သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရဲချုပ်အဖြစ် အမည်တင်သွင်းခံရသူကို အင်ဒိုနီးရှားဆန္ဒပြ


အင်ဒိုနီးရှားနိုင်ငံမှာ ရဲချုပ်ရာထူးအတွက် အမည်စာရင်း တင်သွင်းခံရသူဟာ အဂတိလိုက်စားမှုအတွက် သံသယရှိသူအဖြစ် သတ်မှတ်ခံရသူ ဖြစ်နေတာမို့ ဒါကိုကန့်ကွက်တဲ့အနေနဲ့ ကျောင်းသားတွေ၊ တောင်သူလယ်သမားတွေနဲ့ အလုပ်သမားအဖွဲ့အစည်းက အဖွဲ့ဝင်တွေ ပါဝင်တဲ့ ရာနဲ့ချီတဲ့ တက်ကြွလှုပ်ရှားသူတွေဟာ ဂျကာတာမြို့တော်က သမ္မအိမ်တော်ရှေ့မှာ ကန့်ကွက်ဆန္ဒပြခဲ့ကြပါတယ်။

Jokowi လို့ အများခေါ်ကြတဲ့ အင်ဒိုနီးရှားသမ္မတ Joko Widodo ဟာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် KPK ကို နိုင်ငံတွင်း ထိပ်ပိုင်းအရာရှိကြီးတွေ အားလုံးနီးပါးကို စုံစမ်းစစ်ဆေးဖို့အတွက် ထူးထူးခြားခြားပဲ ညွှန်ကြားခဲ့တာပါ။ ဒါပေမဲ့လည်း ဒီအထဲက အဂတိလိုက်စားမှုနဲ့ သံသယရှိသူအဖြစ် KPK က ဗိုလ်ချုပ်ကြီး Budi Gunawan ကို ဖော်ပြခဲ့ပါတယ်။

Budi Gunawan ကို ရဲချုပ်ခန့်အပ်ဖို့ သမ္မတရဲ့ အစီအစဉ်ကို အင်ဒိုနီးရှား ကျောင်းသားတွေက စိတ်ပျက်ခဲ့ကြတယ်လို့ အင်ဒိုနီးရှားတက္ကသိုလ်က ကျောင်းသားအဖွဲ့အစည်း ဥက္ကဌ Andi Aulia Rahman က ပြောပါတယ်။ အခုလုပ်ရပ်ကိုကြည့်ရင် Jokowi ဟာ သူ့ပါတီထဲက လူတွေကိုသာမက တရားရေးစနစ်ထဲက မာဖီးယားလို ဆိုးဆိုးရွားရွား သြဇာကြီးတဲ့ သူတွေကိုပါ ကြောက်နေရပုံ ပေါ်တယ်လို့လည်း ပြောပါတယ်။

ဗုဒ္ဓဟူးနေ့ ဆန္ဒပြသူတွေဟာ KPK ရဲ့ လက်ထောက် အကြီးအကဲ Bambang Widjianto ကို ရာဇဝတ်မှုခင်းဆိုင်ရာ စုံစမ်းမှုတွေလုပ်ပြီး ပြီးခဲ့တဲ့ သီတင်းပတ်ထဲက ဖမ်းဆီးခဲ့ပေမဲ့ အဲဒီအချိန်ကစပြီး အခုထိ လွတ်မြောက်နေမှု အပေါ်မှာလည်း ဒေါသထွက်နေကြတာ ဖြစ်ပါတယ်။

XS
SM
MD
LG