သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆူမားတျားရေကြီးမြေပြို ကလေး အများအပြားအပါအဝင် လူ ၂၀ မက သေ


ဆူမားတျားမြောက်ပိုင်း ရေကြီးမြေပြိုဘေးသင့်သူများ (၁၃.၁၀၂၀၁၈)
ဆူမားတျားမြောက်ပိုင်း ရေကြီးမြေပြိုဘေးသင့်သူများ (၁၃.၁၀၂၀၁၈)

အင်ဒိုနီးရှားနိုင်ငံအနောက်ပိုင်းမှာ မိုးအကြီးအကျယ်ရွာသွားပြီး ရေကြီးမြေပြိုတာကြောင့် လူပေါင်း ၂၂ ဦးထက် မနည်း သေဆုံးသွားပါတယ်။ ဗုဒ္ဓဟူးနေ့ကတည်းက ရွာသွန်းတဲ့မိုးကြောင့် စူမတ်တျားကျွန်းမှာ ရေကြီးမြေပြိုခဲ့တာပါ။

အင်ဒိုနီးရှားနိုင်ငံအနောက်ပိုင်းမှာ မိုးအကြီးအကျယ်ရွာသွားပြီး ရေကြီးမြေပြိုတာကြောင့် လူပေါင်း ၂၂ ဦးထက် မနည်း သေဆုံးသွားပါတယ်။ ဗုဒ္ဓဟူးနေ့ကတည်းက ရွာသွန်းတဲ့မိုးကြောင့် စူမတ်တျားကျွန်းမှာ ရေကြီးမြေပြိုခဲ့တာပါ။ လွန်ခဲ့တဲ့ ၃ ရက်အတွင်း စူမတ်တျား မြောက်ပိုင်းမှာ လူပေါင်း ၁၇ ဦးထက်မနည်း သေဆုံးပြီး အနောက်ပိုင်းမှာတော့ ၅ ဦး သေဆုံးခဲ့ကြောင်း အာဏာပိုင်တွေက အတည်ပြုခဲ့ပါတယ်။ မနေ့က သောကြာနေ့မှာတော့ Mandailing Natal ခရိုင် Muara Saladi ရွာမှာ ရုတ်တရက်ရေကြီးရေလျှံမှုကြောင့် အစ္စလာမ်ကျမ်းစာ သင်ကျောင်းတက်နေတဲ့ ကလေး ၂၀ ထက်မနည်း ရေနဲ့အတူ မျောပါသွားတယ်လို့ ဒေသရဲချုပ် Irsan Sinuhaji ကပြောပါတယ်။

ရေနဲ့ ရွှ့ံ့နွံတွေထဲကနေ ကလေး ၁၁ ယောက်ရဲ့အလောင်းကို ပြန်ဆယ်နိုင်ခဲ့သလို ပျောက်ဆုံးနေတဲ့ ကျန် ကျောင်းသားတွေကို ဆက်ပြီးရှာဖွေနေတယ်လို့လည်း ရဲချုပ်ကပြောပါတယ်။ ကလေးငယ်တွေရဲ့ အလောင်းတွေချထားတဲ့ ကျန်းမာရေးဆေးခန်းမှာ သေဆုံးသူကလေးတွေရဲ့ ဆွေမျိုးတွေ ငိုယိုနေကြတာကိုလည်း ဗွီဒီယိုဖိုင်ထဲမှာ တွေ့ရပါတယ်။ အင်ဒိုနီးရှားနိုင်ငံ မိုးကြီးတဲ့အတွက် လူပေါင်း သန်းနဲ့ချီနေထိုင်ကြတဲ့ တောတောင်ထူထပ်တဲ့ဒေသတွေနဲ့ ရေလျံတတ်တဲ့ မြေပြန့်တွေမှာ မကြာခဏဆိုသလို ရေကြီးမြေပြိုမှုတွေဖြစ်ပေါ်လေ့ရှိတာပါ။ တခါ အင်ဒိုနီးရှားနိုင်ငံမှာပဲ စက်တင်ဘာလနှောင်းပိုင်းက ငလျင်နဲ့ ဆူနာမီရေလှိုင်းကြီးတွေဒဏ်ကြောင့် လူပေါင်း ၂ ထောင်ကျော်သေဆုံးခဲ့ရတဲ့ ဆူလာဝေစီကျွန်းပေါ်မှာရှိတဲ့ ပါလူမြို့က အပျက်အစီးတွေကို ကုလသမဂ္ဂအတွင်းရေးမှုးချုပ် Antonio Guterres မနေ့သောကြာနေ့က သွားရောက်ကြည့်ရှုခဲ့ပါတယ်။

အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းမှာ ကျင်းပတဲ့ အပြည်ပြည်ဆိုင်ရာ ငွေကြေးရံပုံငွေအဖွဲ့နဲ့ ကမ္ဘာ့ဘဏ်ရဲ့ နှစ်ပတ်လည်ညီလာခံကို တက်ရောက်မယ့် ခရီးစဉ်အတွင်းခုလို သွားရောက်တာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG