို့ သံသယရှိတဲ့ နေရာတွေနဲ့ ပတ်သက်လို့ ပါပူဝါ အရပ်သားတွေကို ဒီစစ်သား ၃ ယောက်က စစ်ဆေးမေးမြန်းနေတဲ့ ဗွီဒီယိုမှတ်တမ်း ပြီးခဲ့တဲ့ အောက်တိုဘာလထဲတုန်းက YouTube ဝက်ဘ်ဆိုက်ဒ်ပေါ်မှာ ဖော်ပြခဲ့တဲ့နောက် ဒီကိစ္စကို နိုင်ငံတကာ အသိုင်းအဝန်းက အာရုံစိုက်ခဲ့ကြတာပါ။

ဒီအထဲမှာ စစ်ဆေးခံနေရသူ အမျိုးသားတွေထဲက တယောက်ရဲ့ လိင်အင်္ဂါကို မီးရှို့ထားတဲ့တုတ်နဲ့ တို့နေတာ၊ နောက်တယောက်ကတော့ ဓားနဲ့ထောက်ပြီး ခြိမ်းခြောက်ခံနေရတာတွေကို တွေ့မြင်ခဲ့ကြရတာ ဖြစ်ပါတယ်။

XS
SM
MD
LG