တောင်နဲ့ မြောက် ကိုရီးယား ပူးတွဲစက်မှုဇုန် ပြန်ပြီးဖွင့်လှစ်ဖို့ နှစ်နိုင်ငံ ပူးတွဲကော်မတီရဲ့ ပထမအကြိမ် ဆွေးနွေးပွဲကို တနင်္လာနေ့က ကျင်းပပါတယ်။ ကိုရီးယား နှစ်နိုင်ငံကြား စစ်ရေးနဲ့ သံတမန်ရေး တင်းမာမှုတွေ မြင့်တက်လာတာကြောင့် ဒီစက်မှုဇုန်ရဲ့ လုပ်ငန်းတွေကို ၅ လကြာ ရပ်ထားခဲ့ရတာပါ။
စက်မှုဇုန်ရဲ့ အနာဂတ်အရေး ဆွေးနွေးဖို့ တောင်ကိုရီးယား ကိုယ်စားလှယ်အဖွဲ့ဟာ ကိုရီးယား နှစ်နိုင်ငံနယ်စပ်က Kaesong ကို ထွက်ခွာသွားပြီ ဖြစ်ပါတယ်။ အဲဒီနေရာဟာ စက်မှုဇုန်လုပ်ငန်းတွေကို အကောင်အထည် ဖော်နေတာဖြစ်ပြီး ဧပြီလမှာ Pyongyang ဘက်က မြောက်ကိုရီးယား အလုပ်သမားတွေကို ပြန်ပြီး ခေါ်ယူလိုက်တာကြောင့် လုပ်ငန်းတွေ ရပ်ဆိုင်းခဲ့ရတာပါ။
အခုတော့ ဒီစက်မှုဇုန်မှာ လုပ်ငန်းတွေ ပြန်စဖို့ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့မှာ နှစ်ဘက် သဘောတူညီမှု ရထားပြီး ဖြစ်ပါတယ်။ အဲ့ဒီသဘောတူညီချက်တွေထဲ နောက်ပိုင်းမှာ စက်မှုဇုန်ကို ပိတ်ပစ်တဲ့အရေး ကာကွယ်ဖို့နဲ့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေအတွက် Kaesong ကို လမ်းဖွင့်ပေးဖို့ ပါဝင်ပါတယ်။