သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂျာဗားကျွန်း မီးတောင်ပေါက် ၃ဦးသေ


အင်ဒိုနီးရှားမီးတောင် ပေါက်ကွဲမှု (ဖေဖော်ဝါရီ ၁၄၊ ၂၀၁၄)
အင်ဒိုနီးရှားမီးတောင် ပေါက်ကွဲမှု (ဖေဖော်ဝါရီ ၁၄၊ ၂၀၁၄)

အင်ဒိုနီးရှားနိုင်ငံ၊ ဂျာဗားကျွန်းက မီးတောင်ကြီးတစ်လုံး ပေါက်ကွဲတာကြောင့် လူသုံးဦးထက်မနည်း သေဆုံးပြီး လူ ၁၀၀,၀၀၀ ထက်မနည်းကို ရွှေ့ပြောင်း ကယ်ဆယ်ခဲ့ရပါတယ်။ Kelud မီးတောင် ကြာသပတေးနေ့က ပေါက်ကွဲ တာကြောင့် ချော်မှုန်တွေဟာ လေထုထဲကို ၁၈ မိုင်အမြင့်ထိ ပြန့်နှံ့ သွားခဲ့ပါတယ်။ သောကြာနေ့က အစိုးရအဖွဲ့အစည်းအဝေး ထိုင်ပြီးတဲ့နောက် သမ္မတ ဆူဆီလို ဘမ်ဘန်း ယိုဒိုယိုနို (Susilo Bambang Yudhoyono) က Kelud တောင်နဲ့ အနီးတဝိုက်ဒေသအတွက် အရေးပေါ် အခြေအနေ ကြေညာခဲ့ပါတယ်။

မီးတောင်ပေါက်ကွဲမှုကြောင့် မိုင် ၃၀၀ ကျော်အဝေးမှာရှိတဲ့ မြို့တွေမှာ ပြာမှုန်တွေ၊ ကျောက်တုံးကျောက်ခဲတွေ ဖုံးလွှမ်း သွားခဲ့ပြီး ကျောင်းတွေ၊ စီးပွားရေးလုပ်ငန်းတွေ အပြင် လေဆိပ်ခုနှစ်ခုကိုလည်း ပိတ်ပစ်ခဲ့ရပါတယ်။ အဆိုးဆုံး အခြေအနေကို လွန်သွားပြီလို့ သိပ္ပံပညာရှင်တွေက ယူဆကြပေမဲ့ သောကြာနေ့မှာ နောက်ဆက်တွဲ ပေါက်ကွဲမှု အသေးစားလေးတွေ ဆက်ဖြစ်ခဲ့ပါသေးတယ်။ အင်ဒိုနီးရှားနိုင်ငံမှာ မီးတောင်ရှင် အရေအတွက် ၁၃၀ လောက် ရှိပါတယ်။

ပြီးခဲ့တဲ့လကလည်း ဆူမတြားကျွန်းပေါ်က Sinabung မီးတောင် ပေါက်ကွဲတဲ့အတွက် လူ ၁၆ ယောက်သေဆုံးပြီး ထောင်နဲ့ချီတဲ့ လူတွေ ထွက်ပြေးခဲ့ရသလို ကောက်ပဲသီးနှံတွေလည်း ပျက်စီးခဲ့ပါတယ်။

XS
SM
MD
LG