သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အင်ဒိုနီးရှားမီးတောင်ပေါက်ကွဲမှု နှစ် ၁၄၀ အတွင်း အပြင်းထန်ဆုံး


အင်ဒိုနီးရှားမီးတောင်ပေါက်ကွဲမှု နှစ် ၁၄၀ အတွင်း အပြင်းထန်ဆုံး
အင်ဒိုနီးရှားမီးတောင်ပေါက်ကွဲမှု နှစ် ၁၄၀ အတွင်း အပြင်းထန်ဆုံး

အင်ဒိုနီးရှားနိုင်ငံမှာ ပေါက်ကွဲနေတဲ့ မီရာပီ မီးတောင်ကြောင့် လူပေါင်းအနည်းဆုံး ၇၀ ကျော် သေဆုံးခဲ့ရပါတယ်။ မီးတောင်တဝိုက်မှာ ရှိနေတဲ့ အိမ်တွေမှာလည်း မီးတောင်ပေါက်ကွဲမှုက ထွက်လာတဲ့ ပြာတွေနဲ့ ဖုံးအုပ်နေပါတယ်။

အခုပေါက်ကွဲမှုဟာ အင်ဒိုနီးရှားနိုင်ငံမှာ ရာစုနှစ်တခုအတွင်း အပြင်းထန်ဆုံး ဖြစ်ပါတယ်။ မနေ့ညပိုင်းကနေ ဒီကနေ့အထိ ပေါက်ကွဲမှုတွေ အကြီးအကျယ် ဖြစ်နေခဲ့တာပါ။ အဲဒီ မီရာပီမီးတောင်ဟာ ပြီးခဲ့တဲ့ အောက်တိုဘာ ၂၆ရက်နေ့က စတင်ပေါက်ကွဲခဲ့တာဖြစ်ပြီး ဒီပေါက်ကွဲမှုတွေကြောင့် အခုချိန်ထိ သေဆုံးသူ လူ ၁၀၀ ကျော် ရှိခဲ့ပါပြီ။

ဒီမီးတောင်ရှိတဲ့နေရာက မိုင်၂၀ ကျော်အကွာအဝေးကို အန္တရာယ်နယ်မြေအဖြစ် အင်ဒိုနီးရှား အာဏာပိုင်တွေက သတ်မှတ်ထားပြီး မီးတောင်တဝိုက်မှာ နေထိုင်ကြတဲ့သူတွေကိုလည်း ဘေးလွတ်ရာ ရွှေ့ခိုင်းထားပါတယ်။ သူတို့အတွက် အရေးပေါ်နေစရာတွေကိုလည်း စီစဉ်ပေးထားပါတယ်။

ဒီမီးတောင်ပေါက်ကွဲမှုဟာ ဘယ်အချိန်ကျမှ ရပ်လိမ့်မလဲ ဆိုတာကိုလည်း ခန့်မှန်းဖို့ ခက်နေတာပါ။ အင်ဒိုနီးရှားနိုင်ငံမှာ ၁၈၇၀ ခုနှစ်တွေကစပြီး ဖြစ်ပွားခဲ့တဲ့ မီးတောင် ပေါက်ကွဲမှုတွေထဲမှာ အခုပေါက်ကွဲမှုကတော့ အကြီးမားဆုံးပဲလို့ မီးတောင် ကျွမ်းကျင်သူတွေက ပြောပါတယ်။

XS
SM
MD
LG