သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ဖိလစ္ပိုင္ႏိုင္ငံ သမၼတ ဒူတာေတးရဲ႕ လူသားမ်ိးႏြယ္အေပၚက်ဴးလြန္မႈ ICC လက္ခံစစ္ေဆးမည္


International Criminal Court

ဖိလစ္ပိုင္ႏိုင္ငံမွာ သမတ ဒူတာေတးရဲ႕ မူးယစ္ေဆးဝါးႏွိမ္နင္းမႈ အစီစဥ္ေၾကာင့္ လူအမ်ားျပားအသတ္ခံခဲ့ရတဲ့အတြက္ လူသားေတြကိုဆန္႕က်င္တဲ့ရာဇ၀တ္မႈ Crime against humanity အျဖစ္ တရား၀င္စုံစမ္းစစ္ေဆးမႈေတြလုပ္ဖို႔ ႏိုင္ငံတကာရာဇ၀တ္မႈခံု႐ုံး ICC ရဲ႕ တရားသူႀကီးေတြက ဗုဒၶဟူးေန႔မွာ အတည္ျပဳလက္ခံလိုက္ပါတယ္။

တရားလိုေတြဘက္ကတင္ျပထားတဲ့ သက္ေသခံအေထာက္အထားေတြကို တရားသူႀကီးေတြကၾကည့္ရႈစစ္ေဆးရာမွာ သမၼတ ဒူတာေတးရဲ႕ မူးယစ္ေဆးဝါးႏွိမ္နင္းမႈအစီအစဥ္ဟာ ဥပေဒနဲ႕အညီလုပ္ေဆာင္ခဲ့တဲ့ တရားဥပေဒစိုးမိုးေရးလုပ္ေဆာင္ခ်က္တခုအျဖစ္ ယူဆလို႔မရေၾကာင္း တရားသူေတြက ဆုံးျဖတ္ခဲ့ပါတယ္။ ဒီလုပ္ရပ္ဟာ အရပ္သားျပည္သူေတြကို စနစ္တက် တိုက္ခိုက္ခဲ့မႈတခုသာျဖစ္တယ္လို႔ဆိုပါတယ္။

ဒူတာေတးဟာ အၾကမ္းဖက္မႈကိုလႈံေဆာ္ခဲ့ၿပီး၊ ရဲ ေတြဟာ မူးယစ္ေဆးဝါးကိစၥနဲ႕သံသယရွိတဲ့ လက္ႏွက္မဲ့ျပည္သူေတြကို အမ်ားအျပား သတ္ျဖတ္ခဲ့တယ္လို႔ လူ႔အခြင့္အေရးအဖဲြ႕ေတြက စြပ္စဲြထားပါတယ္။

ဖိလစ္ပိုင္ရဲေတြကေတာ့ ဒီစြပ္စဲြခ်က္ေတြကို ျငင္းဆိုထားၿပီး၊ ဒူတာေတးကလည္း ရဲ ေတြကို ကိုယ့္ကိုယ္ကိုခုခံကာကြယ္ဖို႔ အတြက္သာ ပစ္သတ္ဖို႔အမိန္႕ေပးထားတယ္လို႔ေျပာဆိုပါတယ္။ ဗုဒၶဟူးေန႔က ICC ရဲ႕ဆုံးျဖတ္ခ်က္နဲ႕ပတ္သက္ၿပီး ဖိလစ္ပိုင္အစိုးရရဲ တုန္႕ျပန္မႈကိုေတာ့ မသိရေသးပါဘူး။

ဒူတာေတးအစိုးရဟာ ICC ႏိုင္ငံတကာခုံ႐ုံးကေန ႏႈတ္ထြက္ခဲ့ပါတယ္။ ဒါေပမယ့္ ၂၁၆ ခုႏွစ္ကေန ၂၀၁၉ ခုႏွစ္အထိ အဖဲြ႕၀င္ျဖစ္ေနခဲ့တဲ့ အတြက္ အဲဒိကာလေတြနဲ႕ပတ္သက္ၿပီး အၾကဳံး၀င္ေနပါတယ္။

------------------------

ဖိလစ်ပိုင်နိုင်ငံ သမ္မတ ဒူတာတေးရဲ့ လူသားမျိးနွယ်အပေါ်ကျူးလွန်မှု ICC လက်ခံစစ်ဆေးမည်

ဖိလစ်ပိုင်နိုင်ငံမှာ သမတ ဒူတာတေးရဲ့ မူးယစ်ဆေးဝါးနှိမ်နင်းမှု အစီစဉ်ကြောင့် လူအများပြားအသတ်ခံခဲ့ရတဲ့အတွက် လူသားတွေကိုဆန့်ကျင်တဲ့ရာဇဝတ်မှု Crime against humanity အဖြစ် တရားဝင်စုံစမ်းစစ်ဆေးမှုတွေလုပ်ဖို့ နိုင်ငံတကာရာဇဝတ်မှုခံုရုံး ICC ရဲ့ တရားသူကြီးတွေက ဗုဒ္ဓဟူးနေ့မှာ အတည်ပြုလက်ခံလိုက်ပါတယ်။

တရားလိုတွေဘက်ကတင်ပြထားတဲ့ သက်သေခံအထောက်အထားတွေကို တရားသူကြီးတွေကကြည့်ရှုစစ်ဆေးရာမှာ သမၼတ ဒူတာတေးရဲ့ မူးယစ်ဆေးဝါးနှိမ်နင်းမှုအစီအစဉ်ဟာ ဥပဒေနဲ့အညီလုပ်ဆောင်ခဲ့တဲ့ တရားဥပဒေစိုးမိုးရေးလုပ်ဆောင်ချက်တခုအဖြစ် ယူဆလို့မရကြောင်း တရားသူတွေက ဆုံးဖြတ်ခဲ့ပါတယ်။ ဒီလုပ်ရပ်ဟာ အရပ်သားပြည်သူတွေကို စနစ်တကျ တိုက်ခိုက်ခဲ့မှုတခုသာဖြစ်တယ်လို့ဆိုပါတယ်။

ဒူတာတေးဟာ အကြမ်းဖက်မှုကိုလှုံဆော်ခဲ့ပြီး၊ ရဲ တွေဟာ မူးယစ်ဆေးဝါးကိစ္စနဲ့သံသယရှိတဲ့ လက်နှက်မဲ့ပြည်သူတွေကို အများအပြား သတ်ဖြတ်ခဲ့တယ်လို့ လူ့အခွင့်အရေးအဖွဲ့တွေက စွပ်စွဲထားပါတယ်။

ဖိလစ်ပိုင်ရဲတွေကတော့ ဒီစွပ်စွဲချက်တွေကို ငြင်းဆိုထားပြီး၊ ဒူတာတေးကလည်း ရဲ တွေကို ကိုယ့်ကိုယ်ကိုခုခံကာကွယ်ဖို့ အတွက်သာ ပစ်သတ်ဖို့အမိန့်ပေးထားတယ်လို့ပြောဆိုပါတယ်။ ဗုဒ္ဓဟူးနေ့က ICC ရဲ့ဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီး ဖိလစ်ပိုင်အစိုးရရဲ တုန့်ပြန်မှုကိုတော့ မသိရသေးပါဘူး။

ဒူတာတေးအစိုးရဟာ ICC နိုင်ငံတကာခုံရုံးကနေ နှုတ်ထွက်ခဲ့ပါတယ်။ ဒါပေမယ့် ၂၁၆ ခုနှစ်ကနေ ၂၀၁၉ ခုနှစ်အထိ အဖွဲ့ဝင်ဖြစ်နေခဲ့တဲ့ အတွက် အဲဒိကာလတွေနဲ့ပတ်သက်ပြီး အကြုံးဝင်နေပါတယ်။

XS
SM
MD
LG