အင္ဒိုနီးရွားႏိုင္ငံ ဘာလီ ပင္လယ္ထဲ နစ္ျမႇဳပ္သြားတဲ့ ေရငုပ္သေဘၤာကို ရွာေဖြေတြ႕ရွိခဲ့ရာမွာ အပိုင္းသုံးပိုင္းကြဲေနၿပီး အမႈထမ္း ၅၃ ဦးလုံးလည္း ေသဆုံးခဲ့ေၾကာင္း အင္ဒိုနီးရွားစစ္တပ္က တနဂၤေႏြေန႔က ေၾကညာခဲ့ပါတယ္။
သေဘၤာ အပ်က္အစီးေတြကို စေနေန႔က သမုဒၵရာေအာက္ ၾကမ္းျပင္မွာရွာေဖြေတြ႕ရွိခဲ့တာျဖစ္ၿပီး ေရငုပ္သေဘၤာကိုေတာ့ အသံလႈိင္းနဲ႔ ေရေအာက္ဝတၳဳပစၥည္း တည္ေနရာကိုရွာေဖြတဲ့ စက္ကိရိယာအကူအညီနဲ႔ ေရငုပ္ႏိုင္တဲ့အကြာအေဝးထက္ေက်ာ္လြန္တဲ့ မီတာ ၈၅၀ (၂,၇၉၀ ေပ) အကြာအေဝးမွာ ရွာေဖြေတြ႕ရွိခဲ့တာျဖစ္တယ္လို႔ စစ္တပ္ရဲ႕ ေၾကညာခ်က္မွာေဖၚျပထားပါတယ္။
ကယ္ဆယ္ေရးသမားေတြ ရွာေဖြေတြ႕ရွိခဲ့တဲ့ အရာဝတၳဳအသစ္ေတြထဲမွာ- သက္တမ္း ၄၄ ႏွစ္ၾကာျမင့္ေနၿပီျဖစ္တဲ့ KRI Nanggala ေရငုပ္သေဘၤာ ၄၀၂မွာ ပါသြားတယ္လို႔ယူဆရတဲ့ အသက္ကယ္အက်ႌတခုလည္း ပါဝင္ပါတယ္။ အင္ဒိုနီးရွား ေရငုပ္သေဘၤာဟာ ေတာ္ပီဒိုပစ္ခတ္ေလ့က်င့္ေရး ျပဳလုပ္ဖို႔ ျပင္ဆင္ေနစဥ္ ဗုဒၶဟူးေန႔မွာ အဆက္အသြယ္ျပတ္ေတာက္ခဲ့တာပါ။
KRI Nanggala ေရငုပ္သေဘၤာကို ျပန္ေတြ႕ခ်ိန္မွာ ကိုယ္ထည္၊ ပဲ့ပိုင္း နဲ႔ အျခား အစိတ္အပိုင္းေတြအျဖစ္ အပိုင္းသုံးပိုင္းကြဲေနၿပီး အဓိက အစိတ္အပိုင္းမွာ အက္ကြဲေနတယ္လို႔ စစ္တပ္အႀကီးအကဲ ဗိုလ္ခ်ဳပ္ႀကီး Hadi Tjahjanto ကသတင္းေထာက္ေတြကို ေျပာၾကားခဲ့ပါတယ္။
အင္ဒိုနီးရွားသမၼတ Joko Widodo ကလည္း နစ္ျမဳပ္သြားတဲ့ ေရငုပ္သေဘၤာေပၚ ပါသြားသူ ေရယာဥ္အမႈထမ္း ၅၃ ဦးရဲ႕ မိသားစုဝင္ေတြဆီကို သူ႔အေနနဲ႔ အလြန္ပဲ စိတ္ထိခိုက္ဝမ္းနည္းရေၾကာင္း တနဂၤေႏြေန႔က အမွာစကားေျပာဆိုခဲ့ပါတယ္။ အင္ဒိုနီးရွား ေရငုပ္သေဘၤာ နစ္ျမဳပ္ရတဲ့အေၾကာင္းကိုေတာ့ တိတိက်က် သတ္မွတ္ဆုံးျဖတ္ႏိုင္ျခင္းမရွိေသးပါဘူး။ ေရငုပ္သေဘၤာရဲ႕အေရးေပၚလုပ္ထုံးလုပ္နည္းေတြကိုျပန္ၿပီး လည္ပတ္ဖို႔အတြက္ လွ်ပ္စစ္ဓာတ္အားျပတ္ေတာက္မႈဟာ အတားအဆီးျဖစ္ေစႏိုင္တယ္လို႔ အင္ဒိုနီးရွားေရတပ္က ေစာေစာပိုင္းက ေျပာဆိုခဲ့ပါတယ္။
-------------------------
အင်ဒိုနီးရှားရေငုတ်သင်္ဘော ၃ ပိုင်းကွဲလျက် ပြန်တွေ့
အင်ဒိုနီးရှားနိုင်ငံ ဘာလီ ပင်လယ်ထဲ နစ်မြှုပ်သွားတဲ့ ရေငုပ်သင်္ဘောကို ရှာဖွေတွေ့ရှိခဲ့ရာမှာ အပိုင်းသုံးပိုင်းကွဲနေပြီး အမှုထမ်း ၅၃ ဦးလုံးလည်း သေဆုံးခဲ့ကြောင်း အင်ဒိုနီးရှားစစ်တပ်က တနင်္ဂနွေနေ့က ကြေညာခဲ့ပါတယ်။
သင်္ဘော အပျက်အစီးတွေကို စနေနေ့က သမုဒ္ဒရာအောက် ကြမ်းပြင်မှာရှာဖွေတွေ့ရှိခဲ့တာဖြစ်ပြီး ရေငုပ်သင်္ဘောကိုတော့ အသံလှိုင်းနဲ့ ရေအောက်ဝတ္ထုပစ္စည်း တည်နေရာကိုရှာဖွေတဲ့ စက်ကိရိယာအကူအညီနဲ့ ရေငုပ်နိုင်တဲ့အကွာအဝေးထက်ကျော်လွန်တဲ့ မီတာ ၈၅၀ (၂,၇၉၀ ပေ) အကွာအဝေးမှာ ရှာဖွေတွေ့ရှိခဲ့တာဖြစ်တယ်လို့ စစ်တပ်ရဲ့ ကြေညာချက်မှာဖေါ်ပြထားပါတယ်။
ကယ်ဆယ်ရေးသမားတွေ ရှာဖွေတွေ့ရှိခဲ့တဲ့ အရာဝတ္ထုအသစ်တွေထဲမှာ- သက်တမ်း ၄၄ နှစ်ကြာမြင့်နေပြီဖြစ်တဲ့ KRI Nanggala ရေငုပ်သင်္ဘော ၄၀၂မှာ ပါသွားတယ်လို့ယူဆရတဲ့ အသက်ကယ်အင်္ကျီတခုလည်း ပါဝင်ပါတယ်။
အင်ဒိုနီးရှား ရေငုပ်သင်္ဘောဟာ တော်ပီဒိုပစ်ခတ်လေ့ကျင့်ရေး ပြုလုပ်ဖို့ ပြင်ဆင်နေစဉ် ဗုဒ္ဓဟူးနေ့မှာ အဆက်အသွယ်ပြတ်တောက်ခဲ့တာပါ။
KRI Nanggala ရေငုပ်သင်္ဘောကို ပြန်တွေ့ချိန်မှာ ကိုယ်ထည်၊ ပဲ့ပိုင်း နဲ့ အခြား အစိတ်အပိုင်းတွေအဖြစ် အပိုင်းသုံးပိုင်းကွဲနေပြီး အဓိက အစိတ်အပိုင်းမှာ အက်ကွဲနေတယ်လို့ စစ်တပ်အကြီးအကဲ ဗိုလ်ချုပ်ကြီး Hadi Tjahjanto ကသတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။
အင်ဒိုနီးရှားသမ္မတ Joko Widodo ကလည်း နစ်မြုပ်သွားတဲ့ ရေငုပ်သင်္ဘောပေါ် ပါသွားသူ ရေယာဉ်အမှုထမ်း ၅၃ ဦးရဲ့ မိသားစုဝင်တွေဆီကို သူ့အနေနဲ့ အလွန်ပဲ စိတ်ထိခိုက်ဝမ်းနည်းရကြောင်း တနင်္ဂနွေနေ့က အမှာစကားပြောဆိုခဲ့ပါတယ်။ အင်ဒိုနီးရှား ရေငုပ်သင်္ဘော နစ်မြုပ်ရတဲ့အကြောင်းကိုတော့ တိတိကျကျ သတ်မှတ်ဆုံးဖြတ်နိုင်ခြင်းမရှိသေးပါဘူး။ ရေငုပ်သင်္ဘောရဲ့အရေးပေါ်လုပ်ထုံးလုပ်နည်းတွေကိုပြန်ပြီး လည်ပတ်ဖို့အတွက် လျှပ်စစ်ဓာတ်အားပြတ်တောက်မှုဟာ အတားအဆီးဖြစ်စေနိုင်တယ်လို့ အင်ဒိုနီးရှားရေတပ်က စောစောပိုင်းက ပြောဆိုခဲ့ပါတယ်။