သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မီးခိုးမြူတားဆီးနိုင်အောင် အင်ဒိုနီးရှားတောမီးငြိမ်းသတ်


မီးခိုးငွေ့များဖုံးလွှမ်းနေသော စင်္ကာပူနိုင်ငံက မနက်ခင်းနေထွက်လာချိန်။
မီးခိုးငွေ့များဖုံးလွှမ်းနေသော စင်္ကာပူနိုင်ငံက မနက်ခင်းနေထွက်လာချိန်။
စင်္ကာပူနိုင်ငံမှာ စံတင်လောက်အောင် မီးခိုးမြူတွေ ဖုံးလွှမ်းစေတဲ့ တောင်ယာ သစ်တောမီးတွေ ငြိမ်းသွားစေဖို့ အင်ဒိုနီးရှား အစိုးရက ရဟတ်ယာဉ်တွေ သုံးပြီး မီးငြိမ်းသတ်ပေးနေပါတယ်။

ငြိမ်းလို့ မနိုင်အောင်ဖြစ်နေတဲ့ မီးကို ရဟတ်ယာဉ်နဲ့ ရေဖြန်းငြိမ်းသတ်ပေးနေသလို မကြာခင်ရက်တွေအတွင်းမှာလည်း သဘာဝမဟုတ်တဲ့ မိုးအတု ရွာသွန်းအောင် တိမ်တိုက်တွေဖန်တီးပေးပြီး မီးငြိမ်းဖို့ ကြိုးစားမယ်လို့ ပြောပါတယ်။

စင်္ကာပူနိုင်ငံရဲ့ လေထုညစ်ညမ်းမှု အညွှန်းကိန်းဟာ သောကြာနေ့ နေ့လည်မှာ ၄၀၀ အထိ တိုးသွားပြီး ဆိုးဝါးတဲ့ နောက်ထပ် စံချိန်သစ် တင်လိုက်ပြီ ဖြစ်ပါတယ်။ ဒါဟာ မြို့နေလူထုအတွက် အသက်ရှုလမ်းကြောင်းဆိုင်ရာ အတော်ဆိုးဝါးတဲ့အန္တရာယ်ရှိတဲ့ အဆင့်ဖြစ်ပါတယ်။ အိမ်နီးချင်း မလေးရှားနိုင်ငံမှာလည်း လေထုညစ်ညမ်းမှု အခြေအနေ အတော်ဆိုးတဲ့ဒဏ်ကို ခံနေကြရတာပါ။

စင်္ကာပူဝန်ကြီးချုပ် Lee Hsien Loong က တနင်္လာနေ့ ကစပြီး စင်္ကာပူနိုင်ငံတဝှမ်း လွှမ်းခြုံနေတဲ့ မီးခိုးမြူတွေဟာ စက်တင်ဘာ ဒါမှမဟုတ် အောက်တိုဘာလ ခြောက်သွေ့ရာသီလောက်ကျမှ ကင်းရှင်းမယ့် အနေအထား ရှိနေတယ်လို့ သတိပေးခဲ့ပါတယ်။
စင်္ကာပူ သဘာဝပတ်ဝန်းကျင် ထိမ်းသိမ်းရေးဌာနက အကြီးအကဲ Andrew Tan ကတော့ အင်ဒိုနီးရှားနိုင်ငံမှာ စိုက်ပျိုးရေး ကုမ္ပဏီတွေကို ဈေးသက်သာတဲ့ တောင်ယာ မီးရှို့တဲ့စံနစ်မသုံးအောင် အစိုးရက သေသေချာချာ လုပ်ဆောင်ဖို့လိုတယ်လို့ တောင်းဆိုခဲ့ပါတယ်။
XS
SM
MD
LG