သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အင်ဒိုနီးရှား တပ်ဖွဲ့တွေ ညှဉ်းပန်းနှိပ်စက်မှု ကျူးလွန်ကြောင်း လူ့အခွင့်အရေးအဖွဲ့ စွပ်စွဲ


အင်ဒိုနီးရှား တပ်ဖွဲ့တွေ ညှဉ်းပန်းနှိပ်စက်မှု ကျူးလွန်ကြောင်း လူ့အခွင့်အရေးအဖွဲ့ စွပ်စွဲ
အင်ဒိုနီးရှား တပ်ဖွဲ့တွေ ညှဉ်းပန်းနှိပ်စက်မှု ကျူးလွန်ကြောင်း လူ့အခွင့်အရေးအဖွဲ့ စွပ်စွဲ

အင်ဒိုနီးရှားနိုင်ငံ ပါပူဝါကျွန်းပေါ်က မူရင်း ဒေသခံ ကျွန်းသားတယောက်ရဲ့ လိင်အင်္ဂါကို အင်ဒိုနီးရှား လုံခြုံရေး တပ်ဖွဲ့ဝင်တွေက မီးရှို့ နှိပ်စက်နေတဲ့ ဗွီဒီယိုပုံတွေ သူတို့ရထားတယ်လို့ ဟောင်ကောင် အခြေစိုက် လူ့အခွင့်အရေး အဖွဲ့တခုက ပြောလိုက်ပါတယ်။

အာရှ လူ့အခွင့်အရေး ကော်မရှင်က ရရှိထားတဲ့ အနောက် ပါပူဝါပြည်နယ်မှာ လတ်တလော ရိုက်ကူးခဲ့တဲ့ ဗွီဒီယိုထဲမှာ စစ်သားတွေက ပါပူဝါ တိုင်းရင်းသားတွေကို ညှဉ်းပန်း နှိပ်စက်နေတာကို မြင်တွေ့ရတယ်လို့ ပြောပါတယ်။

ဗွီဒီယိုပုံ တချို့ကိုတော့ သူတို့ရဲ့ ဝက်ဘ်ဆိုက်ပေါ်မှာ တင်ထားပေးပါတယ်။ တချို့ နှိပ်စက်နေတဲ့ ပုံတွေဟာ ကွက်ကွက်ကွင်းကွင်း ဖြစ်လွန်းတဲ့အတွက် အများမြင်ဖို့ မသင့်တော်လို့ မတင်တာလို့ အာရှ လူ့အခွင့်အရေး ကော်မရှင်က ပြောပါတယ်။

ဗွီဒီယိုပြကွက် တခုထဲမှာ အင်ဒိုနီးရှား စစ်သားလို့ ပြောတဲ့ ယူနီဖောင်း ဝတ်ထားသူတွေက မူရင်း ဒေသခံ ပါပူဝါ တိုင်းရင်းသားတွေကို ထိုးကြိတ် ကန်ကျောက်နေတာကို မြင်ရပါတယ်။ နောက်ပြကွက်တခုမှာတော့ အရပ်ဝတ် လုံခြုံရေး အရာရှိလို့ ဆိုသူတွေက လူတယောက်ရဲ့ မျက်နှာကို ဓားနဲ့ထောက်ထားပြီး စစ်ကြော မေးမြန်းနေပုံကို တွေ့ရပါတယ်။

ဒီ ဗွီဒီယိုပုံတွေဟာ အစစ်အမှန် ဟုတ်ရဲ့လား ဆိုတာကို စစ်ဆေးနေတယ်လို့ အင်ဒိုနီးရှား အစိုးရက ပြောပါတယ်။

XS
SM
MD
LG