သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အင်ဒိုနီးရှားမှာ ရထားချင်းတိုက် လူ ၃၆ ဦးသေဆုံး


အင်ဒိုနီးရှားမှာ ရထားချင်းတိုက် လူ ၃၆ ဦးသေဆုံး

ရပ်ထားတဲ့ရထားတစ်စီးရဲ့ နောက်ပိုင်းကို ခရီးသည်တင် ရထားတစ်စီးက ၀င်ပြီးတိုက်မိခဲ့တဲ့အတွက် အင်ဒိုနီးရှားနိုင်ငံ ဂျာဗားကျွန်းမှာ လူပေါင်း ၃၆ ယောက် သေဆုံးပြီး လူ ၃၀ ကျော် ဒဏ်ရာရသွားခဲ့တယ်လို့ အင်ဒိုနီးရှား အာဏာပိုင်တွေက ပြောပါတယ်။ ဒါဟာ လူကြောင့်ဖြစ်ပြီး စက်ချို့ယွင်းမှုကြောင့် မဟုတ်ဘူးလို့လည်း ဆိုပါတယ်။

ခရီးသည်တင်ရထားဟာ အင်ဒိုနီးရှားနိုင်ငံ မြို့တော် ဂျကာတာ ကနေ ဆူရာဗာရားကို မောင်းနှင်တဲ့ရထား ဖြစ်ပြီး ဂျာဗားခရိုင် အလယ်ပိုင်း ပီတာရူကာမြို့မှာ စနေနေ့မနက် ၂ နာရီ ၄၅ မိနစ်က တိုက်မိခဲ့တာဖြစ်ပါတယ်။ တိုက်မိတဲ့အရှိန်ကြောင့် ရထားတွဲအများအပြား ထိခိုက်ပြီး လမ်းချော် တိမ်းမှောက်ခဲ့တာပါ။

ရထား နှစ်စင်းလုံးပေါ်မှာတော့ ရာနဲ့ချီတဲ့ ခရီးသည်တွေ ရှိနေပြီး ရထားတိုက်မိချိန်မှာ ခရီးသည်အများအပြား အိပ်ပျော်နေကြတယ်လို့ မျက်မြင်သက်သေတွေက ပြောပါတယ်။ ဒေသခံတွေက ရထားတိမ်းမှောက်တဲ့ ဒဏ်ကြောင့် ထိခိုက် ဒဏ်ရာရာသူတွေကို ကယ်ဆယ်ရေးလုပ်သားတွေ ကယ်ဆယ်ရေးပစ္စည်းတွေနဲ့ ရောက်မလာခင်မှာ ကယ်ထုတ်ခဲ့ကြပါတယ်။

XS
SM
MD
LG