သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပျက်ကျ လေယာဉ် AirAsia က ၂၂ လောင်း တွေ့


AirAsia ခရီးသည် တင်လေယာဉ် အစိတ်အပိုင်းတွေနဲ့ သေဆုံးသူအလောင်းတွေကို ဆယ်ယူနိုင်ဖို့ ဒီနေ့ ရာသီဥတု အနည်းငယ် ပြန်ကောင်းလာခဲ့ပြီး တဲ့နောက် ရေအောက် ရှာဖွေရေး ကိရိယာတွေ ချပြီး ဆက်ရှာဖို့ပြင်နေတယ်လို့ ရှာဖွေရေး လုပ်သားတွေ ထုတ်ပြောလိုက်ပါတယ်။

အင်ဒိုနီးရှား အရာရှိတွေက ဒီနေ့ အလောင်းတချို့ ထပ်မံရှာတွေ့ခဲ့တာကြောင့် စုစုပေါင်း အလောင်း ၂၂ လောင်း ရရှိထားပြီလို့ဆိုပါတယ်။ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ က ရေဒါထဲကနေ ပျောက်သွားပြီး ပျက်ကျခဲ့တဲ့ ဒီ မလေးရှား ပိုင် လေယာဉ်ပေါ်မှာ ခရီးသည်နဲ့ လေယာဉ်ဝန်ထမ်း ၁၆၂ ယောက် လိုက်ပါသွားခဲ့တာပါ။

ရာသီဥတု ဆိုးရွားနေတဲ့အတွက် Airbus 320 က အစိတ်အပိုင်းတွေကို ဆက်လက် ရှာဖွေဖို့ အခက်အခဲရှိနေပြီး ပင်လယ် ကြမ်းပြင်အောက် ရေဒါနဲ့ ရှာဖွေ တွေ့ရှိ ထားတဲ့ ကြီးမားတဲ့ အနက်ရောင် အစိတ်အပိုင်းကြီးကိုလည်း ဆယ်ယူဖို့ အခက်အခဲ ရှိနေပါတယ်။

လာမယ့် တနင်္ဂနွေနေ့အထိ လေပြင်းတိုက်ခတ်ပြီး မိုးအကြီးအကျယ် ရွာသွန်းနေနိုင်တယ်လို့ မိုးလေဝသ အရာရှိတွေက ခန့်မှန်းထားတာပါ။

Borneo ကျွန်းအနီး ဂျာဗားပင်လယ်ထဲမှာ ဒီလေယာဉ်ပျက်နဲ့အတူ အရေးကြီးတဲ့ လေယာဉ်အချက်အလက်မှတ်တမ်းစက်တွေကို ရယူနိုင်ဖို့ အနည်းဆုံး တပတ်လောက်တော့ ကြာနိုင်တယ်လို့ အင်ဒိုနီးရှား အရာရှိတွေက ခန့်မှန်းထားပါတယ်။လက်ရှိရှာဖွေရေး လုပ်ငန်းတွေမှာတော့ အမေရိကန် သင်္ဘောတချို့လည်း ပါဝင် ကူညီပေးနေပါတယ်။

XS
SM
MD
LG