သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

အင္းစိန္ေထာင္ဗူးဝအနီး  ဗုံး ၂ လုံးေပါက္ကြဲ၊ လူ ၈ ဦးထက္မနည္းေသဆုံး


အင္းစိန္ေထာင္အတြင္း ေထာင္ဝင္စာပစၥည္းပို႔တဲ့ေနရာ ေပါက္ကြဲမႈ (ဓာတ္ပုံ-SAC Press)

[[Zawgyi/Unicode]]

အင္းစိန္ေထာင္ ပင္မ အဝင္အထြက္ေပါက္အနီးနားမွာရွိတဲ့ ေထာင္ဝင္စာပါဆယ္ပို႔တဲ့ေနရာ မွာ ဗုံး ၂ လုံး ဆင့္ေပါက္ကြဲခဲ့ၿပီး လူ ၈ ဦးထက္မနည္းေသဆုံးခဲ့ရသလို ထိခိုက္ဒဏ္ရာရသူေတြရွိခဲ့ပါတယ္။ ေသဆုံးသူေတြထဲ ဗကသ ဗဟိုေကာ္မတီဝင္ေဟာင္း ကိုဂ်ိမ္းစ္ (ခ) ကိုလင္းထက္ႏိုင္ရဲ႕မိခင္လည္း ပါဝင္ပါတယ္။ ေပါက္ကြဲမႈျဖစ္စဥ္နဲ႔ပတ္သတ္လို႔ ရန္ကုန္က သတင္းေပးပို႔ခ်က္ကို မဆုမြန္က တင္ျပေပးထားပါတယ္။

ဒီေန႔ ေအာက္တိုဘာလ ၁၉ ရက္ မနက္ပိုင္း ၉ နာရီဝန္းက်င္တုန္းက အင္းစိန္ေထာင္ ပင္မ အဝင္အထြက္ေပါက္နားမွာရွိတဲ့ ေထာင္ဝင္စာ ပါဆယ္ပို႔တဲ့ေနရာမွာ ဗုံး ၂ လုံး ဆင့္ေပါက္ကြဲခဲ့ေၾကာင္း မ်က္ျမင္သက္ေသေတြက ေျပာပါတယ္။ အက်ဥ္းေထာင္ ပါဆယ္ထုပ္လက္ခံတဲ့ အေဆာက္အဉီးအတြင္းနဲ႔အျပင္မွာ ပါဆယ္ထုပ္ေတြ အတြင္း မိုင္းထည့္ေဖါက္ခြဲတိုက္ခိုက္ခဲ့တဲ့အတြက္ ေပါက္ကြဲမႈေတြ ျဖစ္ပြားခဲ့တာကို စစ္ေကာင္စီဘက္ကလည္း သတင္းထုတ္ျပန္ပါတယ္။ ဒီေပါက္ကြဲမႈေၾကာင့္ အက်ဥ္းဦးစီးဝန္ထမ္း ၃ ဦးနဲ႔ ေထာင္ဝင္စာပါဆယ္လာပို႔တဲ့ အရပ္သား ျပည္သူ အမ်ိဳးသမီး ၅ ဦး မိုင္းစ ထိမွန္ေသဆုံးခဲ့ပါတယ္။ မ်က္ျမင္သက္ေသ အမ်ိဳးသမီးတဦးကေတာ့ ဗြီအိုေအကိုခုလိုေျပာျပပါတယ္။

“ ..ရွိေနေတာ့ ျမင္လိုက္ရတာေပါ့ေနာ္။.....ပါဆယ္ဌာနကေန ေပါက္သြားတယ္။ ေပါက္သြားတဲ့အခါက်ေတာ့ အဲဒီမွာထိုင္ေနတဲ့ ဝန္ထမ္းထဲက အမ်ိဳးသမီး တဦးေပါ့ ဆုံးသြားတယ္။ ....တေယာက္ကေတာ့ ဗိုက္ေပါက္သြားတယ္။ အမ်ိဳးသမီးတဦးေရာ၊ အဲဒီႏွစ္ေယာက္ေရာေသတယ္။ သူက အရမ္းနီးကပ္တဲ့အခါက်ေတာ့။ အဲဒီေနရာကိုေရာက္ေနတဲ့ က်န္တဲ့ ၅ ဦးေသတဲ့အထဲမွာ ဂ်ိမ္းရဲ႕ ဗကသဂ်ိမ္းရဲ႕အေမ ပါသြားတယ္။”

စစ္ေကာင္စီထုတ္ျပန္ခ်က္မွာေတာ့ ဗုံးေပါက္ကြဲမႈေၾကာင့္ အက်ဥ္းဦးစီးဝန္ထမ္း အမ်ိဳးသား ၁ ဦး၊ အမ်ိဳးသမီးဝန္ထမ္း ၂ ဦးနဲ႔ ေထာင္ဝင္စာ လာပို႔တဲ့ ျပည္သူအမ်ိဳးသမီး ၅ ဦး ေနရာမွာတင္ ေပါင္း ၈ ဦး ေသဆုံးခဲ့တယ္လို႔ ပါရွိပါတယ္။

ေသဆုံးခဲ့သူေတြထဲမွာ အက်ဥ္းေထာင္တြင္း ထိမ္းသိမ္းခံေနရၿပီး ဗကသ ေက်ာင္းသားေခါင္းေဆာင္ေဟာင္းတဦးျဖစ္တဲ့ ကိုလင္းထက္ႏိုင္ရဲ႕မိခင္ ေဒၚႀကီးျမင့္ အသက္ ၅၄ ႏွစ္လည္းပါဝင္တယ္လို႔ မိသားစုဝင္ေတြကေျပာပါတယ္။ သားျဖစ္ သူအတြက္ ေထာင္ဝင္စာထုပ္ေပးပို႔ဖို႔ ျပင္ဆင္ေနခ်ိန္ ေပါက္ကြဲမႈနဲ႔ပစ္ခတ္မႈျဖစ္စဥ္အတြင္း ေသဆုံးခဲ့တာလို႔ သိရပါတယ္။

အဲဒီေပါက္ကြဲမႈမွာ ေထာင္ထဲကို ပါဆယ္ထုပ္ပို႔ဖို႔ ဖို႔ေစာင့္ေနတဲ့ ႏိုင္ငံေရးပုဒ္မေတြနဲ႔ ေထာင္တြင္း တရားရင္ဆိုင္ေနရသူေတြရဲ႕ မိသားစု ေဆြမ်ိဳးသားခ်င္းေတြ အျပင္ ေရွ႕ေနအသိုင္းအဝိုင္းက ေရွ႕ေနတဦးလည္းထိခိုက္မႈရွိခဲ့တယ္လို႔ ထိခိုက္ဒဏ္ရရာတဲ့ ေရွ႕ေနနဲ႔ နီးစပ္သူတဦးက ဗြီအိုေအကိုအတည္ျပဳပါတယ္။

ေပါက္ကြဲမႈဟာ အက်ဥ္းေထာင္ အဝင္အထြက္အေပါက္ ပစၥည္းလက္ခံတဲ့အေဆာက္အဦးအတြင္းမွာ တႀကိမ္၊ အဲဒီအေဆာက္အဦအျပင္မွာတႀကိမ္ျဖစ္ခဲ့တာျဖစ္တယ္လို႔ မ်က္ျမင္သက္ေသေတြက ေျပာပါတယ္။

ေပါက္ကြဲမႈေၾကာင့္ထိခိုက္ဒဏ္ရာရသူ ေထာင္ဝန္ထမ္းနဲ႔ အရပ္သား ၁၈ ေယာက္ရွိတယ္လို႔လည္း စစ္ေကာင္စီဘက္က သတင္းထုတ္ျပန္ပါတယ္။

အင္းစိန္ေထာင္မွာ ေပါက္ကြဲမႈျဖစ္ပြားအၿပီး ေထာင္တြင္းတရားခြင္ တခ်ိဳ႕စစ္ေဆးမႈေတြ ပိတ္လိုက္သလို လုံၿခဳံေရးတင္းတင္းၾကပ္ၾကပ္ စစ္ေဆးတာေတြ လုပ္ေနတယ္လို႔လည္း ကိုယ္တိုင္ေတြ႕ခဲ့ရတဲ့ ေရွ႕ေနတဦးက ဗြီအိုေအကိုေျပာပါတယ္။

“အခုကေတာ့ တရား႐ုံးေတြလည္း မလာၾကဘူး။ ဆရာတို႔လည္း သက္ေသျပန္လႊတ္လိုက္ၿပီ။ ဆရာတို႔လည္းမသြားေတာ့ဘူး။ ဒီေန႔တရက္ကေတာ့ အဲလိုပဲ နားလိုက္မွရမွာ။ ဒီ အေျခအေနေတြက ဘာမွန္းမသိဘူး။ ဝင္ၿပီးသားေတြကလည္း ျပန္ထြက္လို႔မရဘူး။ စစ္ေဆးေနေတာ့ေလ။ ...မေျပာႏိုင္ေသးဘူး အဲဒါေတာ့ တရား႐ုံးေတြနဲ႔ ညႇိရအုံးမွာေပါ့။ တရား႐ုံးေတြက႐ုံးထိုင္မလား၊ အျပင္မွာပဲ ခ်ိန္းၿပီးေတာ့ အမိန႔္ေတြဘာေတြ ခ်မလားေပါ့။”

အက်ဥ္းေထာင္မွာ ထိမ္းသိမ္းခံေနရတဲ့ ဗကသ ေက်ာင္းသားေခါင္းေဆာင္ေဟာင္းတဦးျဖစ္တဲ့ ကိုလင္းထက္ႏိုင္ရဲ႕မိခင္၊ ၅၄ ႏွစ္အ႐ြယ္ ေဒၚႀကီးျမင့္ကေတာ့ သားအတြက္ ပါဆယ္ထုတ္ေပးဖို႔ အင္းစိန္ေထာင္ကို သြားေရာက္ခ်ိန္ အဲဒီ့ ေပါက္ကြဲမႈအတြင္း ေသဆုံးခဲ့တာပါ။

ေပါက္ကြဲမႈျဖစ္စဥ္နဲ႔ပတ္သတ္လို႔ ရန္ကုန္ၿမိဳ႕ျပ ေျပာက္က်ားအဖြဲ႕တခုျဖစ္တဲ့ Special Task Agency of Burma လို႔အမည္ေပးထားတဲ့အဖြဲ႕ရဲ႕ တယ္လီဂရမ္မွာ သူတို႔လက္ခ်က္ျဖစ္ေၾကာင္း ထုတ္ျပန္ထားပါတယ္။

ဒီထုတ္ျပန္ခ်က္နဲ႔ ဒီအဖြဲ႕ တကယ္ ရွိမရွိ၊ တကယ္ လုပ္ေဆာင္ခဲ့တာဟုတ္မဟုတ္ ဆိုတာ ဗြီအိုေအဘက္က သီးျခား အတည္မျပဳႏိုင္ပါဘူး။ စစ္ေကာင္စီဘက္ကေတာ့ အၾကမ္းဖက္သမားေတြရဲ႕ တိုက္ခိုက္မႈလို႔သုံးႏႈန္းၿပီး သတင္းထုတ္ျပန္ေပမယ့္ ဘယ္ အဖြဲ႕အစည္းဆိုတာကိုေတာ့ တိတိက်က် ေျပာဆိုမထားပါဘူး။

ဒီေဖာက္ခြဲမႈနဲ႔ပတ္သက္လို႔ စစ္ေကာင္စီစနစ္တိုက္ဖ်က္ေရး အေထြေထြသပိတ္ေကာ္မတီအပါအဝင္ တျခား စစ္ေကာင္စီကို ေတာ္လွန္ေနတဲ့အဖြဲ႕ေတာ္ေတာ္မ်ားမ်ား ကေတာ့ ရႈတ္ခ်တဲ့ ေၾကညာခ်က္ေတြ ထုတ္ျပန္ထားပါတယ္။

ေပါက္ကြဲမႈျဖစ္စဥ္နဲ႔ပတ္သတ္လို႔ ရန္ကုန္ၿမိဳ႕ျပ ေျပာက္က်ားအဖြဲ႕တခုျဖစ္တဲ့ Special Task Agency of Burma လို႔အမည္ေပးထားတဲ့အဖြဲ႔ရဲ႕ တယ္လီဂရမ္မွာ သူတို႔လက္ခ်က္ျဖစ္ေၾကာင္း ထုတ္ျပန္ထားပါတယ္။

ဒီထုတ္ျပန္ခ်က္နဲ႔ ဒီအဖြဲ႔ တကယ္ ရွိမရွိ၊ တကယ္ လုပ္ေဆာင္ခဲ့တာဟုတ္မဟုတ္ ဆိုတာ ဗြီအိုေအဘက္က သီးျခား အတည္မျပဳႏိုင္ပါဘူး။ စစ္ေကာင္စီဘက္ကေတာ့ အၾကမ္းဖက္သမားေတြရဲ႕ တိုက္ခိုက္မႈလို႔သုံးႏႈန္းၿပီး သတင္းထုတ္ျပန္ေပမယ့္ ဘယ္ အဖြဲ႔အစည္းဆိုတာကိုေတာ့ တိတိက်က် ေျပာဆိုမထားပါဘူး။

ဒီေဖာက္ခြဲမႈနဲ႔ပတ္သက္လို႔ စစ္ေကာင္စီစနစ္တိုက္ဖ်က္ေရး အေထြေထြသပိတ္ေကာ္မတီအပါအဝင္ တျခား စစ္ေကာင္စီကို ေတာ္လွန္ေနတဲ့အဖြဲ႕ေတာ္ေတာ္မ်ားမ်ား ကေတာ့ ရႈတ္ခ်တဲ့ ေၾကညာခ်က္ေတြ ထုတ္ျပန္ထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

===========

[[Unicode]]

အင်းစိန်ထောင်ဗူးဝအနီး ဗုံး ၂ လုံးပေါက်ကွဲ၊ လူ ၈ ဦးထက်မနည်းသေဆုံး

အင်းစိန်ထောင် ပင်မ အဝင်အထွက်ပေါက်အနီးနားမှာရှိတဲ့ ထောင်ဝင်စာပါဆယ်ပို့တဲ့နေရာ မှာ ဗုံး ၂ လုံး ဆင့်ပေါက်ကွဲခဲ့ပြီး လူ ၈ ဦးထက်မနည်းသေဆုံးခဲ့ရသလို ထိခိုက်ဒဏ်ရာရသူတွေရှိခဲ့ပါတယ်။ သေဆုံးသူတွေထဲ ဗကသ ဗဟိုကော်မတီဝင်ဟောင်း ကိုဂျိမ်းစ် (ခ) ကိုလင်းထက်နိုင်ရဲ့မိခင်လည်း ပါဝင်ပါတယ်။ ပေါက်ကွဲမှုဖြစ်စဉ်နဲ့ပတ်သတ်လို့ ရန်ကုန်က သတင်းပေးပို့ချက်ကို မဆုမွန်က တင်ပြပေးထားပါတယ်။

ဒီနေ့ အောက်တိုဘာလ ၁၉ ရက် မနက်ပိုင်း ၉ နာရီဝန်းကျင်တုန်းက အင်းစိန်ထောင် ပင်မ အဝင်အထွက်ပေါက်နားမှာရှိတဲ့ ထောင်ဝင်စာ ပါဆယ်ပို့တဲ့နေရာမှာ ဗုံး ၂ လုံး ဆင့်ပေါက်ကွဲခဲ့ကြောင်း မျက်မြင်သက်သေတွေက ပြောပါတယ်။ အကျဉ်းထောင် ပါဆယ်ထုပ်လက်ခံတဲ့ အဆောက်အဉီးအတွင်းနဲ့အပြင်မှာ ပါဆယ်ထုပ်တွေ အတွင်း မိုင်းထည့်ဖေါက်ခွဲတိုက်ခိုက်ခဲ့တဲ့အတွက် ပေါက်ကွဲမှုတွေ ဖြစ်ပွားခဲ့တာကို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်ပါတယ်။ ဒီပေါက်ကွဲမှုကြောင့် အကျဉ်းဦးစီးဝန်ထမ်း ၃ ဦးနဲ့ ထောင်ဝင်စာပါဆယ်လာပို့တဲ့ အရပ်သား ပြည်သူ အမျိုးသမီး ၅ ဦး မိုင်းစ ထိမှန်သေဆုံးခဲ့ပါတယ်။ မျက်မြင်သက်သေ အမျိုးသမီးတဦးကတော့ ဗွီအိုအေကိုခုလိုပြောပြပါတယ်။

“ ..ရှိနေတော့ မြင်လိုက်ရတာပေါ့နော်။.....ပါဆယ်ဌာနကနေ ပေါက်သွားတယ်။ ပေါက်သွားတဲ့အခါကျတော့ အဲဒီမှာထိုင်နေတဲ့ ဝန်ထမ်းထဲက အမျိုးသမီး တဦးပေါ့ ဆုံးသွားတယ်။ ....တယောက်ကတော့ ဗိုက်ပေါက်သွားတယ်။ အမျိုးသမီးတဦးရော၊ အဲဒီနှစ်ယောက်ရောသေတယ်။ သူက အရမ်းနီးကပ်တဲ့အခါကျတော့။ အဲဒီနေရာကိုရောက်နေတဲ့ ကျန်တဲ့ ၅ ဦးသေတဲ့အထဲမှာ ဂျိမ်းရဲ့ ဗကသဂျိမ်းရဲ့အမေ ပါသွားတယ်။”

စစ်ကောင်စီထုတ်ပြန်ချက်မှာတော့ ဗုံးပေါက်ကွဲမှုကြောင့် အကျဉ်းဦးစီးဝန်ထမ်း အမျိုးသား ၁ ဦး၊ အမျိုးသမီးဝန်ထမ်း ၂ ဦးနဲ့ ထောင်ဝင်စာ လာပို့တဲ့ ပြည်သူအမျိုးသမီး ၅ ဦး နေရာမှာတင် ပေါင်း ၈ ဦး သေဆုံးခဲ့တယ်လို့ ပါရှိပါတယ်။

သေဆုံးခဲ့သူတွေထဲမှာ အကျဉ်းထောင်တွင်း ထိမ်းသိမ်းခံနေရပြီး ဗကသ ကျောင်းသားခေါင်းဆောင်ဟောင်းတဦးဖြစ်တဲ့ ကိုလင်းထက်နိုင်ရဲ့မိခင် ဒေါ်ကြီးမြင့် အသက် ၅၄ နှစ်လည်းပါဝင်တယ်လို့ မိသားစုဝင်တွေကပြောပါတယ်။ သားဖြစ် သူအတွက် ထောင်ဝင်စာထုပ်ပေးပို့ဖို့ ပြင်ဆင်နေချိန် ပေါက်ကွဲမှုနဲ့ပစ်ခတ်မှုဖြစ်စဉ်အတွင်း သေဆုံးခဲ့တာလို့ သိရပါတယ်။

အဲဒီပေါက်ကွဲမှုမှာ ထောင်ထဲကို ပါဆယ်ထုပ်ပို့ဖို့ ဖို့စောင့်နေတဲ့ နိုင်ငံရေးပုဒ်မတွေနဲ့ ထောင်တွင်း တရားရင်ဆိုင်နေရသူတွေရဲ့ မိသားစု ဆွေမျိုးသားချင်းတွေ အပြင် ရှေ့နေအသိုင်းအဝိုင်းက ရှေ့နေတဦးလည်းထိခိုက်မှုရှိခဲ့တယ်လို့ ထိခိုက်ဒဏ်ရရာတဲ့ ရှေ့နေနဲ့ နီးစပ်သူတဦးက ဗွီအိုအေကိုအတည်ပြုပါတယ်။

ပေါက်ကွဲမှုဟာ အကျဉ်းထောင် အဝင်အထွက်အပေါက် ပစ္စည်းလက်ခံတဲ့အဆောက်အဦးအတွင်းမှာ တကြိမ်၊ အဲဒီအဆောက်အဦအပြင်မှာတကြိမ်ဖြစ်ခဲ့တာဖြစ်တယ်လို့ မျက်မြင်သက်သေတွေက ပြောပါတယ်။

ပေါက်ကွဲမှုကြောင့်ထိခိုက်ဒဏ်ရာရသူ ထောင်ဝန်ထမ်းနဲ့ အရပ်သား ၁၈ ယောက်ရှိတယ်လို့လည်း စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ပါတယ်။

အင်းစိန်ထောင်မှာ ပေါက်ကွဲမှုဖြစ်ပွားအပြီး ထောင်တွင်းတရားခွင် တချို့စစ်ဆေးမှုတွေ ပိတ်လိုက်သလို လုံခြုံရေးတင်းတင်းကြပ်ကြပ် စစ်ဆေးတာတွေ လုပ်နေတယ်လို့လည်း ကိုယ်တိုင်တွေ့ခဲ့ရတဲ့ ရှေ့နေတဦးက ဗွီအိုအေကိုပြောပါတယ်။

“အခုကတော့ တရားရုံးတွေလည်း မလာကြဘူး။ ဆရာတို့လည်း သက်သေပြန်လွှတ်လိုက်ပြီ။ ဆရာတို့လည်းမသွားတော့ဘူး။ ဒီနေ့တရက်ကတော့ အဲလိုပဲ နားလိုက်မှရမှာ။ ဒီ အခြေအနေတွေက ဘာမှန်းမသိဘူး။ ဝင်ပြီးသားတွေကလည်း ပြန်ထွက်လို့မရဘူး။ စစ်ဆေးနေတော့လေ။ ...မပြောနိုင်သေးဘူး အဲဒါတော့ တရားရုံးတွေနဲ့ ညှိရအုံးမှာပေါ့။ တရားရုံးတွေကရုံးထိုင်မလား၊ အပြင်မှာပဲ ချိန်းပြီးတော့ အမိန့်တွေဘာတွေ ချမလားပေါ့။”

အကျဉ်းထောင်မှာ ထိမ်းသိမ်းခံနေရတဲ့ ဗကသ ကျောင်းသားခေါင်းဆောင်ဟောင်းတဦးဖြစ်တဲ့ ကိုလင်းထက်နိုင်ရဲ့မိခင်၊ ၅၄ နှစ်အရွယ် ဒေါ်ကြီးမြင့်ကတော့ သားအတွက် ပါဆယ်ထုတ်ပေးဖို့ အင်းစိန်ထောင်ကို သွားရောက်ချိန် အဲဒီ့ ပေါက်ကွဲမှုအတွင်း သေဆုံးခဲ့တာပါ။

ပေါက်ကွဲမှုဖြစ်စဉ်နဲ့ပတ်သတ်လို့ ရန်ကုန်မြို့ပြ ပြောက်ကျားအဖွဲ့တခုဖြစ်တဲ့ Special Task Agency of Burma လို့အမည်ပေးထားတဲ့အဖွဲ့ရဲ့ တယ်လီဂရမ်မှာ သူတို့လက်ချက်ဖြစ်ကြောင်း ထုတ်ပြန်ထားပါတယ်။

ဒီထုတ်ပြန်ချက်နဲ့ ဒီအဖွဲ့ တကယ် ရှိမရှိ၊ တကယ် လုပ်ဆောင်ခဲ့တာဟုတ်မဟုတ် ဆိုတာ ဗွီအိုအေဘက်က သီးခြား အတည်မပြုနိုင်ပါဘူး။ စစ်ကောင်စီဘက်ကတော့ အကြမ်းဖက်သမားတွေရဲ့ တိုက်ခိုက်မှုလို့သုံးနှုန်းပြီး သတင်းထုတ်ပြန်ပေမယ့် ဘယ် အဖွဲ့အစည်းဆိုတာကိုတော့ တိတိကျကျ ပြောဆိုမထားပါဘူး။

ဒီဖောက်ခွဲမှုနဲ့ပတ်သက်လို့ စစ်ကောင်စီစနစ်တိုက်ဖျက်ရေး အထွေထွေသပိတ်ကော်မတီအပါအဝင် တခြား စစ်ကောင်စီကို တော်လှန်နေတဲ့အဖွဲ့တော်တော်များများ ကတော့ ရှုတ်ချတဲ့ ကြေညာချက်တွေ ထုတ်ပြန်ထားပါတယ်။

XS
SM
MD
LG