သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရွှေ့ပြောင်းလူအုပ်စုကြီး ကန်-မက္ကစီကို နယ်စပ်ရောက်ရှိ


ဟွန်းဒါးရပ်စ်နိုင်ငံသားအများစုပါတဲ့ ရွှေ့ပြောင်းအခြေချသူတွေ အစားဝေငှတာကို တန်းစီရယူနေစဉ်။
ဟွန်းဒါးရပ်စ်နိုင်ငံသားအများစုပါတဲ့ ရွှေ့ပြောင်းအခြေချသူတွေ အစားဝေငှတာကို တန်းစီရယူနေစဉ်။

အမေရိကန်ကို ဝင်ခွင့်ရဖို့ မျှော်လင့်ချက်နဲ့ ဆင်းရဲမွဲတေမှု၊ အကြမ်းဖက်မှုတွေကို စွန့်ခွာပြီး တလလောက် ခရီးရှည် ချီတက်လာကြတဲ့ အမေရိကတိုက် အလယ်ပိုင်းက ရွှေ့ပြောင်းနေထိုင်သူ လူအုပ်ကြီးဟာ မနေ့ကပဲ မက္ကစီကိုနိုင်ငံ နယ်စပ်မြို့ကို စတင်ရောက်ရှိ လာကြပါတယ်။

Tijuana မြို့ကို ရောက်လာသူ ၈၀၀ လောက်ရှိခဲ့ပြီး ဒီအထဲက တော်တော်များများကတော့ ကျန်တဲ့လူတွေနဲ့ ခေါင်းဆောင်တွေကို စောင့်ဆိုင်းပြီး အမေရိကန်မှာ ခိုလှုံခွင့်ရရေး နည်းလမ်းတွေအတွက် အကြံဉာဏ်တွေ ရယူသွားမှာဖြစ်တယ်လို့လည်း ပြောဆိုထားကြပါတယ်။ အရင်ဆုံးရောက်လာကြသူတချို့ကတော့ အမေရိကန်နဲ့ နယ်စပ်ခြံစည်းရိုးနားသွားပြီး အောင်ပွဲခံခဲ့ကြတာပါ။

ဟွန်ဒူးရပ်စ်နိုင်ငံက အများစု ပါဝင်တဲ့ လူ ၄ ထောင်လောက်ရှိတဲ့ လူအုပ်ကြီးဟာ မက္ကစီကိုနိုင်ငံ Sonora ပြည်နယ်ကိုဖြတ်ပြီး မကြာခင်ရက်ပိုင်းအတွင်း Tijuana မြို့ကို ရောက်လာမယ်လို့လည်း မျှော်လင့်ရပါတယ်။ မက္ကစီကိုနိုင်ငံ Tijuana မြို့နဲ့ အမေရိကန်က San Diego မြို့ကို ဆက်သွယ်ထားတဲ့ San Ysidro ဂိတ်ဟာ အဝင်အထွက် အများဆုံး နယ်စပ်ဂိတ်ဖြစ်ပြီး တရက်ကို ခိုလှုံခွင့်လျှောက်ထားသူ ၁၀၀ လောက်ကိုသာ လက်ခံတဲ့အတွက် ရွှေ့ပြောင်းဝင်ရောက်သူ လူအုပ်ကြီးအနေနဲ့ ဒီနယ်စပ်ဂိတ်က ဝင်ဖို့ကြိုးစားမယ် ဆိုရင်တော့ အချိန်အတော်ကြာ စောင့်ဆိုင်းကြရမယ့် အလားအလာတွေလည်း ရှိနေပါတယ်။

မက္ကစီကို နယ်စပ်မြို့ဖြစ်တဲ့ Tijuana ဟာလည်း ရွှေ့ပြောင်းနေထိုင်သူတွေနဲ့ ပြည့်လုနီးပါး ဖြစ်နေတဲ့အတွက် အခက်အခဲတွေ ကြုံရနိုင်ပါတယ်။ ရွှေ့ပြောင်းဝင်ရောက်သူ လူအုပ်ကြီး အမေရိကန်နဲ့ နီးလာတဲ့အတွက် ပြင်ဆင်တဲ့အနေနဲ့ရော လုံခြုံရေးအတွက် အန္တရာယ်ရှိနိုင်တဲ့ အခြေအနေအတွက် ပြင်ဆင်တဲ့အနေနဲ့ပါ San Ysidro နယ်စပ်ဂိတ်နဲ့ အနီးအနားမှာရှိတဲ့ Otay Mesa ဂိတ်တွေက ယာဉ်ကြောတချို့ကို ပိတ်ဆို့လိုက်ကြောင်း အမေရိကန် အကောက်ခွန်နဲ့ နယ်စပ်လုံခြုံရေးဌာနက တနင်္လာနေ့ကပဲ ကြေညာထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG