ပြီးခဲ့တဲ့ မေလ ၃ ရက်နေ့ဟာ ကမ္ဘာ့စာနယ်ဇင်း လွတ်လပ်ခွင့်နေ့ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ၂၀၁၁ ဧပြီ သမ္မတ ဦးသိန်းစိန် ဦးဆောင်တဲ့ အစိုးရ အဖွဲ့သစ် တာဝန်ယူပြီးနောက်ပိုင်း ၂၀၁၂ ခုနှစ်၊ သြဂုတ်လမှာ နာမည်ဆိုးနဲ့ကျော်ကြားတဲ့ စာပေစိစစ်ရေးစနစ် ဖျက်သိမ်းပေးပါတယ်။ ၂၀၁၃ ဧပြီမှာ နေ့စဉ် သတင်းစာ ထုတ်ဝေခွင့်ပြုပါတယ်။ ခုလို စာနယ်ဇင်း လွတ်လပ်ခွင့်ပေးလိုက်တဲ့အတွက် နိုင်ငံတကာရဲ့ ချီးကျူးမှုကိုလည်း ခံရပါတယ်။ ခုဆိုရင် အစိုးရ ပြန်ကြားရေးဝန်ကြီးဌာနက ရေးဆွဲတဲ့ ပုံနှိပ်/ထုတ်ေ၀ ဥပဒေနဲ့ ယာယီ စာနယ်ဇင်းကောင်စီကရေးဆွဲတဲ့ သတင်းမီဒီယာဥပဒေ နှစ်ခု အတည်ပြုပြီးပါပြီ။ နည်းဥပဒေတော့ မထွက်သေးပါဘူး။ မြန်မာနိုင်ငံမှာ သတင်းမီဒီယာ လွတ်လပ်ခွင့် ဘယ်လောက် ရပြီလဲ၊ ဘာတွေထပ်ပြီး ကြိုးစားဖို့ လိုနေသေးလဲဆိုတာ ဒီတစ်ပတ် ဆွေးနွေးတင်ပြသွားပါ့မယ်။
ဦးစည်သူအောင်မြင့်။ ။ သတင်းမီဒီယာ လွတ်လပ်ခွင့်လို့ ပြောလိုက်တာနဲ့ ရုပ်/သံ၊ ရေဒီယိုနဲ့ စာနယ်ဇင်း အားလုံး အကျုံးဝင်ပါတယ်။ မြန်မာနိုင်ငံမှာ သတင်းလွတ်လပ်ခွင့် အတော်လေး ရှိလာပြီလို့ နိုင်ငံတကာက ချီးကျူးနေတဲ့တိုင် ရုပ်/သံ ထုတ်လွှင့်ခွင့်နဲ့ ရေဒီယိုထုတ်လွှင့်ခွင့် နှစ်ခုကိုတော့ အစိုးရက ရာနှုန်းပြည့် ထိန်းချုပ်ထားဆဲ ဖြစ်ပါတယ်။ ရုပ်/သံ ထုတ်လွှင့်ခွင့်လို့ဆိုလိုက်ရင် အစိုးရပိုင်၊ စစ်တပ်ပိုင်နဲ့ ပုဂ္ဂလိက တစ်ပိုင်းလို့ခေါ်တဲ့ ရွှေသံလွင်ကုမ္ပဏီရဲ့ စကိုင်းနက် နဲ့ MRTV-4 ထုတ်လွှင့်နေတဲ့ ဖော်အဲဗား ဂရုဖ် တို့ပဲ ရှိပါတယ်။ ခုလို ရုပ်/သံထုတ်လွှင့်တဲ့လုပ်ငန်းကို အစိုးရနဲ့နီးစပ်တဲ့ စီးပွားရေးသမားနှစ်ယောက်ကိုပဲ လုပ်ကိုင်ခွင့် ပြုထားတဲ့အတွက် ရုပ်/သံလောက သတင်းလွတ်လပ်ခွင့် လုံး၀ ဆိတ်သုဉ်းနေပါတယ်။ ဒါ့အပြင် နိုင်ငံတကာက ရုပ်/သံနဲ့ ပတ်သက်လို့ ပေးတဲ့အကူအညီ၊ အထောက်အပံ့တွေကိုလည်း အစိုးရမီဒီယာနဲ့ အဲဒီ ခရိုနီ ရုပ်/သံ ကုမ္ပဏီတွေကပဲ ခွဲဝေရရှိနေကြပါတယ်။ ဒါတင်မက မြန်မာနိုင်ငံအတွင်း ရုပ်/သံ ထုတ်လွှင့်ချင်တဲ့ နိုင်ငံခြား ရုပ်/သံသတင်းဌာနတွေဟာလည်း အဲဒီ ကုမ္ပဏီ နှစ်ခုနဲ့ပဲ ပူးပေါင်းလုပ်ကိုင်ကြရပါတယ်။ အခြား ရွေးချယ်ပိုင်ခွင့် မရှိပါဘူး။
အင်ကြင်းနိုင်။ ။ ရေဒီယို ထုတ်လွှင့်ခွင့်လည်း ဒီလိုပါပဲ။ အစိုးရပိုင်၊ စစ်တပ်ပိုင်နဲ့ ခရိုနီ (၆) ယောက်ပိုင် အသံလွှင့်ဌာနတွေပဲ ရှိပါတယ်။ ရုပ်/သံနဲ့ ရေဒီယို ထုတ်လွှင့်ခွင့် ပုဂ္ဂလိကကို ဘာကြောင့် လုပ်ခွင့်မပြုရသလဲ မေးရင် အစိုးရဘက်က ဥပဒေမရှိသေးဘူးဆိုတဲ့ အကြောင်းပြချက် ပေးတတ်ကြပါတယ်။ ခုဆိုရင် ပြန်ကြားရေး ဝန်ကြီးဌာနဟာ ရုပ်/သံနဲ့ ရေဒီယို ထုတ်လွှင့်ခွင့် ဥပဒေကြမ်း လွှတ်တော်ကို တင်ထားပြီးပါပြီ။ လွှတ်တော်က ဆွေးနွေး၊ အတည်ပြုပြီး သမ္မတဘက်က ကန့်ကွက်ဖို့မရှိရင် ဥပဒေ ဖြစ်လာပါမယ်။ နောက်တဆင့် ပြန်ကြားရေး ဝန်ကြီးဌာနက နည်းဥပဒေ ပြဌာန်းပြီးမှသာ ဥပဒေ အသက်ဝင် ပုဂ္ဂလိကတွေ လုပ်ခွင့်ရမှာပါ။ ဒီအတွက် ရုပ်/သံနဲ့ ရေဒီယိုလုပ်ငန်း ပုဂ္ဂလိက လုပ်ခွင့်ရဖို့ ဆိုတာဟာ ၂၀၁၅ ခုနှစ်အထိ ရောက်သွားနိုင်ပြီး တော်ရုံနဲ့လည်း လုပ်ငန်းတွေ ထူထောင် လည်ပတ်နိုင်ကြဦးမှာ မဟုတ်သေးပါဘူး။ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲ မတိုင်ခင်ကာလ အစိုးရ၊ စစ်တပ်နဲ့ အစိုးရကိုလိုလားတဲ့ ခရိုနီတွေလက်ထဲမှာပဲ အင်အားကြီး ရုပ်/သံနဲ့ ရေဒီယို မီဒီယာတွေ ရှိနေခြင်းဟာ ရွေးကောက်ပွဲကို မမျှမတ ဖြစ်စေနိုင်ပါတယ်။
ဦးစည်သူအောင်မြင့်။ ။ သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်း ရေးသားဖော်ပြခွင့်ကတော့ ဘာပဲပြောပြော လွတ်လပ်ခွင့် ရခဲ့ပါပြီ။ ဒါပေမယ့် လွယ်လွယ်ရခဲ့တာတော့ မဟုတ်ပါဘူး။ ပြန်ကြားရေးဝန်ကြီးဌာနက သူ့ဖာသာသူ ဖြေလျော့ပေးခဲ့တာလည်း မဟုတ်ပါဘူး။ ၂၀၁၁၊ ၁၂ နှစ်နှစ်တာ ကာလပတ်လုံး စာနယ်ဇင်း သမားတွေ တွန်းတွန်းတိုက်တိုက် တိုက်ပွဲဝင်ခဲ့လို့ ရလာတဲ့ အသီးအပွင့်တွေ ဖြစ်ပါတယ်။ ခုဆိုရင် သတင်းလွတ်လပ်ခွင့်ကို တစ်စုံတရာ အာမခံနိုင်မယ့် ဥပဒေနှစ်ခု အတည်ပြုပြီး ဖြစ်ပါတယ်။ ဒါပေမယ့် နည်းဥပဒေ ပြဌာန်းနိုင်ခြင်း မရှိသေးတော့ ဘယ်လောက် အတိုင်းအတာ အထိ အာမခံချက် ရှိမလဲ- စိတ်မချရသေးပါဘူး။ ခုကိုပဲ ပြန်ကြားရေး ဝန်ကြီးဌာနဟာ ထုတ်ဝေဖို့ တင်ပြထားတဲ့ သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်း လိုင်စင်တွေနဲ့ ပတ်သက်ပြီး နည်းဥပဒေ မရှိသေးလို့ ဆိုတဲ့ အကြောင်းပြချက်နဲ့ ရပ်ဆိုင်းထားပါသေးတယ်။
ခုတလော ကျယ်ကျယ်လောင်လောင် ပြောဆိုနေကြတဲ့ ပြဿနာတစ်ခုက စာနယ်ဇင်း လွတ်လပ်ခွင့် ရပြီးနောက်မှ ဖြစ်ပေါ်လာတဲ့ အလဲဗင်းမီဒီယာ သတင်းထောက် မခိုင်နဲ့ ဒီဗွီဘီသတင်းထောက် ကိုဇော်ဖေတို့ ထောင်ချခံရမှု၊ ယူနတီ သတင်းဂျာနယ် CEO နဲ့ သတင်းထောက်တွေ နိုင်ငံတော်လျှို့ဝှက်ချက်ဥပဒေနဲ့ တရားစွဲဆိုခံရမှုတွေ ဖြစ်ပါတယ်။ ဒါနဲ့ပတ်သက်ပြီး ပြည်တွင်းက စာနယ်ဇင်းသမားတွေနဲ့ ပြည်ပသတင်းမီဒီယာ အဖွဲ့အစည်းတွေရဲ့ ကန့်ကွက်မှု ရှိခဲ့ပါတယ်။ ဒီ ပြဿနာနဲ့ပတ်သက်ရင် အစိုးရရဲ့ မတရားဖိနှိပ်မှုကို ကန့်ကွက်ရမှာဖြစ်သလို ကိုယ့် သတင်းမီဒီယာသမားတွေဘက်က ချို့ယွင်းချက်တွေ ရှိခဲ့ရင်လည်း သင်ခန်းစာယူ ပြုပြင်တာ၊ သတင်းမီဒီယာသမားတွေ အရည်အချင်း မြှင့်တင်တာမျိုးတွေ လုပ်ဖို့လည်း လိုအပ်နေပါတယ်။ ဒါမှသာ ကျန်နေသေးတဲ့ သတင်းမီဒီယာ လွတ်လပ်ခွင့် တိုက်ပွဲအတွက် မျက်ခြေ ပြတ်မသွားမှာ ဖြစ်ပါတယ်။
အင်ကြင်းနိုင်။ ။ နောက်ထပ် ကျန်နေသေးတဲ့ ပြဿနာက အစိုးရ ပြန်ကြားရေး ဝန်ကြီးဌာနအောက်က ရုပ်/သံ၊ ရေဒီယို နဲ့ စာနယ်ဇင်း လုပ်ငန်းတွေ အားလုံးကို Public Services Media ဆိုပြီး အသွင်ပြောင်းမယ့် ကိစ္စပါ။ တကယ်တော့ ပြန်ကြားရေးဝန်ကြီးဌာန အောက်က အဲဒီ မီဒီယာ လုပ်ငန်းကြီး တစ်ခုလုံးကို အထက်ကနေအောက်အထိ စစ်ဗိုလ်ဟောင်းတွေနဲ့ စနစ်တကျ ဖွဲ့စည်းထားတာပါ။ အစိုးရဟာ စစ်အာဏာရှင် စနစ်ကနေ ဒီမိုကရေစီ စနစ်ဆီ ကူးပြောင်းမယ် ပြောနေပေမယ့် စစ်ဗိုလ်ဟောင်းတွေနဲ့ ဖွဲ့စည်းထားတဲ့ ဒီ မီဒီယာ လုပ်ငန်းကြီးတစ်ခုလုံးကို ပုဂ္ဂလိကပိုင်ပြောင်းတာ၊ လျှော့ချတာမလုပ်ဘဲ ခေါင်းစဉ်တစ်ခုနဲ့ ဆက်ပြီး ထိန်းချုပ်သွားဖို့ ကြံစည်နေပါတယ်။ အဲဒီအထဲကမှ သတင်းမီဒီယာသမားတွေ အထူးဝေဖန်နေတာ သတင်းစာ ထုတ်ဝေတဲ့ လုပ်ငန်းပါ။ နိုင်ငံတကာမှာ Public Services Broadcasting PSB လို့ခေါ်တဲ့ အများပြည်သူ ဝန်ဆောင်မှု ရုပ်/သံလွှင့် လုပ်ငန်းဆိုတာပဲ ရှိပါတယ်။ သတင်းစာကို အဲဒီ ခေါင်းစဉ်အောက်မှာ ထားလေ့ မရှိကြပါဘူး။ ဒါကြောင့် အစိုးရရဲ့ မီဒီယာလုပ်ငန်းတွေ အများပြည်သူဝန်ဆောင်မှု ခေါင်းစဉ်အောက် ကူးပြောင်းတဲ့အခါ သတင်းစာလုပ်ငန်းကို ခွင့်မပြုဖို့ အလေးအနက် ကန့်ကွက်ကြရပါဦးမယ်။
ဦးစည်သူအောင်မြင့်။ ။ အားလုံးခြုံငုံသုံးသပ်လိုက်ရင် မြန်မာနိုင်ငံမှာ ရုပ်/သံမီဒီယာနဲ့ ရေဒီယို အသံလွှင့် လုပ်ငန်းတွေ လုံး၀ လွတ်လပ်ခွင့် မရှိသေးပါဘူး။ စာနယ်ဇင်း လွတ်လပ်ခွင့်နဲ့ ပတ်သက်ရင်တော့ လွတ်လပ်စွာ ရေးသား ဖော်ပြခွင့် ရနေပေမယ့် ထုတ်ဝေခွင့်နဲ့ ပါတ်သက်ပြီး နည်းဥပဒေ မထွက်သေးတာမို့ စိတ်မချရသေးပါဘူး။ အလားတူ သတင်းရယူခွင့်နဲ့ ပတ်သက်တာ၊ သတင်းသမား အခွင့်အရေးနဲ့ ပတ်သက်တာတွေကိုလည်း ဥပဒေပါ အခွင့်အရေး မရကြသေးပါဘူး။ ဒီအတွက် မမေ့မလျော့ ဆက်ပြီး တောင်းဆို တိုက်ပွဲဝင်ကြရဦးမှာ ဖြစ်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။