အင်ဒိုနီးရှားနိုင်ငံမှာ စနေနေ့က မီးတောင်တလုံး ပေါက်ကွဲခဲ့တာ မှာ ကောင်းကင်ထက်မှာ မီးခိုးပြာမှုံတွေနဲ့အတူ ချော်ရည်ပူတွေလည်း ပန်းထွက်လာခဲ့တာကြောင့် ကမ်းခြေတခုမှာ အိပ်ပျော်နေတဲ့ လူ ၆ ဦး သေဆုံးခဲ့ရပါတယ်။
Palue ကျွန်းပေါ်က Rokatenda မီးတောင် ပေါက်ကွဲမှုကြောင့် လူ ၂,၀၀၀ ထက်မနည်းကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးခဲ့ရပါတယ်။ စနေနေ့ က သေဆုံးခဲ့သူတွေထဲမှာတော့ ကလေးငယ် ၂ ဦးထက်မနည်း ပါဝင်တယ်လို့ အင်ဒိုနီးရှားအစိုးရ အရာရှိတွေက ပြောပါတယ်။
အင်ဒိုနီးရှားနိုင်ငံဟာ ပစိဖိတ်ဒေသ မီးတောင်ရပ်ဝန်းထဲမှာ ရှိနေတာကြောင့် ငလျင်အန္တရာယ်နဲ့ မီးတောင်ပေါက်ကွဲမှုအန္တရာယ် များလှတဲ့ ဒေသတခုဖြစ်ပါတယ်။