သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

FIFA ဥက္ကဌအဖြစ် Infantino အရွေးခံရ


ဆွစ်ဇာလန်နိုင်ငံ Zurich မြို့မှာ ပြုလုပ်တဲ့ အစည်းအဝေးကနေ သောကြာနေ့က ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) ဥက္ကဌသစ်အဖြစ် Gianni Infantino ကို ရွေးချယ်လိုက်ပါတယ်။

အဓိက မဲအများစုရဖို့လိုအပ်တဲ့ ဒုတိယအကျော့ ရွေးချယ်ပွဲမှာ - အသက် ၄၅ နှစ်အရွယ် အီတလီနွယ်ဖွား ဆွစ်ဇာလန်နိုင်ငံသား Infantino က ထောက်ခံမဲ ၁၁၅ မဲ ရရှိခဲ့ပြီး၊ သူ့ရဲ့ အဓိကပြိုင်ဘက်ဖြစ်တဲ့ အာရှဘောလုံးအဖွဲ့ချုပ်ရဲ့ ဥက္ကဌဖြစ်တဲ့ Sheikh Salman bin Ebrahim Al Khalifa က ၈၈ မဲ ရရှိခဲ့တာပါ။

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် FIFA မှာ အကျင့်ပျက်ခြစားမှုနဲ့ ဘဏ္ဍာရေးဆိုင်ရာ လွှဲမှားတဲ့စီမံခန့်ခွဲမှုအတွက် အပြစ်တင်ခံနေရတဲ့ ဥက္ကဌ Sepp Blatter ရဲ့ နေရာကို လွှဲပြောင်းယူရမယ့် မစ္စတာ Infantino က - ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်ရဲ့ အမည်းစက်ထင်နေတဲ့ အုပ်ချုပ်ရေးအဖွဲ့ကို ပြန်လည် ဖွဲ့စည်းသွား မယ်လို့ ကတိပေးခဲ့တာပါ။

FIFA ဥက္ကဌသစ်အဖြစ် ရွေးချယ်ခံခဲ့ရတဲ့ Gianni Infantino ကလည်း - သူဟာ အီတလီ၊ ပြင်သစ်၊ ဂျာမန်၊ အင်္ဂလိပ်နဲ့ စပိန် ဘာသာစကား ၅ ခုကို ကျွမ်းကျွမ်းကျင်ကျင် တတ်မြောက်သလို၊ ဆွစ်ဇာလန်နိုင်ငံ Fribourg တက္ကသိုလ်မှာ ဥပဒေဘွဲ့ ရရှိခဲ့သူလည်းဖြစ်ပါတယ်။

အခုလို FIFA ဥက္ကဌသစ်အဖြစ် ရွေးချယ်မခံရခင် သူဟာ - ဥရောပဘောလုံးအဖွဲ့ချုပ် (UEFA) မှာ ၂၀၀၀ ပြည့် သြဂုတ်လမှာ စတင် လုပ်ကိုင်ခဲ့ပြီး၊ ၂၀၀၉ ခုနှစ် အောက်တိုဘာလမှာတော့ (UEFA) ရဲ့ အတွင်းရေးမှူးချုပ် ဖြစ်လာခဲ့ပါတယ်။

XS
SM
MD
LG