သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီဂျစ်ရွေးကောက်ပွဲ ရှေ့နှစ်ဆန်းကျင်းပမည်


အီဂျစ်နိုင်ငံမှာ ရှေ့နှစ်အစောပိုင်းကျရင် လွှတ်တော် ရွေးကောက်ပွဲတွေနဲ့အတူ နောက်ဆက်တွဲ သမ္မတ ရွေးကောက်ပွဲတွေ ကျင်းပသွားဖို့ အီဂျစ် ကြားဖြတ်သမ္မတက အချိန် သတ်မှတ်လိုက်ပါတယ်။

တနင်္လာနေ့မှာ ထုတ်ပြန်တဲ့ ဒီအမိန့်မှာ သမ္မတ Adly Mansour က နိုင်ငံရဲ့ ဖွဲ့စည်းပုံကို ပြင်ဆင်နိုင်ဖို့အတွက် လာမယ့် ၅ လအတွင်း လူထုဆန္ဒခံယူပွဲတရပ် ကျင်းပသွားမယ်လို့ ဆိုပါတယ်။ အဲဒီနောက် ၂ လအတွင်းမှာ လွှတ်တော်ရွေးကောက်ပွဲတွေ ကျင်းသွားမှာဖြစ်ပြီး သမ္မတရွေးကောက်ပွဲ ကျင်းပမယ့်ရက်ကိုတော့ လွှတ်တော်သစ ဖွဲ့စည်းပြီးချိန်ကျရင် ကြေညာမယ်လို့ ဆိုပါတယ်။

သမ္မတ မိုဟာမတ် မော်စီကို ရာထူးကနေ နှုတ်ထွက်ပေးဖို့ တောင်းဆိုဆန္ဒပြပွဲတွေ ဖြစ်ခဲ့ပြီးတဲ့နောက် ပြီးခဲ့တဲ့သီတင်းပတ်ထဲ အီဂျစ်စစ်တပ်က အာဏာသိမ်းခဲ့ပြီး အစ္စလာမ်ဝါဒီတွေ ရေးဆွဲထားတဲ့ ဖွဲ့စည်းပုံမူကြမ်းကိုလည်း ရပ်ဆိုင်းလိုက်ပါတယ်။

အီဂျစ်နိုင်ငံ ကိုင်ရိုမြို့တော်မှာ ရာထူးကနေ ဖယ်ရှားခံခဲ့ရတဲ့ သမ္မတ မိုဟာမတ် မော်စီကို ထောက်ခံသူတွေနဲ့ စစ်တပ်အကြား ထိပ်တိုက်ရင်ဆိုင်မှုတွေအတွင်း တနင်္လာနေ့က လူ ၅၁ ယောက် သေဆုံးခဲ့ရပြီးတဲ့နောက် ဒီကနေ့ အင်္ဂါနေ့မှာ ဆန္ဒပြပွဲတွေ ထပ်လုပ်သွားဖို့ မူဆလင်ညီအစ်ကိုတော်များအဖွဲ့က တောင်းဆိုလိုက်ပါတယ်။
XS
SM
MD
LG