သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အင်ဒိုဆူနာမီဒုက္ခသည် ဒေါ်လာသန်း ၅၀ ကျော် အကူလို

Indonesia Earthquake
Indonesia Earthquake

အင်ဒိုနီးရှားနိုင်ငံမှာ လွန်ခဲ့တဲ့ သီတင်းပတ်က လှုပ်ခတ်ခဲ့တဲ့ ငလျင်နဲ့ ဆူနာမီလှိုင်းလုံးကြီးတွေကြောင့် ဘေးဒုက္ခရင်ဆိုင်ရသူ ၂ သိန်းနီးပါးအတွက် အကူအညီတွေပေးဖို့ ဒေါ်လာ သန်း ၅၀ ကျော်လိုအပ်နေကြောင်း ကုလသမဂ္ဂအဖွဲ့ကြီးက ပြောလိုက်ပါတယ်။

အင်ဒိုနီးရှားအစိုးရတာဝန်ရှိသူတွေနဲ့ ဆွေးနွေးပြီးနောက် ကုလသမဂ္ဂရဲ့ ဒီအစီအစဉ်ကို သောကြာနေ့က ထုတ်ပြန်လိုက်တာပါ။ လာမယ့် သီတင်း ၃ ပတ်အတွင်း ဒေါ်လာ ၅၀.၅ သန်းကို နိုင်ငံတကာကနေ ဝိုင်းဝန်းလှုဒါန်ကြဖို့နဲ့ ကနဦးအစီအစဉ်တွေ အဲဒီထုတ်ပြန်ချက်ထဲမှာ ပါဝင်ပါတယ်။ စက်တင်္ဘာလ ၂၈ ရက်နေ့က ဆူလာဝေစီကျွန်းအလယ်ပိုင်းမှာ လှုပ်ခတ်ခဲ့တဲ့ ငလျင်နဲ့ ဆူနာမီကြောင့် သေဆုံးသူအရေအတွက်ဟာ ၁၆၀၀ ကျော်သွားပြီး အပြင်းအထန် ဒဏ်ရာရသူ ၂၅၀၀ လောက် ရှိလာပါတယ်။ ကုလသမဂ္ဂက ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာတော့ ၁၁၃ ဦးဟာ ပျောက်ဆုံးနေဆဲဖြစ်ပြီး ၇ သောင်းလောက်ဟာ ဘေးအန္တရယ်ကင်းရာ ရွှေ့ပြောင်းနေထိုင်ခဲ့ကြရတယ်လို့ ဆိုပါတယ်။

သောကြာနေ့တုန်းက အင်ဒိုနီးရှား ဒုသမ္မတ Jusuf Kalla ဟာလည်း ဆူနာမီဒဏ်ကို အဓိကခံရတဲ့ Palu မြို့ကိုသွားရောက်ပြီး ဒေသခံတွေအနေနဲ့ အစိုးရ၊ ဒေသခံအာဏာပိုင်တွေနဲ့ ပူးပေါင်းပြီး မြို့ပြန်လည်ထူထောင်ရေး ဆောင်ရွက်ကြဖို့ အားပေးစကားပြောကြားပါတယ်။

အင်ဒိုဆူနာမီဒုက္ခသည် ဒေါ်လာသန်း ၅၀ ကျော် အကူလို
please wait

No media source currently available

0:00 0:00:35 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG