သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အရှေ့တောင်အာရှမှာ ပထမဆုံး ကျည်ဆံရထား အင်ဒိုနီးရှားစတင်ပြေးဆွဲမည် 


INDONESIA-TRANSPORTATION-TRIAL
INDONESIA-TRANSPORTATION-TRIAL

အရှေ့တောင်အာရှမှာ ပထမဆုံးကျည်ဆံရထားကို အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့တော်မှာ မနက်ဖြန် စတင်ပြေးဆွဲမှာဖြစ်ပါတယ်။ အမေရိကန်ဒေါ်လာ ဘီလံယံပေါင်းများစွာတန်ဖိုးရှိတဲ့ ကျည်ဆံအမြန်ရထားစီမံကိန်းကို တရုတ်ရဲ့ ပံ့ပိုးကူညီမှုနဲ့ အင်ဒိုနီးရှား အစိုးရက တည်ဆောက်ခဲ့တာပါ။

တရုတ်အကူအညီနဲ့တည်ဆောက်ထားတဲ့ ကျည်ဆံရထားကို “Whoosh" (ဝူရှ်) လို့အမည်ပေးထားပြီး ဂျကာတာနဲ့ နာရီပေါင်းများစွာကြာအောင်စီးရတဲ့ ဂျဗားပြည်နယ် ဘန်ဒေါင်းမြို့ကို ၄၅ မိနစ်အတွင်း ရောက်ရှိမှာြဖစ်ပါတယ်။ အဲဒီရထားမှာ ခရီးသည် ပေါင်း ၆၀၀ ကျော်လောက် လိုက်ပါစီးနင်းနိုင်မယ်လို့ ဆိုပါတယ်။

အခုလို အင်ဒိုနီးရှားနိုင်ငံရဲ့ လူဦးရေအများဆုံးရှိနေတဲ့ မြို့ကြီးနှစ်မြို့ကြား ပြေးဆွဲမယ့် ကျည်ဆံရထားစီမံကိန်း အကောင်အထည်ဖေါ်ဆောင်နိုင်မှုကို သမ္မတ ဂျိုကို ဝီဒိုဒိုက ချီးကျူးဂုဏ်ပြုခဲ့ပြီး တနင်္လာနေ့မှာ စတင်ဖွင့်လှစ်မယ့်အကြောင်း အင်ဒိုနီးရှားအစိုးရတာဝန်ရှိသူတွေကို ကိုးကားပြီး ဒေသတွင်းမီဒီတွေမှာ ဖေါ်ပြထားပါတယ်။

ကျည်ဆံရထားဟာ တနာရီကို ကီလိုမီတာ ၃၅၀ (မိုင် ၂၂၀) အထိ မောင်းနှင်နိုင်ပြီး တရုတ်-အင်ဒိုနီးရှား နှစ်နိုင်ငံ ဖက်စပ် ပူးပေါင်းတည်ဆောက်ခဲ့တဲ့ စီမံကိန်းမှာ ဒေါ်လာ ၇ ဘီလီယံကျော် ကုန်ကျခဲ့တာပါ။ ဒါ့ပြင် အင်ဒိုနီးရှားရဲ့ ကျည်ဆံရထားစီမံကိန်းဟာ တရုတ်နိုင်ငံရဲ့ Belt and Road ခေတ်သစ်ပိုးလမ်းမစီမံကိန်းရဲ့ အခြေခံအဆောက်အအုံ ပဏာမခြေလှမ်း တစိတ်တပိုင်းလည်း ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG