သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာဆန်ဝယ်ဖို့ အင်ဒိုနီးရှား စဉ်းစားနေ


FILE PHOTO: Myanmar plans to curb rice exports to control domestic prices
FILE PHOTO: Myanmar plans to curb rice exports to control domestic prices

ကမ္ဘာမှာ ဆန်အများဆုံးတင်ပို့နေတဲ့ အိန္ဒိယက နိုင်ငံခြားတင်ပို့တဲ့ ဆန်အမျိုးအစားတချိုကို တင်ပို့မှု ပိတ်ပင်ခဲ့လို့ ဈေးကွက်မှာ ဆန်ရှားပါးလာနေချိန် အင်ဒိုနီးရှားနိုင်ငံက မြန်မာနိုင်ငံက ဆန်တွေ ဝယ်ယူဖို့ စဉ်းစားနေပါတယ်။

Basmati အမျိုးအစားမဟုတ်တဲ့ ဆန်လုံးဖြူတင်ပို့မှုကို အိန္ဒိယက ဇူလိုင်လထဲမှာ ပိတ်ပင်ခဲ့ပြီးနောက် ကမ္ဘာ့ဆန်ဈေးကွက်မှာ ဒုတိယနဲ့ တတိယ အများဆုံးဆန်တင်ပို့တဲ့ ထိုင်းနဲ့ ဗီယက်နမ်ဆန်တွေ ၂၀% အထိ မြင့်တက်နေပါတယ်။ တခြားဆန်တင်ပို့တဲ့နိုင်ငံတွေကလည်း ပြည်တွင်းလိုအပ်ချက်ကို ဦးစားပေးပြီး ဆန်တင်ပို့မှုတွေ ကန့်သတ်မှုဖို့ လုပ်နေချိန်မှာ အင်ဒိုနီးရှားက မြန်မာနဲ့ ကမ္ဘောဒီးယားကနေ ဆန်တင်သွင်းဖို့ စဉ်းစားလာတာဖြစ်ပါတယ်။

အင်ဒိုနီးရှား အစာဝယ်ယူစုဆောင်းရေး ကုမ္ပဏီ Bulog က၊ El Nino အပူလှိုင်းရာသီဥတု ဖြစ်လာတာကြောင့် ဒီနှစ် ပြည်တွင်း ဆန်အထွက်နှုန်းထိခိုက်နိုင်တာမို့ ကြိုသိုလှောင်ဖို့ မြန်မာနဲ့ကမ္ဘောဒီယားကနေသွင်းဖို့ ကြည့်နေတယ်လို့ ပြောကြားခဲ့တာပါ။ ကမ္ဘောဒီယားက တောင်းတဲ့ဈေး တော်တော်လေးများတဲ့အတွက် တခြားနည်းလမ်းတွေ ရှာဖွေနိုင်ဖို့ မျှော်လင့်တယ်ဆိုတဲ့ Bulog ကုမ္ပဏီ အကြီးအကဲရဲ့ အပြောကို ကိုကားပြီး Reuters သတင်းမှာ ရေးသားထားပါတယ်။

တချိန်ထဲမှာ မြန်မာနိုင်ငံထဲမှာလည်း ဆန်ဈေးတွေ အဆမတန်တက်လာနေတာကြောင့် ဆန်တင်ပို့မှု ယာယီကန့်သတ်ဖို့ ဆွေးနွေးနေတယ်လို့ ဆန်လုပ်ငန်းရှင်တွေက မကြာခင်ကပဲ ပြောကြားခဲ့ကြပါတယ်။

ထိုင်းနဲ့ ဗီယက်နမ်ဘက်မှာတော့ ဆန်တန်ချိန် သိန်းဂဏန်းတွေချီ တင်ပို့ဖို့ ဈေးနှုန်းတွေ တိုးမြှင့်ရေး ထပ်ညှိုနှိုင်းနေချိန်မှာ၊ ဖီလစ်ပိုင်သမ္မတကလည်း ဆန်တင်သွင်းသိုလှောင်တာ တိုးမြှင့်ဖို့ သူကိုယ်တိုင် ဆက်သွယ်ညှိုနှိုင်းနေတယ်လို့ ပြောကြားခဲ့ပါတယ်။

El Nino အပူလှိုင်းကြောင့် ဆန်ထွက်လျော့ကျတာအတွက် နောက်ထပ် ဆန် မက်ထရစ်တန် ၅ သိန်း တင်သွင်းဖို့ ဖီလစ်ပိုင် စိုက်ပျိုးရေးဌာန ပြီးခဲ့တဲ့လလယ်က ညွှန်ကြားထားပြီး၊ ဆန်တင်သွင်းခွန် ဆက်ဖြေလျော့ပေးထားပါတယ်။

XS
SM
MD
LG