သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

အင္ဒိုနီးရွား မီးေတာင္ေပါက္ကဲြမႈ ၁ ဦးေသ၊ ၄၀ ေက်ာ္ ဒဏ္ရာရ


ၿပီးခဲ့တဲ့ ဇန္နဝါရီလအတြင္း အင္ဒုိနီးရွားမီးေတာင္ Mount Semeru ေပါက္ကြဲၿပီး ေခ်ာ္ရည္ေတြ လြင့္စင္ထြက္ေနတဲ့ျမင္ကြင္း။ (ဇန္နဝါရီ ၁၇၊ ၂၀၂၁)

(Zawgyi / Unicode)

အင္ဒုိနီးရွားႏုိင္ငံ ဂ်ာဗားကၽြန္းေပၚမွာရွိတဲ့ အျမင့္ဆုံးမီးေတာင္ႀကီး Mount Semeru ဟာ မုိးသည္းထန္စြာ ရြာသြန္းခဲ့ၿပီးတဲ့ေနာက္ စေနေန႔က ႐ုတ္တရက္ ေပါက္ကဲြခဲ့တဲ့အတြက္ ျပာပူေတြ၊ ဓာတ္ေငြ႔ေတြနဲ႔ ေခ်ာ္ရည္ပူေတြ လြင့္စင္ထြက္ေပၚရာက အနည္းဆုံး လူ ၁ ဦးေသၿပီး ဒဏ္ရာရသူ ၄၁ ဦးကုိ ေဆး႐ုံတင္ထားရပါတယ္။

အေရွ႕ဂ်ာဗားျပည္နယ္၊ Lumajang ခ႐ိုင္က မီးေတာင္ေပါက္ကဲြမႈေၾကာင့္ အနီးအနားကရြာေတြ ျပာေတြနဲ႔ ဖုံးလႊမ္းသြားပါတယ္။

မိုးႀကိဳးမုန္တိုင္းနဲ႔ ေန႔စဥ္ရက္ဆက္ မိုးရြာသြန္းမႈေၾကာင့္ ေရတိုက္စားရာကေန ေပ ၁၂,၀၀၀ ျမင့္တဲ့ Semeru မီးေတာင္ရဲ႕ ထိပ္ဝ ၿပိဳက်ရာက ေပါက္ကဲြမႈ ျဖစ္ခဲ့တာလို႔လည္း ဘူမိေဗဒတိုင္းတာေရးဌာန အႀကီးအကဲ Eko Budi Lelono က ေျပာပါတယ္။

ဓာတ္ေငြ႔ေတြနဲ႔ ေခ်ာ္ရည္ပူေတြဟာ အနီးအနားရြာထဲက ျမစ္အတြင္း စေနေန႔က ၂ ႀကိမ္ စီးဝင္ခဲ့ေၾကာင္းလည္း ေဒသခံေတြက ေျပာပါတယ္။ မီးေတာင္ေပါက္ကဲြမႈေၾကာင့္ တံတား ၂ စင္းနဲ႔ ေနအိမ္ေတြ ထိခိုက္ပ်က္စီးခဲ့ၿပီး ရာနဲ႔ခ်ီတဲ့သူေတြကုိ ေဘးလြတ္ရာ ေရႊ႕ေျပာင္းထားရပါတယ္။

ပစိဖိတ္သမုဒၵရာထဲက Ring of Fire လို႔ ေခၚၾကတဲ့ မီးေတာင္ရပ္ဝန္းမွာ တည္ရွိတဲ့ အင္ဒိုနီးရွားႏိုင္ငံဟာ မၾကာခဏဆိုသလို မီးေတာင္ေပါက္ကဲြမႈေတြနဲ႔ ငလ်င္ဒဏ္ကို ခံရေလ့ ရွိတတ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

-------------------------

(Unicode)

အင်ဒိုနီးရှား မီးတောင်ပေါက်ကွဲမှု ၁ ဦးသေ၊ ၄၀ ကျော် ဒဏ်ရာရ

အင်ဒိုနီးရှားနိုင်ငံ ဂျာဗားကျွန်းပေါ်မှာရှိတဲ့ အမြင့်ဆုံးမီးတောင်ကြီး Mount Semeru ဟာ မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီးတဲ့နောက် စနေနေ့က ရုတ်တရက် ပေါက်ကွဲခဲ့တဲ့အတွက် ပြာပူတွေ၊ ဓာတ်ငွေ့တွေနဲ့ ချော်ရည်ပူတွေ လွင့်စင်ထွက်ပေါ်ရာက အနည်းဆုံး လူ ၁ ဦးသေပြီး ဒဏ်ရာရသူ ၄၁ ဦးကို ဆေးရုံတင်ထားရပါတယ်။

အရှေ့ဂျာဗားပြည်နယ်၊ Lumajang ခရိုင်က မီးတောင်ပေါက်ကွဲမှုကြောင့် အနီးအနားကရွာတွေ ပြာတွေနဲ့ ဖုံးလွှမ်းသွားပါတယ်။

မိုးကြိုးမုန်တိုင်းနဲ့ နေ့စဉ်ရက်ဆက် မိုးရွာသွန်းမှုကြောင့် ရေတိုက်စားရာကနေ ပေ ၁၂,၀၀၀ မြင့်တဲ့ Semeru မီးတောင်ရဲ့ ထိပ်ဝ ပြိုကျရာက ပေါက်ကွဲမှု ဖြစ်ခဲ့တာလို့လည်း ဘူမိဗေဒတိုင်းတာရေးဌာန အကြီးအကဲ Eko Budi Lelono က ပြောပါတယ်။

ဓာတ်ငွေ့တွေနဲ့ ချော်ရည်ပူတွေဟာ အနီးအနားရွာထဲက မြစ်အတွင်း စနေနေ့က ၂ ကြိမ် စီးဝင်ခဲ့ကြောင်းလည်း ဒေသခံတွေက ပြောပါတယ်။ မီးတောင်ပေါက်ကွဲမှုကြောင့် တံတား ၂ စင်းနဲ့ နေအိမ်တွေ ထိခိုက်ပျက်စီးခဲ့ပြီး ရာနဲ့ချီတဲ့သူတွေကို ဘေးလွတ်ရာ ရွှေ့ပြောင်းထားရပါတယ်။

ပစိဖိတ်သမုဒ္ဒရာထဲက Ring of Fire လို့ ခေါ်ကြတဲ့ မီးတောင်ရပ်ဝန်းမှာ တည်ရှိတဲ့ အင်ဒိုနီးရှားနိုင်ငံဟာ မကြာခဏဆိုသလို မီးတောင်ပေါက်ကွဲမှုတွေနဲ့ ငလျင်ဒဏ်ကို ခံရလေ့ ရှိတတ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG