မဟာသန္တိသုခ ကျောင်းတိုက် ကိစ္စကိုင်တွယ်ဖြေရှင်းပုံ၊ သံဃာတော်တွေကို အတင်းလူဝတ်လဲ ဖမ်းဆီး ထိန်းသိမ်းပုံ စတဲ့လုပ်ရပ်တွေကိုကြည့်ရင် မြန်မာနိုင်ငံမှာ အဓမ္မဝါဒ ထွန်းကားနေတာတွေ့ရတဲ့အတွက် ဒီမိုကရေစီ အသွင်ကူးပြောင်းရေးလုပ်နေတဲ့မြန်မာနိုင်ငံအတွက် ဂုဏ်သိက္ခာညှိုးနွမ်းစေတယ်လို့ နိုင်ငံတကာ သာသနာပြု ပီနန်ဆရာတော်က မိန့်ကြားလိုက်ပါတယ်။ အစိုးရတာဝန်ရှိသူတွေဘက်ကတော့ အခုလို ဆောင်ရွက်မှုမျိုးဟာ သံဃာ့အဖွဲ့အစည်း စည်းမျဉ်းစည်းကမ်းအတိုင်း လုပ်ဆောင်တာဖြစ်ကြောင်း တုံ့ပြန်ခဲ့ပါတယ်။ မဟာသန္တိသုခ ကျောင်းတိုက်ကိစ္စ ကိုင်တွယ်ဖြေရှင်းပုံနဲ့ပတ်သက်ပြီး မြန်မာအစိုးရ ပြန်ကြားရေး ဒုဝန်ကြီး ဦးရဲထွဋ်ကို မအင်ကြင်းနိုင်က ဆက်သွယ်မေးမြန်းတဲ့အခါမှာ ဦးရဲထွဋ်က အခုလို စပြောပါတယ်။
ဦးရဲထွဋ်။ ။ မဟုတ်ဘူးဗျ။ ကျနော်တို့ဆီမှာက ဟိုးတုန်းကတည်းကကိုက ဗုဒ္ဓဘာသာ သာသနာမှာရှိတဲ့ ဒီ ဘုန်းတော်ကြီးကျောင်းများရဲ့ ပိုင်ဆိုင်မှုတို့၊ ကျောင်းထိုင်ကိစ္စတို့ အငြင်းပွားတဲ့အခါမှာ သံဃာ့မဟာနာယက အဖွဲ့ကပဲ ဝိနည်းတွေ၊ ဟိုတုန်းကရှိတဲ့ ဓမ္မသတ်တွေ၊ နောက်ပြီး လက်ရှိ ရှိနေတဲ့ သံဃာ့ဖွဲ့စည်းပုံနဲ့ သံဃာ့စည်းမျဉ်းတွေနဲ့ပဲအညီ ဖြေရှင်းပါတယ်။ အဲဒါက သံဃာ့မဟာနာယကအဖွဲ့၊ နောက်ဆုံး ၄၇ ပါး စုံညီပေါ့နော်- အဲဒီအစည်းအဝေးရဲ့ဆုံးဖြတ်ချက်က အတည်ပါပဲ။ မဟာသန္တိသုခ ကျောင်းတော်ကြီးတင်မကဘူး၊ မြန်မာတနိုင်ငံလုံးမှာဖြစ်တဲ့ ဘုန်းတော်ကြီးကျောင်းများနဲ့ပတ်သက်တဲ့အငြင်းပွားမှုတွေ၊ နောက် --- ခုံကိစ္စတွေအားလုံးက အဲဒီအဖွဲ့အစည်းကပဲ ဖြေရှင်းပါတယ်။ အဲဒါကြောင့်မို့လို့ ကျနော်တို့ အုပ်ချုပ်ရေးအဖွဲ့က အဲဒီဆုံးဖြတ်ချက်ကို ကျနော်တို့က ပြင်ပါ..တို့၊ ဘယ်လိုလုပ်ပါ၊ ဘယ်သူက ပိုင်သင့်ပါတယ်လို့ ကျနော်တို့က ဝင်ပြောလို့ မရပါဘူးခင်ဗျ။
အင်ကြင်းနိုင်။ ။ ဂျွန်လ ၁၀ ရက်နေ့ ညကပေါ့နော် ကျောင်းကို အကြမ်းဖက်ဝင်ရောက် စီးနင်းတယ်ပေါ့နော်- အဲလို အဖြစ်အပျက်နဲ့ပတ်သက်ပြီးတော့ရော ဘယ်လို တုံ့ပြန်ချင်ပါလဲရှင့်။
ဦးရဲထွဋ်။ ။ ‘အကြမ်းဖက်တယ်’-ဆိုတဲ့ စကားကို ကျနော်တို့ လုံးဝ လက်မခံပါဘူး၊ အဲဒီညက ဖြစ်စဉ်သည် ဓမ္မစက်-က ပြောတဲ့ကိစ္စကို အုပ်ချုပ်ရေးအာဏာပိုင်တွေက အကောင်အထည်ဖော်ပေးတယ်။ အကောင်အထည်ဖော်တဲ့အခါမှာ ရဲတပ်ဖွဲ့ဝင်တွေက နှစ်ဘက် အချင်းပွားမှာစိုးလို့ အပြင်ကနေ ဝန်းရံပေးတာကလွဲရင် အထဲကို သံဃာ့မဟာနာယကအဖွဲ့က တာဝန်ရှိတဲ့ ဆရာတော်တွေနဲ့ သာသနာရေးဦးစီးဌာနက တာဝန်ရှိသူတွေက ဝင်ရောက်ပြီးတော့မှ သံဃာတော်တွေကို ပင့်ထုတ်သွားတာပါ။ အကြမ်းဖက်-ဆိုတဲ့စကားလုံးနဲ့ ရည်ညွှန်းလောက်အောင် မှန်တချပ်တောင်မှ ကွဲတဲ့ဖြစ်စဉ် မရှိပါဘူးဗျား။
အင်ကြင်းနိုင်။ ။ နောက်တချက်ကကျတော့ အခု ကျောင်းတိုက်မှာ ခေတ္တသီတင်းသုံးနေတဲ့ အာဂန္တုသံဃာတော်တွေပေါ့- လန်ဒန်က ဦးဇင်းတွေအပါအဝင် သံဃာ ၅ ပါးကို လူဝတ်လဲပြီး ထိန်းသိမ်းထားတယ်ဆိုတဲ့ အပိုင်းမှာရော အခု ဘယ်လို အခြေအနေ ရှိပါသလဲရှင့်။
ဦးရဲထွဋ်။ ။ အဲဒါကတော့ဗျာ။ အခုနက ပြောသလို သံဃာ့နာယကအဖွဲ့ဘက်က နေပြီးတော့မှ တိုင်ကြားပြီးတော့ အမှုဖွင့်တာ ရှိတယ်။ အဲဒီလို အမှုဖွင့်တဲ့အခါမှာ သက်ဆိုင်ရာ ပုဒ်မနဲ့ လုပ်ရမယ့် လုပ်ထုံးလုပ်နည်းအတိုင်း ကျနော်တို့က လုပ်ထားတာပေါ့နော်။ ထိန်းသိမ်းထားတယ်။ ဒါပေမယ့် အဲဒါတွေအားလုံးက အခုနကပြောသလို ဥပဒေနဲ့အညီ ပြန်လည်ချေပတာတို့၊ ရှင်းလင်းတာတို့ဆိုတဲ့ တရားရုံးကိစ္စတွေ ပါအုံးမှာပါ။ ဒါကြောင့်မို့လို့ ကျနော်တို့က အမှုဖြစ်စဉ်နဲ့ပတ်သက်လို့ ဘာမှ ကျနော်တို့ ဝင်ပြီးတော့ လောလောဆယ် မှတ်ချက် မပေးနိုင်သေးပါဘူး။
အင်ကြင်းနိုင်။ ။ ပီနန်ဆရာတော်ဘက်က မီဒီယာတွေကနေတဆင့် သမ္မတကိုပေါ့လေ ပန်ကြားထားတဲ့အချက်ပေါ့လေ- ဒီကိစ္စမှာ သက်ဆိုင်ရာဘက်က ဝင်ပြီးဖြေရှင်းပေးဖို့ ဆိုတဲ့ ပန်ကြားချက်အပေါ်မှာရော ဘယ်လို သဘောထားရှိလဲရှင့်။
ဦးရဲထွဋ်။ ။ မဟုတ်ဘူးဗျ၊ ကျနော်တို့က ဗုဒ္ဓဘာသာတင်မဟုတ်ဘူး၊ ကျန်တဲ့ဘာသာကြီးတွေပေါ့နော် ခရစ္စယာန်တို့၊ အစ္စလာမ်ဘာသာတို့၊ ဟိန္ဒူဘာသာတို့မှာ သူတို့ရဲ့ဘာသာရေးဆိုင်ရာ အဆောက်အအုံနဲ့ ပတ်သက်လို့ရှိရင် အခုနက ပြောသလိုပဲ သူတို့ရဲ့ သက်ဆိုင်ရာဘာသာရဲ့ အမြင့်ဆုံးအဖွဲ့အစည်းတွေကပဲ ဆုံးဖြတ်ကြတာပါ။ တချို့ဘာသာတွေကျတော့လည်း အဲဒီလို ဆုံးဖြတ်တဲ့အခါမှာ မကျေနပ်ကြတော့ တရားမကြောင်းအရ သွားကြတာတော့ ရှိတာပေါ့နော်။ ဒါပေမယ့် ယျေဘုယျအားဖြင့်တော့ အဲဒါတွေက အုပ်ချုပ်ရေးပိုင်းဆိုင်ရာ အဖွဲ့အစည်းတွေက ဝင်ပြောလေ့မရှိပါဘူး။ ဘာသာရေးက ဆုံးဖြတ်တဲ့အတိုင်းလုပ်တယ်၊ ဘာသာရေးရဲ့အဆင့်အမြင့်ဆုံးအဖွဲ့က ဆုံးဖြတ်ချက်ကို အကောင်အထည်ဖော်ဖို့ လိုအပ်တဲ့အခါမှာ လာပြီးတော့ အကူအညီတောင်းရင် ကျနော်တို့က အဲဒီဆုံးဖြတ်ချက်အတိုင်း ဖြစ်အောင်လို့ သက်ဆိုင်ရာ ဒေသအာဏာပိုင်တွေက လုပ်ထုံးလုပ်နည်းနဲ့အညီ ကူညီဆောင်ရွက်ပေးတယ်။ ဒီလိုမျိုးနဲ့ပဲ ဟိုတုန်းကတည်းက သွားခဲ့ကြတာ ဖြစ်ပါတယ်။ အဲဒီတော့ သံဃာ့မဟာနာယကအဖွဲ့ရဲ့ ဆုံးဖြတ်ချက်ကို မလိုက်နာဘူးဆိုလို့ရှိရင် လောလောဆယ် ယာယီအားဖြင့် ချိတ်ပိတ်ထားလိုက်တာပေါ့နော်။
ဆက်စပ်သတင်း
နိုင်ငံတကာ သာသာနာပြုဆရာတော် ဦးဥတ္တရ လူဝတ်လဲခံရမှု သံဃာများ ထိတ်လန့်