သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အင်ဒိုနီးရှား ခရစ်ယာန် ဘုရားကျောင်းတခုတွင် အသေခံ ဗုံးခွဲ


အင်ဒိုနီးရှား ခရစ်ယာန် ဘုရားကျောင်းတခုတွင် အသေခံ ဗုံးခွဲ
အင်ဒိုနီးရှား ခရစ်ယာန် ဘုရားကျောင်းတခုတွင် အသေခံ ဗုံးခွဲ

ဒီကနေ့ အင်ဒိုနီးရှားနိုင်ငံ ဂျာဘားပြည်နယ် အလယ်ပိုင်းက ပရိုတက်စတင့် ဘုရားရှိခိုးကျောင်းတခု အပြင်ဘက်မှာ အသေခံ ဗုံးခွဲသမားတဦးရဲ့ ဖောက်ခွဲမှုကြောင့် ဖောက်ခွဲသူကိုယ်တိုင် သေဆုံးပြီး တော်တော်များများ ဒဏ်ရာရရှိခဲ့တယ်လို့ အင်ဒိုနီးရှားရဲတွေက ပြောပါတယ်။

ဆိုလို (Solo) မြို့က ခီပန်တန် (Kepunton) ဘုရားရှိခိုးကျောင်း အပြင်ဘက်မှာ ပေါက်ကွဲခဲ့တဲ့ ဗုံးကြောင့် ဗုံးဖောက်ခွဲသူနဲ့ အနည်းဆုံး နောက်ထပ် လူ ၃ ဦး သေဆုံးခဲ့တယ်လို့ မျက်မြင်သက်သေတွေက ပြောကြပါတယ်။ ဒါပေမဲ့ ရဲကတော့ ဗုံးဖောက်ခွဲသူ တယောက်ပဲ သေဆုံးတယ်လို့ အတည်ပြုခဲ့ပါတယ်။ ဒေသခံ ရေဒီယို အသံလွှင့်ဌာနကတော့ လူ ၂၀ အထက် ဒဏ်ရာရရှိခဲ့တယ်လို့ ပြောဆိုခဲ့ပါတယ်။

အင်ဒိုနီးရှားနိုင်ငံဟာ ၂၀၀၂ ခုနှစ်က လူ ၂၀၂ ယောက် သေဆုံးခဲ့ရတဲ့ ဘာလီဗုံးပေါက်ကွဲမှု အပါအဝင် ဒေသတွင်း အကြမ်းဖက် အဖွဲ့ဖြစ်တဲ့ ဂျမား အစ္စလားမီးယားရဲ့ မကြာသေးခင် နှစ်တွေအတွင်း ဆက်တိုက် တိုက်ခိုက်မှုတွေကို ခံခဲ့ရတာ ဖြစ်ပါတယ်။

XS
SM
MD
LG