သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အင်ဒို လုံခြုံရေး ဥပဒေ လွှတ်တော်တွင်း အခက်ကြုံ


အင်ဒိုနီးရှား လုံခြုံရေးတင်းကျပ်။
အင်ဒိုနီးရှား လုံခြုံရေးတင်းကျပ်။

အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့တော်မှာ ၂၀၀၉ ခုနှစ်ကစလို့ ပထမဆုံးအကြိမ်အဖြစ် IS စစ်သွေးကြွတွေနဲ့ ဆက်နွယ်သူတွေရဲ့ အကြမ်းဖက်တိုက်ခိုက်မှုနဲ့ ပြီးခဲ့တဲ့ သီတင်းပတ်ထဲ ကြုံခဲ့ရပြီးနောက်၊ အမျိုးသားလုံခြုံရေး ဥပဒေကို ပိုမိုတင်းကြပ်ဖို့ သမ္မတ Joko Widodo က တောင်းဆိုခဲ့ပေမဲ့လည်း လွှတ်တော်မှာ ဆန့်ကျင်မှုတွေနဲ့ ကြုံရနိုင်ပါတယ်။

လက်နက်ကိုင် ပဋိပက္ခတွေ ဖြစ်ပွားနေတဲ့ အီရတ်နဲ့ ဆီးရီးယားတို့လို နိုင်ငံတွေက အကြမ်းဖက်ဝါဒီအုပ်စုတွေနဲ့ ပူးပေါင်းမှုတွေ မလုပ်ဖို့ တားမြစ်ထားတဲ့ ၂၀၀၃ ခုနှစ်က အကြမ်းဖက်ဝါဒ တိုက်ဖျက်ရေး ဥပဒေကို ပြန်လည်ပြင်ဆင်ဖို့နဲ့ အကြမ်းဖက် သမားတွေရှိရာကို သွားရောက်ပူးပေါင်း တိုက်ခိုက်ပြီး ပြန်လာတဲ့ အင်ဒိုနီးရှားနိုင်ငံ သားတွေကို လက်မခံဖို့ အဆိုပြုချက်ကို သမ္မတက မနေ့တုန်းကပဲ ထောက်ခံပြောဆိုထားတာပါ။

အင်ဒိုနီးရှား အကြမ်းဖက်ဝါဒ တိုက်ဖျက်ရေးအေဂျင်စီ BNPT ကတော့ IS အစွန်းရောက်အဖွဲ့နဲ့ ပူးပေါင်းပြီး တိုက်ခိုက်ဖို့ အရှေ့အလယ်ပိုင်းဒေသကို သွားခဲ့ကြတဲ့ အင်ဒိုနီးရှားနိုင်ငံသား ၈၀၀ လောက် ရှိပြီး၊ ၃၀ လောက် သေဆုံးခဲ့ပြီး ဖြစ်တယ်လို့လည်း ခန့်မှန်းထားပါတယ်။

တိုက်ခိုက်ရေးအတွက် လေ့ကျင့်သင်တန်းပေးပြီး လက်တွေ့စမ်းသပ်ဖူးတဲ့ အတွေ့အကြုံရှိသူ ၁၅၀ လောက်ဟာလည်း အင်ဒိုနီးရှားနိုင်ငံကို ပြန်လာကြတယ်လို့ ယုံကြည်ထားကြတာပါ။ လွန်ခဲ့တဲ့ ၂ နှစ်အတွင်း IS စစ်သွေးကြွတွေ နဲ့ ထောက်ခံသူတွေရဲ့ အန္တရာယ်တွေ ကြီးထွားလာတဲ့အပေါ် အင်ဒိုနီးရှား အာဏာပိုင်တွေက စိုးရိမ်လာကြပေမဲ့ လုံခြုံရေး ဥပဒေ ပြန်လည်ပြင်ဆင်ရေး အစီအစဉ်တွေကတော့ လွှတ်တော်ထဲမှာ ကြန့်ကြာနေခဲ့ပါတယ်။

ဂျကာတာမြို့တော်မှာ အကြမ်းဖက် တိုက်ခိုက်မှုနဲ့ ကြုံခဲ့ရအပြီးမှာတော့ လွှတ်တော်တွင်းမှာ မြန်မြန်ဆန်ဆန် ဆောင်ရွက်လိုတဲ့ သဘောထားတွေ ပေါ်လာပေမဲ့၊ လွှတ်တော်တွင်းမှာ အင်အားမကြီးပေမဲ့ သြဇာ အရှိန်အဝါကောင်းတဲ့ အစ္စလာမ် ပါတီတွေကတော့ IS အဖွဲ့နဲ့ ပူးပေါင်းခဲ့တဲ့ မူစလင်တွေအားလုံးဟာ အကြမ်းဖက်သမား ဖြစ်လာကြတာ မဟုတ်ဘူးဆိုပြီး ဆန့်ကျင်မှုတွေ ရှိနေကြဆဲ ဖြစ်ပါတယ်။

XS
SM
MD
LG